သေလွန်သူတွေ အသက်ပြန်ရှင်လာ နိုင်မလား
ဘယ်လို ထင်သလဲ
- ပြန်ရှင်မယ်။ 
- ပြန်မရှင်ဘူး။ 
- ပြန်ရှင်ကောင်း ရှင်နိုင်တယ်။ 
ကျမ်းစာအဆို
‘ရှင်ပြန်ထမြောက်လာကြမယ်။” —တမန်တော် ၂၄:၁၅၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
ချစ်မြတ်နိုးရတဲ့သူတွေ သေဆုံးသွားပေမဲ့ နှစ်သိမ့်မှု။ —၂ ကောရိန္သု ၁:၃၊ ၄။
သေခြင်းတရားကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်မှု။ —ဟီဘရူး ၂:၁၅။
သေဆုံးသွားတဲ့ ချစ်မြတ်နိုးရသူတွေနဲ့ ပြန်လည် ဆုံစည်းခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်။—ယောဟန် ၅:၂၈၊ ၂၉။
ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား
စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး သုံးခု ရှိပါတယ်–
- ဘုရားသခင်ဟာ အသက်ကို ဖန်ဆင်းတဲ့ အရှင် ဖြစ်တယ်။ ဘုရားသခင်ဟာ “လူ အားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက်ကို ပေးတဲ့အရှင်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (တမန်တော် ၁၇: ၂၄၊ ၂၅။ ဆာလံ ၃၆:၉) သက်ရှိအားလုံးကို အသက်ပေးတဲ့အရှင်ဟာ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် သေချာပေါက် လုပ်ပေးနိုင်ပါတယ်။ 
- ဘုရားသခင်က အတိတ်က လူတချို့ကို အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့တယ်။ အသက်ပြန်ရှင်လာတဲ့ လူရှစ်ယောက်အကြောင်း သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပါတယ်။ သူတို့ထဲမှာ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမအားလုံး ပါဝင်တယ်။ တချို့ကျတော့ သေပြီး ခဏအကြာ မှာ အသက်ပြန်ရှင်လာကြတယ်။ တစ်ယောက် ကတော့ သင်္ချိုင်းဂူထဲမှာ လေးရက်ကြာပြီးမှ ပြန်ရှင်လာတယ်။—ယောဟန် ၁၁:၃၉-၄၄။ 
- ဘုရားသခင်က အနာဂတ်မှာလည်း သေလွန်သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးချင်တယ်။ ယေဟောဝါဘုရားက သေခြင်းကို မုန်းပြီး ရန်သူတစ်ယောက်လို ရှုမြင်ပါတယ်။ (၁ ကောရိန္သု ၁၅:၂၆) သေလွန်သူတွေကို ပြန်ရှင်လာစေခြင်းအားဖြင့် သေခြင်းဆိုတဲ့ ရန်သူကို ဖျက်ဆီးလိုက်ဖို့ ဆန္ဒရှိပါတယ်။ မိမိရဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့ သေလွန်သူတွေကို အသက်ပြန်ရှင်စေပြီး မြေကြီးပေါ်မှာ ပြန်နေထိုင်စေလိုပါတယ်။—ယောဘ ၁၄:၁၄၊ ၁၅။ 
စဉ်းစားကြည့်ပါ
ကျွန်တော်တို့ ဘာကြောင့် အိုမင်းလာပြီး သေဆုံးရသလဲ။
အဲဒီမေးခွန်းအတွက် သမ္မာကျမ်းစာအဖြေကို ကမ္ဘာဦး ၃:၁၇-၁၉ နဲ့ ရောမ ၅:၁၂ တို့မှာ ဖတ်ကြည့်ပါ။