မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁၅
“မကြာသေးမီနှစ်များမှာ ဝိညာဉ်ရေးစံနှုန်းတွေကျဆင်းလာတာကို လူများစွာ သတိပြုမိခဲ့ကြတယ်။ အဲဒါကို မိတ်ဆွေကော သတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၁၁၉:၁၀၅ ကိုဖတ်ပါ။] ဘဝမှာကျရောက်နိုင်တဲ့အန္တရာယ်တွေကို ရှောင်ကွင်းနိုင်အောင် ဝိညာဉ်ရေးစံနှုန်းတွေက လူတွေကိုကူညီပေးနိုင်တယ်။ စစ်မှန်တဲ့ဝိညာဉ်ရေးစံနှုန်းတွေကို ဘယ်နေရာမှာတွေ့ရှိနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ညွှန်ပြပေးတယ်။”
နိုးလော့! ဧပြီ ၂၂ [လိပ်]
“အပြောင်းအလဲမြန်ဆန်တဲ့ ဒီကနေ့လောကမှာ ကလေးတွေဟာ လူကြီးအဖြစ်မြန်လွန်းနေသလားလို့ လူအများ တွေးတောနေကြတယ်။ အဲဒီအတွက် မိတ်ဆွေကော စိုးရိမ်နေသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒေသနာ ၃:၁၊ ၄ ကိုဖတ်ပါ။] ကလေးဘဝဟာ လူကြီးတာဝန်တွေကို ထမ်းဆောင်ရမယ့်အချိန်မဖြစ်သင့်ဘူး။ ဒီလထုတ် နိုးလော့! က မိဘများဟာ မိမိတို့ကလေးတွေရဲ့ ကလေးဘဝကို ဘယ်လိုကာကွယ်ပေးနိုင်သလဲဆိုတာ ဆွေးနွေးထားတယ်။”
ကင်းမျှော်စင် မေ ၁
“လူ့အစွမ်းအစနဲ့မဖြေနိုင်တဲ့ မေးခွန်းတချို့ရှိပါတယ်။ ဒီဥပမာကို သတိပြုပါ။ [ယောဘ ၂၁:၇ ကိုဖတ်ပါ။] မိတ်ဆွေဆီမှာ ဘုရားသခင်ကိုမေးချင်တဲ့မေးခွန်း ရှိခဲ့ဖူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကမ္ဘာ့ဒေသအသီးသီးမှာရှိတဲ့လူတွေဟာ ဘဝရဲ့အရေးအကြီးဆုံးမေးခွန်းသုံးခုအတွက် ကျေနပ်လောက်တဲ့အဖြေရရှိခဲ့ပုံကို ဒီမဂ္ဂဇင်းကရှင်းပြတယ်။”
နိုးလော့! မေ ၁ [လိပ်]
“ကျွန်တော်တို့အများစုဟာ ဆီးချိုရောဂါရှိသူတစ်ဦးဦးကို သိကြပါတယ်။ မိတ်ဆွေကော ဒီရောဂါအကြောင်းကို ကောင်းကောင်းသိထားသလား။ [မဂ္ဂဇင်း၏မျက်နှာဖုံးကိုပြကာ တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ ကုသပုံကို စူးစမ်းရှာဖွေထားတယ်။ ရောဂါအားလုံးကို အမြဲပျောက်သွားစေမယ့်ကုသမှုတစ်ခုနဲ့ပတ်သက်တဲ့ ကျမ်းစာကတိတော်ကိုလည်း ဆွေးနွေးထားတယ်။” ဟေရှာယ ၃၃:၂၄ ကိုဖတ်၍နိဂုံးချုပ်ပါ။