ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖေဖော်ဝါရီ ၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသော ကြေညာချက်များ။ လက်ရှိစာစောင်များကိုအခြေခံသည့် မဂ္ဂဇင်းတင်ဆက်ပုံများကို တင်ပြပါ။ ပိတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက် အတွက် အထူးလယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ဖော်ပြပါ။
၂၀ မိ– “အသင်းတော်စာအုပ်ကြီးသင်တန်းမှူးကို ဝိုင်းဝန်းကူညီပေးခြင်း။” မေးခွန်းနှင့်အဖြေများ။
၁၅ မိ– “ရိုးရှင်းထိရောက်သော တင်ဆက်ပုံများ။” ပရိသတ်နှင့် ဆွေးနွေး။ အပိုဒ် ၃ ကိုသုံးသပ်စဉ် ထာဝစဉ်အသက်ရှင် စာအုပ်ကို အိမ်ရှင်တစ်ဦးအားစိတ်ဝင်စားလာစေရန် ကြေညာသူ မည်သို့ပြုလုပ်ပုံကို သရုပ်ပြပါ။ အိမ်ရှင်သည် စိတ်ဝင်စားမှုကို ထင်ထင်ရှားရှားပြသင့်သည်။ အပိုဒ် ၅ ကိုဆွေးနွေးစဉ် အိမ်ရှင်သည် အနည်းအကျဉ်းသာစိတ်ဝင်စားသည့်အတွက် ဝေစာနှင့် မည်သို့ဆက်လက်ဆွေးနွေးပုံကို ကြေညာသူအား သရုပ်ပြစေပါ။
သီချင်း ၂၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လက်ရှိမဂ္ဂဇင်းများမှ ပြောဆိုနိုင်သောအချက်များကို ဆွေးနွေး။ ဤအပတ်စနေ၊ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အားလုံးကို တိုက်တွန်းပါ။
၂၀ မိ– “ထာဝစဉ်အသက်ရှင်စာအုပ်ဖြင့် ကျမ်းစာသင်အံမှုများ ကျင်းပခြင်း။” မေးဖြေဆွေးနွေး။ အပိုဒ် ၆ ကိုသုံးသပ်ပြီးနောက် ထာဝစဉ်အသက်ရှင်စာအုပ်ဖြင့် လူငယ်တစ်ဦး ကျမ်းစာသင်အံမှုကမ်းလှမ်း၍ မည်သို့စတင်နိုင်ကြောင်း သရုပ်ပြပါ။ သင်အံမှုများစကျင်းပနိုင်သည့် ဒေသခံလူငယ်များ၏ တွေ့ကြုံမှုများကို တင်ပြပါ။
၁၅ မိ– “ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ရောင်းဝယ်ဖောက်ကားသူများမဟုတ်။” ဒီဇင်ဘာ ၁၊ ၁၉၉၂ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၂၉ ကိုအခြေခံ၍ ဦးစီးကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦး ဟောပြောရန်။ (ဤစာစောင်မရရှိသေးလျှင် ရရှိထားသည့်သင့်တော်သောဆောင်းပါးတစ်ခုခု သို့မဟုတ် ကိုယ်ပိုင်ဟောပြောချက်ကို ပြင်ဆင်၍ ဟောပါ။) အသင်းမ၏ ကမ္ဘာချီလုပ်ငန်းနှင့် ဒေသခံအသင်းတော်၏လုပ်ငန်းကို ပါဝင်ထောက်ပံ့ပေးသည့်အတွက် ညီအစ်ကိုများကို ချီးမွမ်းပါ။ အသင်းမ၏ နိုင်ငံတော်ခန်းမရန်ပုံငွေအတွက်၊ သို့မဟုတ် လက်ရှိဒေသခံဆောက်လုပ်ရေးအစီအစဉ်များအတွက် အသင်းတော် ရက်ရောစွာထောက်ပံ့ကူညီပေးနေခြင်းကိုပါ ထည့်ပြောနိုင်ပါသည်။
သီချင်း ၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အလှူငွေများအတွက် အသင်းမ၏ကျေးဇူးတင်စကားများ ပြော။ ဒေသခံအသင်းတော်လိုအပ်ရာများအတွက် ရက်ရောစွာထောက်ပံ့ကူညီပေးခြင်းကို ချီးမွမ်း။ စနေ၊ တနင်္ဂနွေတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အားပေး။
၂၀ မိ– “ပေးသမျှသောပညတ်တော်တို့ကို . . . ဆုံးမသြဝါဒပေးကြလော့။” ပရိသတ်နှင့် မေးဖြေသုံးသပ်ရန်။ အပိုဒ် ၄ နှင့် ၅ တို့ကိုဆွေးနွေးစဉ် ဒေသခံအခြေအနေများနှင့်ကိုက်ညီသည့် အခြားကျမ်းချက်များ၊ စာပေများကို ဥပမာအဖြစ်တင်ပြပါ။ နိဒါန်းတွင်ဆွေးနွေးသည့်အကြောင်းမှ ဝေစာတစ်ခုခုသို့ မည်သို့ဆက်နွယ်နိုင်ကြောင်း ကောင်းစွာပြင်ဆင် သရုပ်ပြပါ။ အချိန်ရသ၍ ဝေစာမှ အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကို သုံးသပ်ပါ။ ကျမ်းစာသင်အံမှုအသစ်များစကျင်းပပေးရန် ဆက်ကြိုးစားကြဖို့ အားပေးတိုက်တွန်းပါ။
၁၅ မိ– “သွေး။” Reasoning စာအုပ်၊ pages 72-4. (Reasoning စာအုပ်မရှိလျှင် ဆွေးနွေးရန် ကျမ်းစာအကြောင်းများ ကိုအသုံးပြုပါ။) စာလုံးမည်းဖြင့်ဖော်ပြထားသည့်မေးခွန်းများကို အိမ်ရှင်မေးမြန်းနေသည့် ပြန်လည်ပတ်မှုပုံစံကို အသုံးပြုပါ။ ကြေညာသူ၏တုံ့ပြန်ချက်များသည် Reasoning စာအုပ်မှ မှတ်ချက်များကိုအခြေပြုသင့်သည်။
သီချင်း ၁၈၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။
၂၀ မိ– “ရွေးနှုတ်ဖိုးကို တန်ဖိုးထားကြောင်း တင်ပြခြင်း။” အကြီးအကဲဟောရန်။
၁၅ မိ– ဒေသလိုအပ်ရာများ၊ သို့မဟုတ် အောက်တိုဘာ ၁၊ ၁၉၉၂ ကင်းမျှော်စင်ပါ “ပဲ့ပြင်မှုခံယူခြင်းအားဖြင့် နာခံမှုကို သင်ယူလေ” ဆောင်းပါးကိုအခြေခံသည့် အပြုသဘောပါ ဟောပြောချက်ပေးရန်။ ယေဟောဝါ၏ကျေးကျွန်—ကြီးကြီးငယ်ငယ်—အားလုံး မည်သို့ပဲ့ပြင်ခံရပြီး နာခံမှုကို အပြုသဘောအရ ကြည့်မြင်ခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများကို ဆွေးနွေး။
သီချင်း ၂၁၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။