မေလအတွက် လုပ်ငန်းတော်စည်းဝေးများ
မေ ၁၁ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၂ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ သတိရအောက်မေ့ပွဲတက်ရောက်သူများကို အပတ်စဉ်အစည်းအဝေးတက်ရောက်ရန် အကူအညီပေးဖို့အားပေး။
၁၅ မိ– “ကင်းမျှော်စင် ဖြင့်သတင်းကောင်းကြေညာခြင်း” ဆောင်းပါးကို မေး-ဖြေ ဆွေးနွေးခြင်း။ စာပေများကိုအမှန်တကယ်စိတ်ဝင်စားသူများနှင့် နှစ်စဉ်ကြေးရယူလိုသူများအတွက် အသေအချာစဉ်းစားရန် ညီအစ်ကိုများကိုအားပေးပါ။
၁၈ မိ– “စိတ်ဝင်စားသူကို မဆိုင်းမတွပြန်လည်ပတ်ခြင်း” မေးဖြေဆွေးနွေးရန်။
သီချင်း ၂၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်
မေ ၁၈ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာ။
၁၅ မိ– “ထိရောက်သောဦးဆုံးအကြိမ်တွေ့ဆုံမှုများ” မေးဖြေပြုလုပ်ရန်။ အပိုဒ် ၆ ကိုသုံးသပ်ပြီးသောအခါ ကြေညာသူတစ်ဦးသည် ကမ္ဘာသစ်တွင်ငြိမ်းချမ်းသောအသက်တာ ဝေစာကိုမည်သို့ဝေငှနိုင်ပြီး ကျမ်းစာသင်အံမှုတွင် ယင်းကိုမည်သို့အသုံးပြုနိုင်ပုံတို့ကို သရုပ်ပြပါ။
၂၀ မိ– တစ်အိမ်တက်ဆင်းတွင် ကင်းမျှော်စင် ဝေငှခြင်း။ အရည်အချင်းရှိသောကြေညာသူတစ်ဦးသည် “ထိရောက်သောဦးဆုံးအကြိမ်တွေ့ဆုံမှုများ” ဆောင်းပါးအပိုဒ် ၄ တွင်အကြံပြုထားသည့်တင်ပြနည်းများကိုအသုံးပြုပြီး အိမ်ရှင်နှင့်စကားပြောခြင်းကို သရုပ်ပြပါ။ နောက်ဆုံးထုတ် ကင်းမျှော်စင် မှ သင့်တော်သောအချက်များကို ဆီလျော်စွာညွှန်ပြပါ။
သီချင်း ၈၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၅ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ– ဒေသကြေညာချက်များနှင့်စာရင်းအင်းမှတ်တမ်း။ အသင်းမနှင့်အသင်းတော်ကိုလှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ချီးမွမ်းပြောဆို။
၁၅ မိ– Reasoning စာအုပ်စာမျက်နှာ ၃၂-၃ မှ “အန္တိခရစ်” အကြောင်းကိုဆွေးနွေး။ “အန္တိခရစ်” ၏အဓိပ္ပာယ်ကားအဘယ်နည်း။ ယင်းသည် တစ်ယောက်တည်းလော၊ များစွာရှိသလော။ အန္တိခရစ်မည်သည့်အချိန်တွင်ပေါ်သနည်း။ ယင်းကို မည်သို့သတ်မှတ်နိုင်သနည်း။ ယေဟောဝါသက်သေများနှင့်ပတ်သက်၍ သတိပေးခြင်းခံထားရသော ချာ့ချ်မှန်မှန်တက်သူအိမ်သို့ ကြေညာသူသွားရောက်တွေ့ဆုံပုံကို သရုပ်ပြတိုတစ်ခုပြုလုပ်ပါ။
၂၀ မိ– သတိရအောက်မေ့ပွဲတက်ရောက်သူကိုကူညီခြင်း။ ဟောပြောခြင်းနှင့်သရုပ်ပြ။ အကြီးအကဲသည် ကြေညာသူများ၊ ရှေ့ဆောင်များနှင့်အတူလိုက်ပြီး သတိရအောက်မေ့ပွဲတက်ရောက်သူများကိုတွေ့ဆုံအားပေးခြင်းကို သရုပ်ပြ
သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်းများ။ သတိရအောက်မေ့ပွဲကိုပေါ်လွင်စေပါ။ ဘယ်နှစ်ယောက်တက်ရောက်ခဲ့သနည်း။ လူသစ်များနှင့်ကျမ်းစာသင်အံမှုစတင်နိုင်ရန် မည်သည့်ဖြစ်နိုင်ချေများရှိသနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် သတိရအောက်မေ့ပွဲတက်ရောက်ခဲ့သူများတွင် လက်ရှိကျမ်းစာမသင်သေးသောသူများကို ပြန်လည်ပတ်မှုများပြုရန်စီစဉ်ပေး။
၂၀ မိ– “ပြန်လည်ပတ်မှုများတွင် Reasoning စာအုပ်ကိုအသုံးပြုခြင်း” မေး-ဖြေ ဆွေးနွေးခြင်း။ အပိုဒ် ၃ နှင့် ၄ ကို ကောင်းစွာပြင်ဆင်ထားသည့်သရုပ်ပြနှစ်ခုတင်ဆက်ပါ။ Reasoning စာအုပ်မရှိလျှင် ဒေသလိုအပ်ချက်အတိုင်းပြင်ဆင်ပါ။
၁၅ မိ– မတ်နှင့်ဧပြီလများတွင်အရန်ရှေ့ဆောင်ခဲ့သူများ၏တွေ့ကြုံမှုများကို မေးမြန်းပါ။ မည်သည့်အရာများကို သူတို့စွန့်လွတ်ခဲ့ရသနည်း။ မိမိတို့၏ကြိုးစားမှုကို ယေဟောဝါကောင်းချီးပေးသည်ဟုမည်သို့ခံစားရသနည်း။ လုပ်ငန်းတော်တိုးချဲ့ခြင်းကြောင့် ကျမ်းစာသင်အံမှုအသစ်များစတင်နိုင်ခဲ့သလော။ တွေ့ကြုံမှုပြောရန် ကြိုတင်ပြင်ဆင်ထားသင့်သည်။ လာမည့်လတွင်အရန်ရှေ့ဆောင်ကြရန် စဉ်းစားထားဖို့ အားလုံးကိုအားပေး။
သီချင်း ၉၃ နှင့် နဂုံးချုပ်ဆုတောင်းချက်။