ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၄ စာ. ၆
  • ၃ ဇွဲရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃ ဇွဲရှိပါ
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားရေးရာ ပန်းတိုင်တွေဆီ သင် အရောက်လှမ်းနိုင်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အကျင့်စရိုက်သည် သင့်ကိုကောင်းကျိုးပြုပါစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ
    နိုးလော့!—၂၀၁၆
  • ပန်းတိုင်သို့ ချီတက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၄ စာ. ၆
အမျိုးသမီးတစ်ယောက် ပြက္ခဒိန်မှာ မှတ်သားနေ

မျက်နှာဖုံးအကြောင်းအရာ | အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ

၃ ဇွဲရှိပါ

အမှတ်အသားတွေနဲ့ ပြည့်နေတဲ့ ပြက္ခဒိန်

အကျင့်တစ်ခုစွဲမြဲဖို့ ၂၁ ရက်ကြာတယ်လို့ ပညာရှင်တစ်ယောက် ပြောတယ်။ လေ့လာမှုတွေအရတော့ ပြောင်းလဲမှုကြီးတွေလုပ်ဖို့ တချို့အတွက် အဲဒီလောက်မကြာပေမဲ့ တချို့ကျတော့ ဒီထက်မကပိုကြာတယ်။ ဒါက သင့်ကို စိတ်ဓာတ်ကျသွားစေသလား။

ဒီအခြေအနေကို စဉ်းစားကြည့်ပါ– တစ်ပတ်မှာ သုံးရက် လေ့ကျင့်ခန်းလုပ်တဲ့အကျင့် ရှိချင်တယ် ဆိုပါစို့။

  • ပထမအပတ်မှာ ပန်းတိုင်ပြည့်မီတယ်။

  • ဒုတိယအပတ်မှာ တစ်ရက်ပျက်သွားတယ်။

  • တတိယအပတ်မှာ ပန်းတိုင်အတိုင်း ပြန်လုပ်နိုင်တယ်။

  • စတုတ္ထအပတ်မှာ တစ်ကြိမ်လောက်ပဲ လုပ်နိုင်တယ်။

  • ငါးပတ်မြောက်မှာ ပန်းတိုင်ပြည့်မီတယ်။ အဲဒီနောက်ပိုင်းမှာ အပတ်တိုင်း လုပ်သွားနိုင်ပြီ။

ဒီအခြေအနေမှာ အကျင့်တစ်ခုစွဲဖို့ ငါးပတ်ကြာတယ်။ အချိန်ကြာတယ်လို့ ထင်ရပေမဲ့ ပန်းတိုင်ပြည့်မီသွားပြီဆိုတာနဲ့ အကျင့်ကောင်းတစ်ခု ပျိုးထောင်နိုင်လို့ သင် ပျော်ရွှင်ပါလိမ့်မယ်။

ကျမ်းစာအကြံပြုချက်– ‘ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။’—သုတ္တံ ၂၄:၁၆၊ ကဘ။

ကျမ်းစာက ဇွဲရှိဖို့ အားပေးတယ်။ ဘယ်နှကြိမ်လဲတယ်ဆိုတာထက် ဘယ်နှကြိမ် ပြန်ထသလဲဆိုတာက ပိုအရေးကြီးတယ်။

ဘယ်နှကြိမ်လဲတယ်ဆိုတာထက် ဘယ်နှကြိမ် ပြန်ထသလဲဆိုတာက ပိုအရေးကြီးတယ်

လုပ်ဆောင်နိုင်ရာ

  • တစ်ကြိမ်ပျက်ကွက်ရုံနဲ့ လက်မလျှော့လိုက်ပါနဲ့။ ပန်းတိုင်ရောက်ဖို့ ကြိုးစားနေချိန်မှာ အခက်အခဲတွေ ရှိမယ်ဆိုတာ မျှော်လင့်ထားပါ။

  • အောင်မြင်သွားတဲ့ အချိန်တွေကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ ကလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့ပုံစံ တိုးတက်အောင် ကြိုးစားနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ကလေးတွေကို အော်ငေါက်ချင်စိတ်ပေါ်ပေမဲ့ ချုပ်တည်းနိုင်ခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကလဲ။ မအော်ငေါက်ဘဲ ဘယ်လို ပြောခဲ့သလဲ။ နောက်ပိုင်းလည်း အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။’ အဲဒီမေးခွန်းတွေက ပျက်ကွက်ခဲ့တာတွေကို စဉ်းစားမနေစေဘဲ ဆက်တိုးတက်ဖို့ အားပေးမှုဖြစ်စေပါတယ်။

ဘဝစိုးရိမ်ပူပန်မှုတွေ ဖြေရှင်းနိုင်ပုံ၊ ပျော်ရွှင်သာယာတဲ့မိသားစု တည်ဆောက်နိုင်ပုံ၊ စစ်မှန်တဲ့ပျော်ရွှင်မှု ရှာတွေ့နိုင်ပုံ စတဲ့အကြောင်းအရာတွေအတွက် သမ္မာကျမ်းစာ အကြံပြုချက်တွေကိုရော သိချင်ပါသလား။ ယေဟောဝါသက်သေတစ်ယောက်နဲ့ ဆက်သွယ်ပါ ဒါမှမဟုတ် jw.org/mya ကို ဝင်ကြည့်ပါ။

သက်ဆိုင်တဲ့ ကျမ်းစာအကြံပြုချက်များ

‘ရှေ့တည့်တည့်ကိုပဲ စူးစိုက်ကြည့်ပါ။’—သုတ္တံ ၄:၂၅၊ ကဘ။

‘နောက်၌ကျန်ရစ်သောအရာများကို မေ့ထားပြီး ရှေ့၌ရှိသောအရာကို လက်လှမ်းရန် ပန်းတိုင်သို့ ပြေးနေ၏။’—ဖိလိပ္ပိ ၃:၁၃၊ ၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ