ဆာလံ
အပိုင်းလေး
(ဆာလံ ၉၀–၁၀၆)
စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ မောရှေရဲ့ ဆုတောင်းချက်။+
၉၀ အို ယေဟောဝါ၊ ကိုယ်တော်ဟာ နောင်လာနောက်သား အဆက်ဆက် ကျွန်တော်တို့ရဲ့ ခိုနားရာပါ။*+
၂ တောင်တန်းတွေကို မမွေးဖွားခင်၊
ကမ္ဘာကြီးနဲ့ သီးနှံဖြစ်ထွန်းတဲ့ ကမ္ဘာမြေကို မမွေးထုတ်ခင်ကတည်းက+
ကိုယ်တော်ဟာ ထာဝစဉ်ထာဝရ ဘုရားသခင်ပါ။+
၃ ကိုယ်တော်က သေမျိုးဖြစ်တဲ့လူကို မြေမှုန့်ကို ပြန်စေတယ်။
“လူသားတို့၊ မြေမှုန့်ကို ပြန်ကြ”+ လို့ပြောတယ်။
၅ လူတွေကို ကိုယ်တော် ဖယ်ရှားလိုက်တယ်။+ သူတို့ အိပ်မက်လို ပျောက်ကွယ်သွားကြတယ်။
မနက်ခင်းမှာ ပေါက်တဲ့ မြက်စိမ်းတွေလိုပဲ။+
၇ ကျွန်တော်တို့ကို အမျက်တော်က ဝါးမျိုပစ်တယ်။+
အမျက်တော်အရှိန်က ခြောက်လှန့်နေတယ်။
၈ ကျွန်တော်တို့ရဲ့ အမှားတွေကို ရှေ့တော်မှာ ချထားတယ်။+
ဖုံးကွယ်ထားသမျှ မျက်နှာတော်အလင်းကြောင့် ပေါ်လာတယ်။+
၉ အမျက်တော်ကြောင့် ကျွန်တော်တို့ရဲ့နေ့တွေ လျော့နည်းသွားတယ်။
ကျွန်တော်တို့ရဲ့နှစ်တွေဟာ ပင့်သက်တစ်ရှိုက်လို ကုန်ဆုံးသွားတယ်။
၁၀ ကျွန်တော်တို့ရဲ့ သက်တမ်းဟာ အနှစ် ၇၀ ပါပဲ။
သန်မာလှရင်တော့ အနှစ် ၈၀ ပေါ့။+
ဒါပေမဲ့ ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ပဲ ပြည့်နေတယ်။
အဲဒီနှစ်တွေ အကုန်မြန်လွန်းလို့ ကျွန်တော်တို့ ပျောက်လွင့်သွားမှာပဲ။+
၁၁ အမျက်တော်အရှိန်ကို ဘယ်သူ နားလည်နိုင်သလဲ။
အမျက်တော်ဟာ ကိုယ်တော်ရထိုက်တဲ့ ကြောက်ရွံ့ရိုသေခြင်းလောက်ကို ကြီးမားပါတယ်။+
၁၂ အသက်ရှင်ရတဲ့ နေ့ရက်တွေကို ရေတွက်တတ်အောင် သင်ပေးပါ။+
ဒါမှ ဉာဏ်ပညာရှိတဲ့ စိတ်နှလုံးကို ကျွန်တော်တို့ ရယူပိုင်ဆိုင်နိုင်မှာပါ။
၁၃ အို ယေဟောဝါ၊ ပြန်လာပါတော့။+ ဘယ်အချိန်အထိ ပြန်မလာဘဲ နေမှာလဲ။+
ကိုယ်တော့်ကျွန်တွေကို သနားလှည့်ပါ။+
၁၄ နံနက်ခင်းမှာ ခိုင်မြဲတဲ့မေတ္တာပြပြီး စိတ်ကျေနပ်စေပါ။+
ဒါမှ တစ်သက်လုံး ရွှင်လန်းစွာ သီချင်းဆိုပြီး ဝမ်းမြောက်နိုင်ကြမှာပါ။+
၁၆ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်တော့်ကျွန်တွေ မြင်ခွင့်ရပါစေ။
ဘုန်းတန်ခိုးတော်ကို သားမြေးတွေ မြင်ခွင့်ရပါစေ။+
၁၇ ကျွန်တော်တို့အပေါ် ယေဟောဝါဘုရားရဲ့ မျက်နှာသာ သက်ရောက်ပါစေ။
ကျွန်တော်တို့ လုပ်ဆောင်လေသမျှကို အောင်မြင်စေပါ။
ကျွန်တော်တို့ လုပ်ဆောင်လေသမျှကို အောင်မြင်စေပါ။+