ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဇန်နဝါရီ ၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဒေသခံရပ်ကွက်တွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ လူတို့နှစ်သက်မည့် အကြောင်းအရာများကို လိုရင်းတိုရှင်း ပေါ်လွင်စေပါ။
၁၅ မိ– “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲအကြောင်း ပရိသတ်နှင့် ဆွေးနွေးရန်။
၂၀ မိ– “ကျွန်ုပ်တို့စာပေများကို တန်ဖိုးထားတတ်ရန် အခြားသူများအားကူညီပေးခြင်း။” အသင်းတော်နှင့် ဆောင်းပါးကို ဆွေးနွေး။ အပိုဒ် ၃ နှင့် ၄ ပြီးသည့်နောက် လိုရင်းတိုရှင်းသရုပ်ပြခန်းများ တင်ပြပါ။ အသင်းတော်တွင်ရှိ ၁၉၂-မျက်နှာစာအုပ်စာတမ်းများအကြောင်း အသင်းတော်အား ကြေညာပါ။ ယင်းစာအုပ်များ အသင်းတော်၌ မရှိပါက အပိုဒ် ၅ ပြီးနောက် သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းအသုံးပြုပုံကို သရုပ်ပြပါ။
သီချင်း ၁၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ သင့်တော်သော ကြေညာချက်များ။
၁၅ မိ– ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သော ကျန်းမာရေးအခြေအနေကို ရင်ဆိုင်ရန် အသင့်ရှိနေပါသလော။ ကြိုတင် ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်၏ အကာအကွယ်ဖြစ်သောတန်ဖိုးကို ညီအစ်ကိုများ နားလည်ရန် တတ်ကျွမ်းသောအကြီးအကဲ အားတက်သရောဟောပြောရန်။ ၁၉၉၀ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာအုပ် အပိုဒ် ၁-၃ ပါအချက်များကိုအသုံးပြုပါ။ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲအချို့တွင် အသစ်ထုတ်ဝေသောစာအုပ်စာတမ်းကို ထုတ်ယူရန် ပြသသည့် ဤကတ် ၅၀ ရာခိုင်နှုန်းမျှသည် လက်မှတ်ရေးထိုးခြင်းမရှိ၊ သက်သေအထောက်အထားပြုသူမပါ သို့မဟုတ် ရက်စွဲနောက်ကျနေပါသည်။ နှစ်ခြင်းခံပြီးသောကြေညာသူများသာ ကတ်အသစ်များကိုထုတ်ပေးပါ။ ထိုနောက် ကတ်များကို ဖြည့်စွက်ပေးခြင်းနှင့်ပတ်သက်သည့် ၁၉၉၁ အောက်တိုဘာ ၁၅ ရက်စွဲပါစာ၏ညွှန်ကြားချက်များကို သတိပြုပါ။ ကတ်များကို ချက်ချင်းဖြည့်စွက်မည့်အစား အိမ်ပြန်ယူသွား၍ လိုအပ်ချက်များကို ဆုတောင်းခြင်းပြုပြီးနောက်တွင်သာ ဖြည့်စွက်ကြရန် ညီအစ်ကိုများအား အကြံပြုပါ။ သို့သော် ဤအချိန်တွင် ကတ်ပြားကို လက်မှတ်မရေးထိုးပါနှင့်ဦး။ ဖြည့်စွက်ပြီးသောကတ်ကို နောက်ကျင်းပမည့် အသင်းတော်စာအုပ်ကြီးသင်တန်းထံယူလာကာ ကတ်များကို လက်မှတ်ရေးထိုး၊ သက်သေခံ၍ နေ့စွဲတပ်ပေးရန် အကြီးအကဲများက ကူညီပေးပါလိမ့်မည်။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် မိမိအုပ်စုရှိသူအားလုံးအတွက် အကျိုးဆောင်ပြီးမပြီး စာရင်းဇယားထားပါမည်။ (နှစ်ခြင်းခံပြီးသားမိဘများသည် မိမိသားသမီးများအတွက် မှတ်ပုံတင်ကတ်များ ဖြည့်စွက်ပေးခြင်းငှာ အကူအညီပေးသင့်သည်။) ထိုစာအုပ်ကြီးသင်တန်းကို မတက်ဖြစ်သူများအား နောက်တွေ့ဆုံမည့် လုပ်ငန်းတော်အစည်းအဝေးတွင် နှစ်ခြင်းခံပြီးသူ ကြေညာသူအားလုံးသူတို့၏ကတ်ပြားများကို မှန်ကန်စွာဖြည့်စွက်ပြီး လက်မှတ်ထိုးသည့်အထိ ပြုသင့်ပြုအပ်ရာများကို သင်တန်းမှူးများနှင့် အကြီးအကဲများ ကူညီပေးနိုင်ပါလိမ့်မည်။ အကြီးအကဲများသည် ကျန်ကြွင်းသူအားလုံး၏ အမည်စာရင်းကို ရေးဆွဲထားပြီး အစောနိုင်ဆုံးအချိန်တွင် ကတ်အားလုံးကို ဖြည့်စွက်ပြီးသားဖြစ်သင့်ပါသည်။
၂၀ မိ– “တန်ဖိုးထားမှုကိုတည်ဆောက်ပေးရန် ပြန်လည်ပတ်ခြင်း။” ပရိသတ်နှင့်ဆွေးနွေး။ ကြေညာသူများသည် စာအုပ်စာတမ်းအဟောင်းများကို အသုံးပြုနေမည်ဆိုလျှင် ယင်းစာအုပ်တစ်အုပ်ကို လက်ခံယူသူများထံ ပြန်လည်ပတ်ပုံကို သရုပ်ပြပါ။ သို့မဟုတ်လျှင် သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းစာအုပ်၊ ယူထားသူတစ်ဦးထံ လည်ပတ်မှုပြုလုပ်ရာတွင် အပိုဒ် ၅ ပါအကြံပြုချက်များ အသုံးပြုပုံကို သရုပ်ပြပါ။
သီချင်း ၁၅၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် စာရင်းအင်းမှတ်တမ်း။ အလှူငွေများရကြောင်းကို ထည့်ပြောပါ။ အသင်းမ၏လုပ်ငန်းဆောင်တာများအတွက်သာမက အသင်းတော်အတွက်ပါ ကြေညာသူများထည့်သွင်းသည့် အလှူငွေအတွက် ကျေးဇူးတင်ကြောင်း ပြောပါ။ ကြိုတင် ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/ကင်းလွတ်ခွင့်ကတ်ကို ဖြည့်စွက်မပြီးသေးသူများ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးထံ၊ သို့မဟုတ် အကြီးအကဲတစ်ဦးဦးအား အကြောင်းကြားပါ။
၂၀ မိ– “မကြာခဏ အမှုဆောင်သည့်ရပ်ကွက်တွင် လုပ်ဆောင်ခြင်း။” လုပ်ငန်းတော်ကြီးကြပ်မှူးကိုင်ပေးရန် မေးဖြေခြင်း။ မကြာခဏလည်ပတ်အမှုဆောင်ရသည့် ရပ်ကွက်များရှိ အသင်းတော်များတွင် အပိုဒ် ၄ နှင့် ၅ အပြင် အပိုဒ် ၆ နှင့် ၇ မှသင့်တော်သောနိဒါန်း၊ ဒေသခံရပ်ကွက်အတွက် အထူးသင့်တော်၍ ပြင်ဆင်ထားသော ကျိုးကြောင်းဆင်ခြင်စာအုပ်၏နိဒါန်းတစ်ခုကို သရုပ်ပြပါ။ မိမိတို့ရပ်ကွက်ကို မကြာခဏပြန်မကျော့ရသောအသင်းတော်များတွင်မူ ကျိုးကြောင်းဆင်ခြင်စာအုပ်ပါ သင့်တော်သောအခြားနိဒါန်းတစ်ခုကို ပေါ်လွင်စေသည့် သရုပ်ပြခန်း တင်ဆက်ရန်။ သရုပ်ပြခန်းများသည် ကောင်းစွာပြင်ဆင်ထားနှင့်ပြီးသား ဖြစ်ရမည်။
၁၅ မိ– ကမ္ဘာ့အနာဂတ်ကား အဘယ်နည်း။ ကျိုးကြောင်းဆင်ခြင်စာအုပ် စာမျက်နှာ ၁၁၂-၁၇ ကိုအခြေခံပါ။ ကျိုးကြောင်းဆင်ခြင် စာအုပ်မရှိလျှင် ဆွေးနွေးရန် ကျမ်းစာအကြောင်းများကိုအသုံးပြုပါ။ (၅ မိ.) စာမျက်နှာ ၁၁၂ နှင့် ၁၁၃ တွင်စသည့် ခေါင်းစဉ်ငယ်များပါအချက်များ၊ စာမျက်နှာ ၁၄ အလယ်ရှိအချက်အလက်တို့ကို ဟောပြောခြင်း။ (၇ မိ.) ကြေညာသူလူသစ်နှင့် အတွေ့အကြုံရင့်ကျက်သောကြေညာသူ စာမျက်နှာ ၁၁၄-၁၆ ပါအကြောင်းကို ဆွေးနွေး။ ကြေညာသူလူသစ်၏ မယုံကြည်သူ ဆွေမျိုးတို့က ကမ္ဘာမြေကြီးသည် ပျက်စီးသွားမည်ဟု ကျမ်းစာတင်ပြထားကြောင်း ငြင်းခုံထား။ မြေကြီးနှင့်ပတ်သက်သည့် ကျမ်းချက်များကို သိရှိနားလည်ရန် အတွေ့အကြုံရင့်ကျက်သောကြေညာသူအား ကြေညာသူလူသစ် အကူအညီတောင်းဆို။ (၃ မိ.) နိဂုံးတွင် စာမျက်နှာ ၁၁၇ ပါ “ကမ္ဘာမြေကြီးပေါ်တွင် အတောမသတ်သည့်အသက်တာမျိုးနှင့် မည်သူတို့အား ဘုရားသခင်ကောင်းချီးပေးမည်နည်း” မေးခွန်းကို ဆွေးနွေးပါ။ ဤအခွင့်ထူးကို ခံစားရရန် အားလုံးကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းအားပေးပါ။
သီချင်း ၁၇၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၄ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ဤအပတ် လယ်ကွင်းလုပ်ငန်း၌ ပါဝင်ကြရန် အားပေးပါ။ အသင်းတော် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ကြေညာပါ။
၁၀ မိ– မေးခွန်းသေတ္တာ။ ပရိသတ်နှင့်အနည်းငယ်ဆွေးနွေးပြီး ဟောပြောပါ။ ပထမသုံးပိုဒ်တွင် အကြမ်းဖျင်းဖော်ပြထားသည့်အတိုင်း အဘယ်ကြောင့်ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း အားလုံးကို သဘောပေါက်နားလည်စေပါ။ တယ်လီဖုန်းအားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း စိတ်ဆိုးကြသောအိမ်ရှင်အချို့က ယေဟောဝါသက်သေများ မိမိတို့အိမ်သို့ မလာရန် ပြောထားလျက်နှင့် ရောက်ရှိလာကြကြောင်း တိုင်ကြားကြပါသည်။ ထိုကြောင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ရပ်ကွက်စာအိတ်ကို စစ်ဆေးပြီး မလာကြဖို့ မှာကြားထားသောအိမ်များရှိမရှိ ဂရုစိုက်သင့်သည်။
၁၅ မိ– တိုက်နယ်စည်းဝေးပွဲအတွက် ယခုကပင် ပြင်ဆင်ခြင်း။ ဟောပြောရန်။ တိုက်နယ်စည်းဝေးပွဲတက်ခြင်း၏ တန်ဖိုးကို ဖော်ပြပါ။
၁၅ မိ– အသင်းတော်၏ လယ်ကွင်းလုပ်ငန်း။ လယ်ကွင်းလုပ်ငန်းကြီးကြပ်မှူးနှင့် အခြားအကြီးအကဲတစ်ဦးသည် အသင်းတော်၏ လွန်ခဲ့သောလေးလလုပ်ငန်းကို ဆွေးနွေးကြ။ လုပ်ငန်းတော်နှစ် သုံးပုံပုံတစ်ပုံ ကုန်ပေပြီ။ (စက်တင်ဘာ-ဒီဇင်ဘာ)။ အသင်းတော်သည် မည်သို့ပြုခဲ့ပြီနည်း။ အသင်းတော်ကောင်းစွာလုပ်ဆောင်သည့်အပိုင်းများတွင် ချီးမွမ်းပြောဆိုပါ။ အသင်းတော်လိုက် တိုးတက်စရာလိုသေးသည့်နေရာများကို ဖော်ပြ၍ လက်တွေ့ကျအကြံပေးချက်များကို တင်ပြပါ။ လုပ်ငန်းတော်နှစ်၏ ပထမလေးလအတွင်းရရှိသည့် အားရစရာ တွေ့ကြုံမှု တစ်ခုနှစ်ခုကိုပါ ထည့်ပြောပါ။ အပြုသဘောပါ တည်ဆောက်မှုပြုစကားများဖြင့် နိဂုံးချုပ်ပါ။ ယေရှုသည် ဓမ္မအမှုကို ဆောင်ရွက်ခဲ့ခြင်းမှ ရွှင်လန်းအားရခဲ့သည်။ ကျွန်ုပ်တို့လည်း ယေဟောဝါပေးထားသည့်လုပ်ငန်းတွင် အလုပ်များနေခြင်းအားဖြင့် များစွာရွှင်လန်းအားရနိုင်ပါသည်။—ယော. ၄:၃၄; ၁ ကော. ၁၅:၅၈။
သီချင်း ၁၇၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၃၁ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ဤအပတ် စနေတနင်္ဂနွေနေ့တွင် လယ်ကွင်းလုပ်ငန်း၌ ပါဝင်ခြင်းအားဖြင့် စောစီးစွာ အမှုဆောင်ထွက်ထားနှင့်ပြီးသားဖြစ်ကြရန် အားလုံးကို တိုက်တွန်းပါ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကို တင်ဆက်ရာတွင် အကူအညီဖြစ်သည့် အကြံပြုချက်များကို တင်ပြပါမည်။
၁၀ မိ– သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို တစ်အိမ်မှတစ်အိမ် တင်ဆက်ပေးပါ။ လူအများအား ယေဟောဝါကိုသိကျွမ်း၍ ကိုးကွယ်စေရန် အကူအညီပေးဖို့အတွက် ဤစာအုပ်သည် အမှန်အကျိုးရှိကြောင်း လိုရင်းတိုရှင်း အားတက်သရော ဟောပြောပါ။ လယ်ကွင်းလုပ်ငန်း၌ ဤစာအုပ်ကိုအသုံးပြုခြင်းအတွက် ဤကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ အကြံပြုချက်များကို ကြေညာသူ မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။
၂၀ မိ– “စည်းဝေးတက်ခြင်း—ကြီးလေးသောတာဝန်တစ်ခု။” မေးဖြေဆွေးနွေးပါ။ အပိုဒ် ၂ နှင့်ပတ်သက်၍ စည်းဝေးများကို မှန်မှန်တက်ခြင်းငှာ အတားအဆီးအမျိုးမျိုးကိုကျော်လွှားခဲ့ရသောကြေညာသူများအား လူတွေ့ခေါ်မေးမြန်းပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၃၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၅ ပါ “ဘုရားသခင့်ကရုဏာကို အမြင်မှန်ရှိပါ” ကိုအကြီးအကဲ ဟောပြော။
သီချင်း ၁၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။