အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်လို့ သင် ထင်သလဲ
ကမ္ဘာ့အခြေအနေတွေက . . .
- ဒီအတိုင်း ဆက်ရှိနေမလား။ 
- ဒီထက်ပိုဆိုးလာမလား။ 
- ဒီထက်ပိုကောင်းလာမလား။ 
ကျမ်းစာအဆို
“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄၊ ကမ္ဘာသစ် ဘာသာပြန်ကျမ်း။
အထက်ပါကျမ်းစာအဆိုကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
အဓိပ္ပာယ်ရှိပြီး အားရကျေနပ်စေတဲ့အလုပ်။ —ဟေရှာယ ၆၅:၂၁-၂၃။
ဖျားနာမှု၊ ဆင်းရဲဒုက္ခအားလုံး ပပျောက်။ —ဟေရှာယ ၂၅:၈။ ၃၃:၂၄။
မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ထာဝစဉ်နေထိုင်ရမယ့်ဘဝ။—ဆာလံ ၃၇:၁၁၊ ၂၉။
ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား
စိတ်ချနိုင်တဲ့အကြောင်းရင်း အနည်းဆုံး နှစ်ခု ရှိပါတယ်–
- ဘုရားသခင်ဟာ ကတိအတိုင်း ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့အရှင် ဖြစ်ပါတယ်။ အတိုင်းအဆမဲ့တန်ခိုးရှိတဲ့အတွက် ယေဟောဝါဘုရားသခင် တစ်ပါးတည်းကိုပဲ “အနန္တတန်ခိုးရှင်” လို့ သမ္မာကျမ်းစာမှာ ခေါ်ဆိုထားတယ်။ (ဗျာဒိတ် ၁၅:၃) ဒါကြောင့် ကမ္ဘာ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲပေးမယ်ဆိုတဲ့ ကတိအတိုင်း ကိုယ်တော် ပြုလုပ်ပေးနိုင်ပါတယ်။ “ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—မဿဲ ၁၉:၂၆။ 
- ဘုရားသခင်ဟာ ကတိပေးထားတဲ့အတိုင်း ပြုလုပ်ပေးချင်တဲ့အရှင်ဖြစ်ပါတယ်။ ဥပမာ၊ ဘုရားသခင်ဟာ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးချင်စိတ် ပြင်းပြပါတယ်။—ယောဘ ၁၄:၁၄၊ ၁၅။ - ဘုရားသခင့်သားတော် ယေရှု ကမ္ဘာပေါ်မှာရှိတုန်းက ဖျားနာတဲ့သူတွေကို ကျန်းမာစေခဲ့တယ်လို့လည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဘာကြောင့် ကျန်းမာစေခဲ့တာလဲ။ ဖျားနာမှုတွေကို ပျောက်ကင်းစေချင်လို့ပါပဲ။ (မာကု ၁:၄၀၊ ၄၁) ယေရှုဟာ ခမည်းတော်လိုပဲ လူတွေကိုကူညီပေးချင်တဲ့ဆန္ဒရှိတယ်။—ယောဟန် ၁၄:၉။ - ဒါကြောင့် ယေဟောဝါဘုရားသခင်နဲ့ ယေရှုဟာ ကျွန်တော်တို့ကို ပျော်ရွှင်တဲ့ အနာဂတ် ပိုင်ဆိုင်စေချင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—ဆာလံ ၇၂:၁၂-၁၄။ ၁၄၅:၁၆။ ၂ ပေတရု ၃:၉။ 
စဉ်းစားကြည့်ပါ
ကမ္ဘာ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ဘုရားသခင် ဘယ်လိုပြုပြင်ပြောင်းလဲပေးမှာလဲ။
အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို မဿဲ ၆:၉၊ ၁၀ နဲ့ ဒံယေလ ၂:၄၄၊ ၄၅ တို့မှာ ဖတ်ကြည့်ပါ။