တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၉ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ ဇန်နဝါရီလ၌ဝေငှရမည့်စာပေကို အထူးပေါ်လွင်စေပါ။ အသင်းတော်ရှိ လက်ဟောင်းစာအုပ်များအမည်ကို ဖေါ်ပြပါ။ နောက်ဆုံး အပြန်အလှန်စကားအတွက်အကြောင်းအရာနှင့်တွဲအသုံးပြုနိုင်မည့် နိဒါန်းများကိုဆွေးနွေးတင်ပြပါ။
၁၈ မိ။ “လက်ပန်းမကျနှင့်” ဆောင်းပါးပါ အဓိကအချက်များကို ဆွေးနွေး။ အပိုဒ် ၃ ကိုဆွေးနွေးရာတွင် ပရိသတ်မှအကြံပြုချက်များတောင်းဆို။ အပိုဒ် ၅ ပါအကြံပြုချက်ကိုအသုံးပြုကာ အရည်အချင်းပြည့်ကြေညာသူတစ်ဦး သရုပ်ပြ။ လယ်ကွင်းလုပ်ငန်း၌ အသင်းတော်လိုက်အလုပ်များနေရန် တိုက်တွန်း။ လက်ပန်းမကျရန်၊ လျစ်လျူရှုခံရခြင်း သို့မဟုတ် အတိုက်အခံပြုခံရခြင်းကြောင့် စိတ်ဓာတ်မကျရန် အားပေး။
၁၈ မိ။ ဖေဖေါ်ဝါရီ သို့မဟုတ် မတ်လတွင် အရံရှေ့ဆောင်နိုင်မည်လော။ လုပ်ငန်းတော်ကြီးကြပ်မှူး ဟောရန်။
သီချင်း ၁၄၇ နှင့် ဆုတောင်းချက်။
ဇန်နဝါရီ ၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ ဤအပတ်သက်သေခံရာတွင်အသုံးပြုနိုင်မည့် မဂ္ဂဇင်းများမှအချက်ကောင်းများကိုတင်ပြပါ။
၁၅ မိ။ “လက်ပန်းမကျနှင့်” ပြန်လည်သုံးသပ်ရန်။
၂၀ မိ။ မည်သို့ဆက်အားရှိနေနိုင်မည်နည်း။ လက်ပန်းမကျ၊ အမြဲအားရှိနေရန် လိုအပ်ကြောင်းပေါ်လွင်စေရန် လူတွေ့ခေါ်မေးမြန်း။ (၁) နှစ်ပေါင်းများစွာအမှုထမ်းကာ ပုံသက်သေကောင်းသူ နှစ်ဦးသုံးဦးကို ခေါ်မေး။ မဟောဘဲနေရန် အဘယ်ဖိစီးမှုများတွေ့ကြုံဖူး၍ အောင်မြင်ခဲ့ပြီနည်း။ ဆက်လှုပ်ရှားနေ၍ လက်ပန်းမကျစေရန် အဘယ်အကူအညီရခဲ့။ (ဆုတောင်းခြင်း၊ စည်းဝေးများမှန်မှန်တက်ခြင်း၊ ကိုယ်ပိုင်လေ့လာမှု၊ သူတစ်ပါးထံမှ အားပေးမှု အစရှိသည်တို့ကိုတင်ပြနိုင်) လျော့ပေါ့ခြင်း၊ ရပ်စဲခြင်းမရှိစေရန် ဘာလုပ်ခဲ့ရ။ (စည်းဝေး၌မှန်မှန် ပေါင်းသင်းခြင်း၊ ကိုယ်ပိုင်လေ့လာမှုရှိခြင်း၊ ယေဟောဝါနှင့်ဆက်ဆံမှုကောင်းခြင်းကို တန်ဖိုးထားခြင်း အစရှိသည်တို့ကိုတင်ပြနိုင်) ဝိညာဏဟန်ချက်ညီရန် မည်သို့ပြုလုပ်ခဲ့ရ။ (အကြီးအကဲများ သို့မဟုတ် အခြားသူများအကူအညီ၊ ဝိညာဉ်ရေးကိုဦးစားထားခြင်း၊ ယေဟောဝါထံဆုတောင်းခြင်း အစရှိသည်တို့ကိုတင်ပြနိုင်) (၂) မှန်မှန်ကြေညာသူများဖြစ်သည့် ပုံသက်သေကောင်းသူ ကလေးအချို့ကိုခေါ်မေး။ လုပ်ငန်းတော်တွင် သူတို့အားမှန်မှန်ပါဝင်စေသည့်အရာကားအဘယ်နည်း။ မိဘများသူတို့ကို မည်သို့ကူညီပေးခဲ့သနည်း။ အခြားကြေညာသူများ သူတို့အားလယ်ကွင်းလုပ်ငန်းတွင် အားပေးကူညီသလော။ ယေဟောဝါလုပ်ငန်းတော်တွင် သူတို့ပန်းတိုင်များကားအဘယ်နည်း။ လူတွေ့ခေါ်ဆုံမေးမြန်းရာတွင် တင်ပြခဲ့သောအချက်အချို့ကို တိုရှင်းလိုရင်းပြန်သုံးသပ်ပါ။
သီချင်း ၁၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၄ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့်အလှူငွေများအတွက် ကျေးဇူးတင်စကား။ ကမ္ဘာချီလုပ်ငန်းနှင့်နိုင်ငံတော်ခန်းမအတွက် ငွေဖြင့်ထောက်ပံ့ခြင်းကို ချီးမွမ်းပါ။ “ကင်းမျှော်စင် နှစ်စဉ်ကြေးကောက်ခံရန်ကင်ပိန်းအတွက် အသင့်ရှိနေ” ပါအချက်အလက်များကို သတိပြုစေပါ။ မဂ္ဂဇင်းအပိုများ လုံလောက်စွာမှာယူထားရန် ကြေညာသူများကိုအားပေး။
၂၀ မိ။ ဆေးဘက်ဆိုင်ရာကပ်ပြားနှင့်အသင်းမမှတ်ပုံတင်ကပ်ပြား။ အတွင်းရေးမှူးသည် ကပ်ပြားများကိုဝေငှပေးပါ။ ကျွန်ုပ်တို့အကွယ်အကာအတွက် ဤကပ်ပြားများကို အထိရောက်ဆုံးနည်းဖြင့်အကျိုးပြုစေရန် ညွှန်ကြားချက်များကို တိကျစွာ အဘယ်ကြောင့်လိုက်နာသင့်ကြောင်း ပရိသတ်သဘောပေါက်အောင်ဆွေးနွေး။ စည်းဝေးပြီးနောက် အကြီးအကဲများ စုံစမ်းစစ်ဆေးနိုင်သည်။ မဖင့်မနွှဲ ကပ်ပြားများကိုဖြည့်စွက်၍ ဆိုင်းထိုးထားကြရန်အားပေး။ (သို့မဟုတ် ယုံကြည်ခြင်းခိုင်မြဲရန် အားပေးစကားများဟော)
၁၅ မိ။ “နားထောင်လိုစိတ်ရှိသူတို့အား “လာခဲ့ပါ” ဟုဆက်ဖိတ်ခေါ်” မေးဖြေရန်။
သီချင်း ၁၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၁ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ စနေတနင်္ဂနွေလယ်ကွင်းလုပ်ငန်းအတွက် အစီအစဉ်များထည့်ပြော။ ဒေသခံရပ်ကွက်ရှိသူများအတွက် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အဘယ်ဆောင်းပါးများ အထူးနှစ်လိုဖွယ်ဖြစ်နိုင်မည့်အကြောင်း အကြံပေး။ နောက်အပတ်လုပ်ငန်းတော်စည်းဝေးသို့ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာကို အားလုံးယူခဲ့ရန်။
၁၅ မိ။ “ထုတ်ဝေခဲ့သောစာပေအသစ်များက စင်ကြယ်သောဘာသာစကားကို အချိန်မရွေးပြောဆိုရန် အကူအညီပေး” ပရိသတ်ပါဝင်စေကာ အကြီးအကဲဟောပြော။
၁၀ မိ။ အမှုဆောင်ခဲသည့်ရပ်ကွက်။ ကြေညာသူများ ရပ်ကွက်စောစောတောင်းထားရန် အားပေး။ အနီးအနားရှိအသင်းတော်များ၏ရပ်ကွက်တွင် အကူအညီပေးလိုသောကြေညာသူများရှိလျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီမှတစ်ဆင့် တိုက်နယ်ကိုအကြောင်းကြားရန်။
၁၀ မိ။ စာပေစာတမ်းအမှုထမ်း၏တာဝန်များ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် စာပေစာတမ်းအမှုထမ်းအား သူ၏တာဝန်များနှင့်ပတ်သက်၍ လူတွေ့ခေါ်မေးမြန်း။ စည်းဝေးမတိုင်မီနှင့်နောက်ပိုင်းတွင် စာပေစာတမ်းများထုတ်ဝေယူအစီအစဉ် တိုးတက်လာရန် ဒေသလိုက်လိုအပ်ချက်တို့ကို ဖေါ်ပြလျှင်ကောင်းမည်။
သီချင်း ၂၀၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၈ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၈ မိ။ ဒေသကြေညာချက်များ
၂၂ မိ။ “သတင်းကောင်းဝေငှခြင်း—ဝေစာများဖြင့်။” မေးဖြေဆွေးနွေးရန်။ ကျမ်းချက်များကိုဖတ်ရန်။ အပိုဒ် ၅ ကိုဆွေးနွေးပြီးနောက် ရှေ့ဆောင်သို့မဟုတ်အရည်အချင်းရှိကြေညာသူတစ်ဦး ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာကို ပြန်လည်ပတ်မှုတွင်အသုံးပြု၍ ကျမ်းစာသင်အံမှုစပုံကိုသရုပ်ပြစေပါ။ အထူးသဖြင့် ပထမအကြိမ်လည်ပတ်ချိန်တွင် အိမ်ရှင်များနှင့်တွေ့ဆုံခဲသည့်ပြန်လည်ပတ်မှုများတွင် ဤနည်းကိုအသုံးပြုကြရန် ကြေညာသူတို့အားတိုက်တွန်းပါ။ ဤပြောဆိုနည်းကိုအသုံးပြုခဲ့၍ အောင်မြင်ခဲ့သောကြေညာသူများအား စကားပြောဆိုခွင့်ပေးပါ။
၁၀ မိ။ ဤနွေကာလတွင် သင်အရံရှေ့ဆောင်နိုင်မည်လော။ မှန်မှန်သို့မဟုတ်အရံရှေ့ဆောင်အဖြစ် အတွေ့အကြုံရှိသောညီအစ်ကို နွေးထွေးစွာဆွေးနွေးတင်ပြ။ ယခင်ကအရံရှေ့ဆောင်ဖူးခဲ့သောသူများကို လူတွေ့ခေါ်မေးမြန်း။ သူတို့ပန်းတိုင်မီရန် မည်သို့စီစဉ်ခဲ့ရသနည်း။ သူတို့၏ လက်တွေ့ကျအစီအစဉ်အချို့ကို ပေါ်လွင်စေပါ။ သတိရအောက်မေ့ပွဲနီးပြီဖြစ်သည့်အတွက် အရံရှေ့ဆောင်ရန်စိတ်ဝင်စားသည့်ကြေညာသူများ အကြီးအကဲတစ်ဦးနှင့်ဆွေးနွေးတိုင်ပင်ရန်အားပေး။ ယခုပင် အပြုသဘောရှိခြင်းဖြင့် ဤလုပ်ငန်း၌ပျော်ရွှင်မှုရနိုင်ကြမည်။ အချို့သူများအတွက် ဤလုပ်ငန်းသည် မှန်မှန်ရှေ့ဆောင်ခြင်းသို့ခုတုံးဖြစ်မည်။ (နိုင်ငံတော်ဓမ္မအမှု ၃/၉၀ စာမျက်နှာ ၄) လျှောက်လွှာများကို ဦးစီးကြီးကြပ်မှူးသို့မဟုတ်အတွင်းရေးမှူးထံမှ တောင်းဆိုနိုင်သည်။
သီချင်း ၁၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။