သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လို ရရှိနိုင်သလဲ
ဘယ်လို ထင်သလဲ
- မေတ္တာနဲ့လား။ 
- ငွေကြေးနဲ့လား။ 
- တခြားအရာတစ်ခုခုနဲ့လား။ 
ကျမ်းစာအဆို
“ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်ရှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်။” —လုကာ ၁၁:၂၈၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
စစ်မှန်တဲ့မေတ္တာကို ရှာတွေ့နိုင်။ —ဧဖက် ၅:၂၈၊ ၂၉။
ရိုသေလေးစားမှု ရရှိနိုင်။—ဧဖက် ၅:၃၃။
စည်းလုံးမှု ရရှိနိုင်။—မာကု ၁၀:၆-၉။
ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား
စိတ်ချနိုင်တဲ့အကြောင်းရင်း အနည်းဆုံး နှစ်ခု ရှိပါတယ်–
- ဘုရားသခင်ဟာ မိသားစုဘဝကို အစပြုပေးတဲ့အရှင် ဖြစ်ပါတယ်။ ကနဦးလူသားမောင်နှံကို ဘုရားသခင် အိမ်ထောင်ချပေးပြီး ပေါင်းစည်းပေးခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၂:၁၈-၂၄) တစ်နည်းအားဖြင့် ပြောရရင် မိသားစုအစီအစဉ်ဟာ ယေဟောဝါဘုရားကြောင့် ဖြစ်ပေါ်လာတာပါ။ မိသားစုဘဝကို အစပြုတဲ့အရှင်က ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုဖို့ ဘာကြောင့် အရေးကြီးသလဲ။ - ဒီအချက်ကို သုံးသပ်ကြည့်ပါ– အရသာရှိတဲ့ ဟင်းတစ်ခွက် စားပြီးတဲ့နောက် အဲဒီဟင်းထဲမှာ ဘာတွေထည့်ချက်ထားသလဲဆိုတာကို သိချင်ရင် ဘယ်သူ့ကို မေးမလဲ။ အဲဒီဟင်းချက်တဲ့သူကို မေးမယ် မဟုတ်ဘူးလား။ - အဲဒီလိုပါပဲ၊ မိသားစုဘဝကို သာယာ ချမ်းမြေ့စေတဲ့ အချက်တွေကို သိချင်ရင် မိသားစုဘဝကို အစပြုပေးခဲ့တဲ့ ယေဟောဝါဘုရားကို မေးရပါမယ်။ 
- ဘုရားသခင်က သင့်ကို ဂရုစိုက်တယ်။ မိသားစုဝင်တွေဟာ သမ္မာကျမ်းစာကနေတစ်ဆင့် ဖော်ပြထားတဲ့ ယေဟောဝါဘုရားရဲ့ အကြံပြုချက်တွေကို ကြိုးစားလိုက်လျှောက်မယ်ဆိုရင် ပညာရှိရာရောက်ပါလိမ့်မယ်။ ဘာကြောင့်လဲ။ “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့” ပါပဲ။ (၁ ပေတရု ၅:၆၊ ၇) ယေဟောဝါဘုရားဟာ သင့်အကျိုးကို လိုလားတယ်။ ဒါကြောင့် ဘုရားရဲ့ သွန်သင်ချက်ဟာ ကျွန်တော်တို့အတွက် အမြဲအကျိုးရှိပါတယ်။—ပညာအလိမ္မာ ၃:၅၊ ၆။ ဟေရှာယ ၄၈:၁၇၊ ၁၈။ 
စဉ်းစားကြည့်ပါ
ခင်ပွန်းကောင်း၊ ဇနီးကောင်း၊ မိဘကောင်း ဘယ်လို ဖြစ်နိုင်သလဲ။
အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ဧဖက် ၅:၁၊ ၂ နဲ့ ကောလောသဲ ၃:၁၈-၂၁ တို့မှာ ဖတ်ကြည့်ပါ။