ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
ဘယ်လို ထင်သလဲ
- အဆုံးတိုင်မယ်။ 
- အဆုံးတိုင်မှာ မဟုတ်ဘူး။ 
- အဆုံးတိုင်ကောင်း တိုင်လိမ့်မယ်။ 
ကျမ်းစာအဆို
“ဘုရားသခင်က သူတို့ရဲ့မျက်ရည်ရှိသမျှကို သုတ်ပေး လိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။” —ဗျာဒိတ် ၂၁:၃၊ ၄၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာ မဟုတ်ဘူးဆိုတဲ့ အာမခံချက်။—ယာကုပ် ၁:၁၃။
ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ဘယ်လိုခံစားနေရတယ်ဆိုတာ ဘုရားသခင် သိမြင်တယ်ဆိုတဲ့ အသိကနေ ခံစားရတဲ့ နှစ်သိမ့်မှု။—ဇာခရိ ၂:၈။
ဆင်းရဲဒုက္ခအားလုံး အဆုံးတိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်။ —ဆာလံ ၃၇:၉-၁၁။
ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား
စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး နှစ်ခု ရှိပါတယ်–
- ဘုရားသခင်ဟာ ဆင်းရဲဒုက္ခတွေနဲ့ မတရားမှုတွေကို မုန်းတီးတယ်။ ကျမ်းစာခေတ်က ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေ မညှာမတာ ဖိနှိပ်ဆက်ဆံခံရတဲ့အခါ ဘုရားသခင် ဘယ်လိုခံစားခဲ့ရတယ် ဆိုတာကို သုံးသပ်ကြည့်ပါ။ သူတို့ “မတရား ဆက်ဆံ” ခံရတဲ့အတွက် ဘုရားသခင် စိတ်ထိခိုက်ခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—တရားသူကြီး ၂:၁၈။ - တခြားသူတွေ ဒုက္ခရောက်အောင် ပြုလုပ်တဲ့သူတွေကို ဘုရားသခင် အလွန်မုန်းတီးတယ်။ ဥပမာ၊ “အပြစ်မဲ့သူကို သတ်တဲ့လက်” ကို ဘုရားသခင် ရွံရှာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ —ပညာအလိမ္မာ ၆:၁၆၊ ၁၇။ 
- ဘုရားသခင်က ကျွန်တော်တို့ တစ်ယောက်ချင်းစီကို ဂရုစိုက်တယ်။ လူသားတွေပဲ “ကိုယ့်စိတ်ဒုက္ခဝေဒနာကို” သိတာ မဟုတ်ဘဲ ယေဟောဝါဘုရား လည်း သိပါတယ်။—၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀။ - ယေဟောဝါဘုရားဟာ မိမိရဲ့နိုင်ငံတော်အားဖြင့် လူတစ်ယောက်ချင်းစီရဲ့ ဆင်းရဲ ဒုက္ခတွေကို မကြာခင် အဆုံးသတ်ပေးပါတော့မယ်။ (မဿဲ ၆:၉၊ ၁၀) ဒီအတောအတွင်း ဘုရားသခင်ဟာ မိမိကိုစိတ်ရင်းမှန်နဲ့ ရှာဖွေတဲ့သူတွေကို နှစ်သိမ့်ပေးနေပါတယ်။—တမန်တော် ၁၇:၂၇။ ၂ ကောရိန္သု ၁:၃၊ ၄။ 
စဉ်းစားကြည့်ပါ
ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့် ပြုတာလဲ။
အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ရောမ ၅:၁၂ နဲ့ ၂ ပေတရု ၃:၉ တို့မှာ ဖတ်ကြည့်ပါ။