ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၂ စာ. ၁၀-၁၁
  • တာဝန်ယူတတ်သူ ဖြစ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တာဝန်ယူတတ်သူ ဖြစ်နိုင်ပုံ
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တာဝန်ယူတတ်ခြင်းမှာ ဘာပါဝင်သလဲ
  • တာဝန်ယူတတ်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ
  • တာဝန်ယူတတ်အောင် သင်ပေးနိုင်ပုံ
  • အိမ်မှုကိစ္စလုပ်ခြင်း အရေးပါပုံ
    နိုးလော့!—၂၀၁၇
  • လက်လွှတ်လိုက်ရန် သင်ယူခြင်း
    နိုးလော့!—၁၉၉၉
  • ၈ စံနမူနာ
    နိုးလော့!—၂၀၁၈
  • သားသမီးလေ့ကျင့်ရေးတွင် သမ္မာကျမ်းစာ ကူညီပေးနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၂ စာ. ၁၀-၁၁
ဖခင်က သားငယ်ကို အပင် ရေလောင်းတတ်အောင် သင်ပေးနေစဉ်

သင်ခန်းစာ ၄

တာဝန်ယူတတ်သူ ဖြစ်နိုင်ပုံ

တာဝန်ယူတတ်ခြင်းမှာ ဘာပါဝင်သလဲ

တာဝန်ယူတတ်သူတွေဟာ ယုံကြည်စိတ်ချထိုက်သူတွေ ဖြစ်ကြတယ်။ ပေးအပ်တဲ့ တာဝန်တွေကို အချိန်မီ ပြီးမြောက်အောင် လုပ်တတ်ကြတယ်။

ကလေးငယ်တွေတောင် အစွမ်းအစ အနည်းငယ်ပဲ ရှိပေမဲ့ တာဝန်ယူတတ်အောင် သင်ယူနိုင်ကြတယ်။ “ကလေးဟာ ၁၅ လသားအရွယ်မှာ ပူးပေါင်းလုပ်ဆောင်တတ်လာတယ်။ ဆယ့်ရှစ်လသားအရွယ်မှာ ပူးပေါင်းချင်စိတ် များလာတယ်။ ယဉ်ကျေးမှုများစွာမှာ ငါးနှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးတွေရဲ့ အကူအညီကို မိဘတွေ ရယူတတ်ကြတယ်။ ဒီအရွယ်ကလေးတွေဟာ အိမ်မှုကိစ္စများစွာမှာ ကူညီတတ်ကြတယ်” လို့ Parenting Without Borders စာအုပ်မှာ ဖော်ပြထားတယ်။

တာဝန်ယူတတ်ခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ

အိမ်ခွဲထွက်ပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်ချင်တဲ့လူငယ်တွေဟာ ငွေကြေး ခက်ခဲတဲ့အခါ မိဘတွေဆီ ပြန်လာတတ်ကြတယ်။ ငွေကြေး စီမံခန့်ခွဲပုံ၊ အိုးအိမ် ထိန်းသိမ်းစောင့်ရှောက်ပုံ၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ပုံတို့ကို မိဘတွေ မသင်ပေးထားလို့ ဖြစ်တတ်တယ်။

ဒါကြောင့် လူကြီးဘဝတာဝန်တွေကို ယူတတ်ဖို့ သင့်ကလေးတွေကို လေ့ကျင့်ပေးထားတာ အကောင်းဆုံးပါပဲ။ “ဆယ့်ရှစ်နှစ်လုံးလုံး မှီခိုသူဘဝနဲ့ နေခိုင်းပြီး တကယ့်လောကမှာ လွှတ်လိုက်တာမျိုး ဖြစ်ချင်မှာ မဟုတ်ဘူး” လို့ How to Raise an Adult စာအုပ်က ဆိုတယ်။

တာဝန်ယူတတ်အောင် သင်ပေးနိုင်ပုံ

အိမ်မှုကိစ္စတွေ လုပ်ခိုင်းပါ။

ကျမ်းစာ အခြေခံမူ။ “ကြိုးစားပမ်းစား လုပ်တဲ့အလုပ် မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃။

ကလေးတွေဟာ မိဘတွေကို ဝိုင်းကူပေးချင်ကြတယ်။ ဒါကြောင့် အိမ်အလုပ်တွေ တာဝန်ပေးလို့ရတယ်။

မိဘတချို့က သားသမီးတွေကို မခိုင်းချင်ကြဘူး။ ကျောင်းနေအရွယ်မို့ အိမ်စာတွေ ပိနေလို့ ထပ်မခိုင်းချင်ကြဘူး။

ဒါပေမဲ့ အိမ်မှုကိစ္စတွေ လုပ်ဆောင်တဲ့ကလေးတွေဟာ ကျောင်းမှာ ပိုထူးချွန်တတ်ကြတယ်။ အိမ်မှုကိစ္စတွေက တာဝန်ယူတတ်ဖို့၊ တာဝန်တွေကို ပြီးအောင်လုပ်တတ်ဖို့ သင်ပေးတယ်။ ဒီ့ပြင် “ကလေးတွေ ငယ်ရွယ်ချိန်မှာ ဝိုင်းကူမခိုင်းရင် သူတစ်ပါးကို ကူညီပေးခြင်းက အရေးမကြီးဘူးလို့ ယူဆသွားစေတယ်။ . . . သူတို့အတွက် တခြားသူတွေ လုပ်ပေးမယ်လို့ မျှော်လင့်တတ်လာကြတယ်” လို့ Parenting Without Borders စာအုပ်မှာ ဖော်ပြထားတယ်။

အထက်ပါကိုးကားချက်အရ အိမ်မှုကိစ္စလုပ်ခြင်းက အများအကျိုး သယ်ပိုးတတ်သူတွေ၊ ပေးကမ်းတတ်သူတွေ ဖြစ်အောင် လေ့ကျင့်ပေးတယ်။ မိသားစုမှာ အရေးကြီးတဲ့နေရာ ရထားတယ်၊ တာဝန်ရှိတယ်လို့ သဘောပေါက်စေတယ်။

ကိုယ့်အမှားတွေအတွက် တာဝန်ယူတတ်အောင် သားသမီးတွေကို ကူညီပေးပါ။

ကျမ်းစာ အခြေခံမူ။ “အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။ ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်။”—ပညာအလိမ္မာ ၁၉:၂၀။

သားသမီးတွေ အမှားလုပ်မိတဲ့အခါ၊ (ဥပမာ၊ သူတစ်ပါး ပိုင်ဆိုင်ရာကို မတော်တဆ ဖျက်ဆီးမိတဲ့အခါ) ဖုံးဖိပေးဖို့ မကြိုးစားပါနဲ့။ တောင်းပန်ခြင်း၊ ပြန်လျော်ပေးခြင်းအားဖြင့် အကျိုးဆက်ကို ကလေးတွေ ခံယူနိုင်ပါတယ်။

အမှားတွေ၊ ရှုံးနိမ့်မှုတွေကို တာဝန်ယူရမယ်ဆိုတာ သဘောပေါက်ရင် သင့်ကလေးတွေကို

  • ရိုးသားဖို့၊ အမှားဝန်ခံတတ်အောင် ကူညီပေးမယ်

  • တခြားသူတွေကို အပြစ်မဖို့အောင် ကူညီပေးမယ်

  • ဆင်ခြေမပေးတတ်အောင် ကူညီပေးမယ်

  • လိုအပ်တဲ့အခါ တောင်းပန်တတ်အောင် ကူညီပေးမယ်

ဖခင်က သားငယ်ကို အပင် ရေလောင်းတတ်အောင် သင်ပေးနေစဉ်

အခုပဲ လေ့ကျင့်ပေးပါ

တာဝန်ယူတတ်အောင် သင်ပေးထားတဲ့ ကလေးတွေဟာ လူကြီးဘဝမှာ ပိုမိုစီမံခန့်ခွဲတတ်ကြမယ်

စံနမူနာပြပြီး သင်ပေးပါ

  • ငါဟာ အလုပ်ကြိုးစားသူ၊ စည်းစနစ်ကျသူ၊ အချိန်မှန်သူလား။

  • အိမ်အလုပ်တွေ လုပ်နေတာကို ငါ့ကလေးတွေ မြင်ကြသလား။

  • ကိုယ့်အမှားတွေကို ဝန်ခံတတ်သလား။ လိုအပ်ရင် တောင်းပန်တတ်သလား။

မိဘတချို့ လုပ်ဆောင်ခဲ့ရာ . . .

“ညနေစာ ချက်ပြုတ်နေရင် ကလေးတွေ ဝိုင်းကူချက်ပြုတ်တတ်ကြတယ်။ အဝတ်ခေါက်ရင်လည်း ဝိုင်းခေါက်ကြတယ်။ သန့်ရှင်းရေး လုပ်ရင်လည်း ဝိုင်းလုပ်ကြတယ်။ သူတို့အတွက် ပျော်စရာ ဖြစ်လာတယ်။ ကျွန်မနဲ့အတူ ဝိုင်းလုပ်တာကို ပျော်ကြတယ်။ ဒီနည်းနဲ့ တာဝန်ယူတတ်သူတွေ ဖြစ်အောင် သင်ယူကြတယ်။”—လော်ရာ။

“တစ်ခေါက် သူငယ်ချင်းအပေါ် ရိုင်းစိုင်းမိတဲ့အတွက် သားလေးကို တောင်းပန်ခိုင်းတယ်။ မှန်ပေမဲ့ မပြောသင့်တာ ပြောမိလို့ မကြာခဏ တောင်းပန်ရတယ်။ အခုတော့ အမှားလုပ်မိတဲ့အခါ တောင်းပန်တတ်လာပြီ။”—ဒယ်ဘရာ။

မှားယွင်းမှုတွေရဲ့ အကျိုးဆက်များ

“ကလေးတွေ မှားတတ်ကြတယ်။ အမှားကနေ ကလေးတွေ သင်ယူကြမယ်ဆိုတာကို မိဘတွေ မှတ်ထားဖို့ အရေးကြီးတယ်။ နှစ်တိုင်း ‘အတော်ဆုံး’ ကျောင်းသူ/သားတွေ အပျော်ဆုံး၊ အအောင်မြင်ဆုံး ကျောင်းသူ/သားတွေဟာ ရှုံးနိမ့်ဖူးတဲ့သူတွေ၊ အမှားအတွက် တာဝန်ယူတတ်သူတွေ၊ အမှားတွေကို အကောင်းဆုံး ရင်ဆိုင်တတ်သူတွေ ဖြစ်ကြတယ်” လို့ Atlantic မဂ္ဂဇင်းမှာ ဆရာမ ဂျက်စီကာ လာဟေး ရေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ