ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၁/၈ စာ. ၃-၄
  • နာမ်ဝိညာဉ်ဘုံနှင့် ဆက်သွယ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နာမ်ဝိညာဉ်ဘုံနှင့် ဆက်သွယ်ခြင်း
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နာမ်ဝိညာဉ်လောကသို့ တံခါးများ
  • နာမ်ဝိညာဉ်ဘုံတွင် မည်သူရှိသနည်း
    နိုးလော့!—၁၉၉၇
  • အကြီးအမှူးတစ်ဦး မိမိ၏အနာဂတ်ကိုသုံးသပ်ဆင်ခြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • နာမ်ဝိညာဉ်ဘုံမှ ပုဂ္ဂိုလ်တွေအကြောင်း မေးခွန်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • သေလွန်သူများ ကျွန်ုပ်တို့ကိုမြင်နိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁၁/၈ စာ. ၃-၄

နာမ်ဝိညာဉ်ဘုံနှင့် ဆက်သွယ်ခြင်း

အနောက်အာဖရိကမြို့တစ်မြို့၏ မြို့လယ်ကောင်တွင် ဆေးအဖြူရောင်နှင့် အစိမ်းရောင်သုတ်ထားသော ရှုချင်စဖွယ်ကောင်းသည့် တစ်ထပ်တိုက်လေးတစ်လုံးတည်ရှိသည်။ ဧည့်ခန်းတွင် အတွင်းရေးမှူးနှစ်ဦးသည် လက်နှိပ်စက်ရိုက်လျက်ရှိသည်။ လူများစွာတို့သည် ကုလားထိုင်များပေါ်တွင် ပျင်းတိပျင်းတွဲထိုင်နေကြကာ ဗေဒင်ဆရာ ဘာဗလာဗို ကိုတွေ့ရန်စောင့်နေကြသည်။

ကပ်လျက်ရှိသောရုံးခန်းတွင် ဖက်စ်စက်တင်ထားသော စာရေးစားပွဲနောက်၌ ဘာဗလာဗိုထိုင်နေသည်။ သူသည် ဆံပင်ဖြူဖြူ ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်ပြီး ဈေးကြီးသည့်ပန်းထိုးထည်အဖြူရောင်ဝတ်လုံရှည်ကို ဝတ်ဆင်ထားသည်။ သူက “ကျွန်ုပ်ဖခင်မှာ ဗေဒင်ဆရာဖြစ်သည်။ ထိုအစဉ်အလာအတိုင်း ကျွန်ုပ်မွေးဖွားကြီးပြင်းလာသည်။ ကျွန်ုပ် ငါးနှစ်အရွယ်တွင် ဖခင်ဖြစ်သူဗေဒင်ဟောရာနောက်သို့ တကောက်ကောက်လိုက်တော့သည်။ သူမည်သို့မည်ပုံ ပြုလုပ်သည်ကို ဂရုစိုက်ကြည့်ပြီး ကျွန်ုပ်၏ဘဝနှင့် ခွဲခြား၍မရသည့်အထိ အတုယူလုပ်ကိုင်ခဲ့၏” ဟုပြောသည်။

ဘိုးစဉ်ဘောင်ဆက်ကတည်းက သူ၏အမျိုးများအသုံးပြုခဲ့သည့် သိမ်မွေ့သောဗေဒင်ဟောခြင်းစနစ်ကို အကြမ်းဖျင်းဖော်ပြသည့် သစ်သားကျောက်သင်ပုန်းကြီးကို ဘာဗလာဗိုက လက်ညှိုးထိုးပြသည်။ ထန်းဆံ ၁၆ စေ့ကို ပစ်ပုံပေါ်မူတည်သည့် ထိုနည်းစနစ်သည် အနောက်အာဖရိကတစ်ဝန်းလုံးမက ၎င်း၏ပြင်ပသို့လည်း ပျံ့နှံ့သွားပေပြီ။ “လူတို့သည် ပြဿနာအမျိုးမျိုးနှင့် ကျွန်ုပ်ထံသို့ရောက်လာကြသည်။ အမျိုးသမီးကိစ္စ၊ ကလေးမရနိုင်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ စိတ်မနှံ့ခြင်း၊ ကျန်းမာရေး စသည့်ပြဿနာများဖြစ်သည်။ ဗေဒင်ဟောခြင်း၏ အကျိုးဆက်များပေါ်မူတည်၍ ဘိုးဘေးများ သို့မဟုတ် ကောင်းကင်သတ္တဝါများ [နတ်ဘုရားများ] ထံတောင်းခံလေ့ရှိကြသည်။ မည်သည့်ကိစ္စ၌မဆို ပူဇော်ပသမှုပြုလုပ်ကြရသည်” ဟုသူကပြောပြသည်။

ဗေဒင်ဟောခြင်းပါဝင်သော မိရိုးဖလာ ဘာသာတရားအပြုအမူများသည် ထိုဒေသတွင်အမြစ်တွယ်လျက်ရှိ၏၊ ခရစ်ယာန်ဘောင်​ချာ့ချ်များသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ဘာဗလာဗို၏ရုံးခန်းမှ မဝေးလှသောနေရာတွင် အဖြူရောင်သုတ်ထားသည့် ကင်းဆော်လမွန် ၂ ချာ့ချ်၊ ချဲရဗင် အဲန် စာရဖင်၊ စလက်ရှဲလ် ချာ့ချ် အော့ဖ် ခရိုက်စ်၊ ခရိုက်စ် အပေါစတောလစ် ချာ့ချ်၊ ခရိုက်စ် ထရမ်းပက်တားစ် ချာ့ချ်ဟူ၍ ရှေ့၌အမှတ်အသားရှိသည့် အဆောက်အဦတို့ရှိသည်။ ထိုချာ့ချ်များသည် အတူယှဉ်၍တည်ရှိပြီး တစ်ခါတစ်ရံ မိရိုးဖလာ ဘာသာတရား အပြုအမူများနှင့် ရောပြွန်းကြလေသည်။ ဘာဗလာဗိုက “ကျွန်ုပ်သည် မကြာသေးမီက ဘုန်းတော်ကြီးနှင့်စကားပြောခဲ့သည်။ ဤနေရာသို့ သူလာခဲ့သည်။ ကျွန်ုပ်တို့သည် အရေးကိစ္စအမျိုးမျိုးကို မိနစ် ၃၀ ကြာခန့်ဆွေးနွေးပြီးနောက် သူက ခရစ်ယာန်များနှင့် မိရိုးဖလာကိုးကွယ်သူများ စုပေါင်းပြီးအတွေးအခေါ်များ ဖလှယ်ရန်နှင့် နားလည်ချက်လွဲမှားမှုများကို ရှင်းလင်းပစ်ရန် ဆွေးနွေးပွဲတစ်ခုစီစဉ်ပေးဖို့ ကျွန်ုပ်အားပြောခဲ့သည်။”

နာမ်ဝိညာဉ်လောကသို့ တံခါးများ

ယင်းသို့သော နားလည်ချက်လွဲမှားမှုများတွင် နာမ်ဝိညာဉ်ဘုံရှိသူများမှာ မည်သူမည်ဝါဖြစ်ခြင်းအကြောင်းပါဝင်လေ့ရှိသည်။ နာမ်ဝိညာဉ်လောကတွင် အုပ်စုနှစ်စုရှိသည်ဟူသော ယုံကြည်ချက်သည် ဆဟာရတောင်ဘက် အာဖရိကတစ်ခွင်တွင်နှံ့ပြားလျက်ရှိသည်။ ပထမအုပ်စုမှာ တစ်ခါမျှလူမဖြစ်ဖူးသော နတ်ဘုရားများ သို့မဟုတ် ဘုရားများဖြစ်သည်။ ဒုတိယအုပ်စုမှာ ဘိုးဘေးများ သို့မဟုတ် သေဆုံးသောသူများ၏ ဝိညာဉ်များဖြစ်ပြီး၊ သူတို့သည် မြေကြီးပေါ်ရှိ ၎င်းတို့၏မိသားစုများ ကြီးပွားချမ်းသာရေးနှင့် အသက်ရှင်ရပ်တည်ရေးကို စောင်မပေးဖို့တာဝန်ရှိ၏ ဟူ၍ဖြစ်သည်။ နတ်ဘုရားများနှင့် ဘိုးဘေးများအုပ်စုနှစ်စုစလုံးသည် ကမ္ဘာပေါ်ရှိသူများကို ကူညီဖို့ သို့မဟုတ် ဒုက္ခပေးဖို့ တန်ခိုးရှိကြသည်ဟု ယူဆကြသည်။ ထိုသို့ဖြစ်သောကြောင့် အုပ်စုနှစ်စုစလုံးအား လျောက်ပတ်သောလေးစားမှုနှင့် ဂါရဝပြုမှုကို ပြသရပေသည်။

အလားတူအယူများကို ကမ္ဘာ့ဒေသများစွာတွင် တွေ့ရှိရသည်။ နည်းလမ်းအမျိုးမျိုးကိုအသုံးပြု၍ နေရာတိုင်းရှိလူတို့သည် သဘာဝလွန်စွမ်းအင်များထံ ချဉ်းကပ်ကာ အနာဂတ်ကို ကြိုတင်သိထားခြင်းနှင့် အသက်တာ၏နေ့စဉ်ပြဿနာများအတွက် အကူအညီနှင့်လမ်းညွှန်မှုကို ရှာဖွေကြသည်။ နာမ်ဝိညာဉ်ဘုံမှ အကူအညီ အမှန်ရရှိနိုင်ပါသလော။ ထိုဘုံတွင်နေထိုင်ခဲ့သောယေရှုခရစ်က အမှန်ရရှိနိုင်ကြောင်း တင်ပြတော်မူခဲ့သည်။ ကိုယ်တော်က “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၇:၇) သို့သော် ထိုအကူအညီကိုရရှိရန် ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်မှန်ကို တောင်းရမည်၊ နည်းလမ်းမှန်ဖြင့် ရှာဖွေရမည်၊ တံခါးမှန်ကို ခေါက်ရမည်။ အကယ်၍ ကျွန်ုပ်တို့သည် တံခါးကိုမှား၍ခေါက်မိပါက ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်မည့်အစား အန္တရာယ်ပေးမည့်သူ တစ်စုံတစ်ယောက်က လာဖွင့်ပေလိမ့်မည်။

ထို့ကြောင့် နာမ်ဝိညာဉ်ဘုံ၌ မည်သူများနေထိုင်သည်၊ မနေထိုင်သည်ကို သိရှိရန်အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့ကို ကူညီမည့်သူများမှာ မည်သူများဖြစ်ကြောင်း၊ အန္တရာယ်ပေးမည့်သူများမှာ မည်သူများဖြစ်ကြောင်း ကွဲကွဲပြားပြားသိထားရန်လည်း လိုအပ်ပေသည်။ နောက်ဆုံးအနေနှင့် ကျွန်ုပ်တို့ကိုအကူအညီပေးရန် အသင့်ရှိသူများထံမှ အကူအညီရရှိဖို့ရန် ကျွန်ုပ်တို့ ပြုလုပ်ရမည့်အရာကို သိရှိဖို့လိုပါသည်။ ဤအကြောင်းအရာများကို နောက်ဆောင်းပါးများတွင် ဆန်းစစ်သွားပါမည်။

[Picture Credit Line on page 3]

စာမျက်နှာ ၃-၄ ရှိရုပ်ပုံ– The Star, Johannesburg, S.A.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ