သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၂၊ ဧပြီ ၃၀ ရက်မှာ စတင်မယ့် အပတ်အတွင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့ အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်ကျောင်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ ယေရမိကျမ်းက ကျွန်ုပ်တို့အတွက် ဘာကြောင့်အကျိုးရှိသလဲ။ [မတ် ၅၊ bsi02-1 စ. ၁၃ ပိုဒ်. ၃၆]
၂။ ယနေ့ ကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်မှုကနေ ယေဟောဝါ ဘယ်လိုကယ်တင်နိုင်သလဲ။ (ယေ. ၁:၈) [မတ် ၅၊ က၀၅ ၁၂/၁၅ စ. ၂၃ ပိုဒ်. ၁၈]
၃။ စွမ်းအားတော်ဖွားတွေက ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ “ရှေးလမ်းဟောင်း” တွေဆီ ပြန်လှည့်လာခဲ့ကြသလဲ။ (ယေ. ၆:၁၆) [မတ် ၁၂၊ က၀၅ ၁၁/၁ စ. ၂၄ ပိုဒ်. ၁၂]
၄။ ယနေ့အချိန်မှာ “ဂိလဒ်ပြည်မှ ဗော်လ်ဆမ်ဆီမွှေး” ရှိတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။ (ယေ. ၈:၂၂) [မတ် ၁၉၊ က၁၀ ၆/၁ စ. ၂၂ ပိုဒ်. ၃–စ. ၂၃ ပိုဒ်. ၄]
၅။ ယေဟောဝါက တရားစီရင်မယ်ဆိုတဲ့သတင်း ကြေညာပြီးတဲ့နောက် ဘယ်လိုနည်းအားဖြင့် “နောင်တ” ရသလဲ။ (ယေ. ၁၈:၇၊ ၈) [ဧပြီ ၂၊ jr-E စ. ၁၅၁၊ လေးထောင့်ကွက်]
၆။ ယေဟောဝါက ယေရမိကို ဘယ်လိုသွေးဆောင် [လှည့်စား၊ ကဘ] ခဲ့သလဲ၊ ဒီကနေ ဘာသင်ခန်းစာ သင်ယူနိုင်မလဲ။ (ယေ. ၂၀:၇) [ဧပြီ ၂၊ jr-E စ. ၃၆ ပိုဒ်. ၈]
၇။ အစ္စရေးလူမျိုးရဲ့ ရန်သူတွေကို ဘယ်လိုသဘောမျိုးနဲ့ သန့်ရှင်းမြင့်မြတ်စေခဲ့သလဲ။ (ယေ. ၂၂:၆-၉၊ ကဘ) [ဧပြီ ၉၊ it-2-E စ. ၁၁၆၆ ပိုဒ်. ၈]
၈။ ယေဟောဝါက ကိုယ်တော့်ရဲ့ ရှေးခေတ်ကျေးကျွန်တွေကို “ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏” ဆိုပြီး ဘာကြောင့် မှန်ကန်စွာပြောနိုင်ခဲ့တာလဲ။ (ယေ. ၃၁:၃) [ဧပြီ ၂၃၊ jr-E စ. ၁၄၂-၁၄၅ ပိုဒ်. ၈-၁၁]
၉။ ယေဟောဝါရဲ့ပညတ်တရားကို နှလုံးပေါ်မှာ ဘယ်လိုရေးထားနိုင်သလဲ။ (ယေ. ၃၁:၃၃) [ဧပြီ ၂၃၊ က၀၇ ၃/၁၅ စ. ၁၁ ပိုဒ်. ၂]
၁၀။ လုပ်ငန်းကိစ္စတစ်ခုအတွက် စာချုပ်နှစ်စုံထားတာက ဘာကြောင့်လဲ။ (ယေ. ၃၂:၁၀-၁၅) [ဧပြီ ၃၀၊ က၀၇ ၃/၁၅ စ. ၁၁ ပိုဒ်. ၃]