ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ကောရိန္သု ၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ကောရိန္သု မာတိကာ

      • ကောရိန္သုမြို့သားများ စိတ်အလိုနောက် လိုက်နေဆဲ (၁-၄)

      • အပင်ကို ကြီးထွားစေတာ ဘုရားသခင် (၅-၉)

        • ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ (၉)

      • မီးဒဏ်ခံနိုင်တဲ့ပစ္စည်းတွေနဲ့ တည်ဆောက် (၁၀-၁၅)

      • ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော်ပဲ (၁၆၊ ၁၇)

      • လောကရဲ့ဉာဏ်ပညာဟာ ဘုရားရှေ့မှာ မိုက်မဲတဲ့အရာပဲ (၁၈-၂၃)

၁ ကောရိန္သု ၃:၁

ကျမ်းညွှန်းများ

  • +၁က ၂:၁၅; ကော ၁:၉
  • +၁က ၁၄:၂၀

၁ ကောရိန္သု ၃:၂

ကျမ်းညွှန်းများ

  • +ဟီ ၅:၁၂-၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁/၁၉၉၆၊ စာ. ၂၉

၁ ကောရိန္သု ၃:၃

ကျမ်းညွှန်းများ

  • +ရ ၈:၇၊ ၈
  • +ဂ ၅:၁၉၊ ၂၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁/၁၉၉၁၊ စာ. ၂၀

၁ ကောရိန္သု ၃:၄

ကျမ်းညွှန်းများ

  • +တ ၁၈:၂၄၊ ၂၅

၁ ကောရိန္သု ၃:၅

ကျမ်းညွှန်းများ

  • +၂က ၃:၅၊ ၆; ကော ၁:၂၃; ၁တိ ၁:၁၂

၁ ကောရိန္သု ၃:၆

ကျမ်းညွှန်းများ

  • +တ ၁၈:၄
  • +တ ၁၈:၂၆-၂၈; ၁၉:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၇/၂၀၂၁၊ စာ. ၃

    ကင်းမျှော်စင်၊

    ၇/၁၅/၁၉၉၉၊ စာ. ၁၂

    ၁၀/၁/၁၉၉၆၊ စာ. ၂၂

    ၃/၁/၁၉၉၃၊ စာ. ၂၀-၂၃

    နိုင်ငံတော်ဓမ္မအမှု၊

    ၈/၁၉၉၁၊ စာ. ၆-၈

၁ ကောရိန္သု ၃:၇

ကျမ်းညွှန်းများ

  • +ရ ၉:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၈၊ စာ. ၁၂၊ ၁၆

    ၃/၁/၁၉၉၃၊ စာ. ၂၀-၂၃

၁ ကောရိန္သု ၃:၈

ကျမ်းညွှန်းများ

  • +ရ ၂:၆; ၁က ၄:၅; ဗ ၂၂:၁၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၅/၂၀၁၈၊ စာ. ၁၅

    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ၊ စာ. ၉၂

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၈၊ စာ. ၁၃-၁၄

    သုံးပါးပေါင်းတစ်ဆူ၊ စာ. ၂၄

၁ ကောရိန္သု ၃:၉

ကျမ်းညွှန်းများ

  • +ဧ ၂:၂၂; ၁ပေ ၂:၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    “ကျွန်တော့်နောက်လိုက် လုပ်ပါ”၊ စာ. ၁၃၂

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၇/၂၀၂၁၊ စာ. ၃

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၂၁

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၈/၂၀၁၈၊ စာ. ၂၃

    ကင်းမျှော်စင်၊

    ၁၁/၁၅/၂၀၁၂၊ စာ. ၁၆-၁၇

    ၇/၁၅/၁၉၉၉၊ စာ. ၁၂

    ၁၁/၁/၁၉၉၈၊ စာ. ၈

    ၃/၁/၁၉၉၃၊ စာ. ၂၁

၁ ကောရိန္သု ၃:၁၀

ကျမ်းညွှန်းများ

  • +ရ ၁၅:၂၀; ဟီ ၆:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၁၉၉၉၊ စာ. ၁၃

    ၁၁/၁/၁၉၉၈၊ စာ. ၈-၁၀၊ ၁၄-၁၅

၁ ကောရိန္သု ၃:၁၁

ကျမ်းညွှန်းများ

  • +ဆ ၁၁၈:၂၂; ရှာ ၂၈:၁၆; မ ၂၁:၄၂; ဧ ၂:၂၀; ၁ပေ ၂:၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၁၉၉၉၊ စာ. ၁၃-၁၄

    ၁၁/၁/၁၉၉၈၊ စာ. ၉-၁၀

    ၇/၁/၁၉၉၁၊ စာ. ၂၄-၂၅

၁ ကောရိန္သု ၃:၁၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၁၉၉၉၊ စာ. ၁၂-၁၃

    ၁၁/၁/၁၉၉၈၊ စာ. ၁၀-၁၃

    ၇/၁/၁၉၉၁၊ စာ. ၂၆

    မိသားစုပျော်ရွှင်မှု၊ စာ. ၅၅

၁ ကောရိန္သု ၃:၁၃

ကျမ်းညွှန်းများ

  • +၁ပေ ၄:၁၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၁၉၉၉၊ စာ. ၁၂-၁၃

    ၁၂/၁၅/၁၉၉၈၊ စာ. ၃၀

    ၁၁/၁/၁၉၉၈၊ စာ. ၁၀-၁၁

    ၇/၁/၁၉၉၁၊ စာ. ၂၇

၁ ကောရိန္သု ၃:၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁/၁၉၉၈၊ စာ. ၁၁-၁၂

    ၇/၁/၁၉၉၁၊ စာ. ၂၇-၂၈

၁ ကောရိန္သု ၃:၁၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁/၁၉၉၈၊ စာ. ၁၁-၁၃

    ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာ. ၇၉

၁ ကောရိန္သု ၃:၁၆

ကျမ်းညွှန်းများ

  • +၂က ၆:၁၆; ဧ ၂:၂၁; ၁ပေ ၂:၅
  • +၁က ၆:၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ဗျာဒိတ်ကျမ်းအထွတ်အထိပ်၊ စာ. ၂၉

၁ ကောရိန္သု ၃:၁၇

ကျမ်းညွှန်းများ

  • +၁ပေ ၂:၅

၁ ကောရိန္သု ၃:၁၈

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁၅/၁၉၉၂၊ စာ. ၂၄

၁ ကောရိန္သု ၃:၁၉

ကျမ်းညွှန်းများ

  • +ယဘ ၅:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ၊ ဆောင်းပါး ၅

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၅/၂၀၁၉၊ စာ. ၂၁-၂၅

၁ ကောရိန္သု ၃:၂၀

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ က၅ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဆ ၉၄:၁၁

၁ ကောရိန္သု ၃:၂၂

အောက်ခြေမှတ်ချက်များ

  • *

    ပေတရု။

ကျမ်းညွှန်းများ

  • +၁က ၁:၁၂

၁ ကောရိန္သု ၃:၂၃

ကျမ်းညွှန်းများ

  • +ယဟ ၁၇:၉; ၂က ၁၀:၇

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ကော. ၃:၁၁က ၂:၁၅; ကော ၁:၉
၁ ကော. ၃:၁၁က ၁၄:၂၀
၁ ကော. ၃:၂ဟီ ၅:၁၂-၁၄
၁ ကော. ၃:၃ရ ၈:၇၊ ၈
၁ ကော. ၃:၃ဂ ၅:၁၉၊ ၂၀
၁ ကော. ၃:၄တ ၁၈:၂၄၊ ၂၅
၁ ကော. ၃:၅၂က ၃:၅၊ ၆; ကော ၁:၂၃; ၁တိ ၁:၁၂
၁ ကော. ၃:၆တ ၁၈:၄
၁ ကော. ၃:၆တ ၁၈:၂၆-၂၈; ၁၉:၁
၁ ကော. ၃:၇ရ ၉:၁၆
၁ ကော. ၃:၈ရ ၂:၆; ၁က ၄:၅; ဗ ၂၂:၁၂
၁ ကော. ၃:၉ဧ ၂:၂၂; ၁ပေ ၂:၅
၁ ကော. ၃:၁၀ရ ၁၅:၂၀; ဟီ ၆:၁
၁ ကော. ၃:၁၁ဆ ၁၁၈:၂၂; ရှာ ၂၈:၁၆; မ ၂၁:၄၂; ဧ ၂:၂၀; ၁ပေ ၂:၆
၁ ကော. ၃:၁၃၁ပေ ၄:၁၂
၁ ကော. ၃:၁၆၂က ၆:၁၆; ဧ ၂:၂၁; ၁ပေ ၂:၅
၁ ကော. ၃:၁၆၁က ၆:၁၉
၁ ကော. ၃:၁၇၁ပေ ၂:၅
၁ ကော. ၃:၁၉ယဘ ၅:၁၃
၁ ကော. ၃:၂၀ဆ ၉၄:၁၁
၁ ကော. ၃:၂၂၁က ၁:၁၂
၁ ကော. ၃:၂၃ယဟ ၁၇:၉; ၂က ၁၀:၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ (bi7) ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ကောရိန္သု ၃:၁-၂၃

၁ ကောရိန္သု

၃ ညီအစ်ကိုတို့၊ ကျွန်တော်က စွမ်းအားတော်ရဲ့  လမ်းပြမှုနောက် လိုက်တဲ့သူတွေကို+ ပြောသလို ခင်ဗျားတို့ကို မပြောနိုင်ဘူး။ စိတ်အလိုလိုက်သူတွေ၊ ခရစ်တော်ရဲ့လမ်းစဉ်မှာ နို့စို့အရွယ်ပဲရှိသေးတဲ့ သူတွေကို+ ပြောသလို ပြောနေရတယ်။ ၂ ခင်ဗျားတို့က မာတဲ့အစာ မစားနိုင်သေးလို့ နို့ကိုပဲ ကျွန်တော် တိုက်ကျွေးခဲ့တာ။ အခုထိ မာတဲ့အစာ မစားနိုင်ကြသေးဘူး။+ ၃ စိတ်အလို လိုက်နေကြတုန်းပဲ။+ ဒါကြောင့်  မနာလိုခြင်း၊  ရန်တွေ့ ခြင်းတွေ ရှိနေတာ။ ဒါဟာ စိတ်အလိုလိုက်နေတာ မဟုတ်လား။+ လောကမှာရှိတဲ့ လူတွေလို ကျင့်ကြံနေတာ မဟုတ်လား။ ၄ တစ်ယောက်က “ငါဟာ ပေါလုရဲ့တပည့်၊”  နောက်တစ်ယောက်က “ငါကတော့ အာပေါလုရဲ့ တပည့်”+ ဆိုပြီး  ပြောနေကြတာဟာ လောကမှာရှိတဲ့ လူတွေလို ကျင့်ကြံနေတာပဲ မဟုတ်လား။

၅ အာပေါလုဆိုတာ ဘယ်သူလဲ။ ပေါလုကရော ဘယ်သူလဲ။ သူတို့ဟာ ဘုရားသခင်ရဲ့ အစေခံတွေပဲ။+ သခင်ပေးအပ်ထားတဲ့   အလုပ်ကို  လုပ်ဆောင်ပြီး ခင်ဗျားတို့ကို ယုံကြည်သူတွေ ဖြစ်လာအောင် ကူညီခဲ့သူတွေပဲ။ ၆ ကျွန်တော်က စိုက်ပျိုးတယ်။+ အာပေါလုက ရေလောင်းတယ်။+ အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။ ၇ စိုက်ပျိုးသူနဲ့ ရေလောင်းသူက အရေးပါတာ မဟုတ်ဘူး။ အပင်ကို ကြီးထွားစေတဲ့ ဘုရားသခင်ကသာ အရေးပါတာပါ။+ ၈ စိုက်ပျိုးသူနဲ့ ရေလောင်းသူရဲ့ ရည်ရွယ်ချက်ဟာ အတူတူပါပဲ။ ဒါပေမဲ့ တစ်ယောက်စီက ကိုယ့်ရဲ့အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်။+ ၉ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေပါ။ ခင်ဗျားတို့ဟာ ဘုရားသခင် ပျိုးထောင်နေတဲ့ စိုက်ခင်းပါ၊ ဘုရားသခင်ရဲ့ အဆောက်အအုံပါ။+

၁၀ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကို ခံစားရတဲ့အတွက် ကျွန်တော်က ဗိသုကာပညာရှင်လို အုတ်မြစ်ကိုချထားပြီ။+ အဲဒီအုတ်မြစ်ပေါ် တခြားတစ်ယောက်က ထပ်ဆင့်တည်ဆောက်နိုင်တယ်။  ဒါပေမဲ့ ထပ်ဆင့်တည်ဆောက်သူတွေက  မိမိတည်ဆောက်နေပုံကို သတိပြုရမယ်။ ၁၁ ယေရှုခရစ်ဆိုတဲ့ ချထားတဲ့ အုတ်မြစ်ကလွဲလို့ တခြားအုတ်မြစ်ကို ဘယ်သူမှ မချနိုင်ဘူး။+ ၁၂ တစ်ယောက်ယောက်က အဲဒီအုတ်မြစ်ပေါ်မှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတွေနဲ့  ထပ်ဆင့်တည်ဆောက်နိုင်တယ်။ ၁၃ ဒါပေမဲ့ စစ်ဆေးတဲ့နေ့ ရောက်တဲ့အခါ တစ်ယောက်စီရဲ့ တည်ဆောက်ပုံ ထင်ရှားလာမယ်။ ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတာကို  အဲဒီနေ့မှာ မီးက ဖော်ပြမယ်။+ ၁၄ လူတစ်ယောက် ထပ်ဆင့်တည်ဆောက်ထားတာက မီးဒဏ်ခံနိုင်တယ်ဆိုရင် သူ အကျိုးကျေးဇူး ခံစားရမယ်။ ၁၅ သူတည်ဆောက်ထားတာ မီးထဲပါသွားရင်တော့ သူဆုံးရှုံးရမယ်။ သူကိုယ်တိုင်တော့ ကယ်တင်ခံရလိမ့်မယ်။ ကယ်တင်ခံရပေမဲ့ မီးဘေးက လွတ်လာသလိုမျိုး ဖြစ်လိမ့်မယ်။

၁၆ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်နေတာ၊+ ခင်ဗျားတို့ဆီမှာ ဘုရားသခင့် စွမ်းအားတော် ကိန်းဝပ်နေတာ မသိကြဘူးလား။+ ၁၇ ဘုရားသခင်ရဲ့ ဗိမာန်တော်ကို ဖျက်ဆီးရင် အဲဒီလူကို ဘုရားသခင် ဖျက်ဆီးမယ်။ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟာ သန့်ရှင်းမြင့်မြတ်တယ်။ ခင်ဗျားတို့ဟာ အဲဒီဗိမာန်တော်ပဲ။+

၁၈ ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြပါနဲ့။ ဒီလောကစနစ်မှာ* ကိုယ့်ကိုယ်ကိုယ် ပညာရှိသူလို့ ထင်ရင် တကယ်ပညာရှိသူ ဖြစ်နိုင်ဖို့ မိုက်မဲသူ ဖြစ်ရမယ်။ ၁၉ လောကရဲ့ ဉာဏ်ပညာဟာ ဘုရားသခင်ရှေ့မှာ မိုက်မဲတဲ့အရာပဲ။ “ဘုရားသခင်က ပညာရှိသူကို သူ့ပရိယာယ်နဲ့ပဲ ပြန်ကျော့မိစေတယ်” လို့ ကျမ်းစာမှာ ရေးထားတယ်။+ ၂၀ အဲဒီအပြင် “ပညာရှိတွေရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲဆိုတာ ယေဟောဝါ* ဘုရားသိတယ်”+ လို့လည်း ရေးထားတယ်။ ၂၁ ဒါကြောင့် လူ့အစွမ်းအစနဲ့ပတ်သက်ပြီး မဝါကြွားကြပါနဲ့။ အရာခပ်သိမ်းကို ခင်ဗျားတို့ ပိုင်တယ်။ ၂၂ ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖ*+ ဖြစ်စေ၊ လောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ အနာဂတ်အရာဖြစ်စေ အရာခပ်သိမ်းကို ခင်ဗျားတို့ ပိုင်တယ်။ ၂၃ ခင်ဗျားတို့ကို ခရစ်တော် ပိုင်တယ်။+ ခရစ်တော်ကို ဘုရားသခင် ပိုင်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ