မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁
“ယဉ်ကျေးမှုအတော်များများမှာ သက်ကြီးရွယ်အိုတွေကို လေးလေးစားစားဆက်ဆံခဲ့တဲ့အချိန် ရှိခဲ့ဖူးတယ်။ ဒီရှေးပညတ်မှာတွေ့ရသလိုမျိုးပေါ့။ [ဝတ်ပြုရာ ၁၉:၃၂ ကိုဖတ်ပါ။] အဲဒီလိုလေးစားမှုမျိုး ဒီနေ့အထိရှိနေသေးတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက သက်ကြီးရွယ်အိုတွေကို ဘုရားသခင် ဘယ်လိုဂရုစိုက်တယ်ဆိုတာနဲ့ ကျွန်တော်တို့ကော ဘယ်လိုဂရုစိုက်နိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးထားတယ်။”
နိုးလော့! ဇွန်
“အကြမ်းဖက်မှုဆိုတာ အဆန်းတော့မဟုတ်ပေမဲ့ ဒီနေ့အချိန်မှာ လူတိုင်းလိုလိုရဲ့ဘဝကို ထိခိုက်နေတဲ့ ကမ္ဘာချီဖြစ်ရပ်တစ်ခုဖြစ်လာပြီ။ ဘာကြောင့် အဲဒီလိုဖြစ်ရတယ်လို့ မိတ်ဆွေထင်လဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီနိုးလော့! မဂ္ဂဇင်းက အကြမ်းဖက်မှုအဆုံးတိုင်မယ့်အချိန်နဲ့ ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ငြိမ်သက်ခြင်းကို ဘုရားသခင် ဘယ်လိုဆောင်ကြဉ်းပေးမယ်ဆိုတဲ့အကြောင်း ကျမ်းစာနဲ့ရှင်းပြထားတယ်။” မိက္ခာ ၄:၄ ကိုဖတ်ပါ။
ကင်းမျှော်စင် ဇွန် ၁၅
“ပြဿနာတွေ ကြုံရပေမဲ့ ပျော်ရွှင်နိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘဝပြဿနာတွေကို အောင်မြင်စွာဖြေရှင်းနိုင်အောင် လမ်းညွှန်ပေးတဲ့ရင်းမြစ်တစ်ခုကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ စစ်မှန်တဲ့မျှော်လင့်ချက်ရဲ့ ထောက်မပေးနိုင်စွမ်းကိုလည်း ဆွေးနွေးထားပါတယ်။” ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။
နိုးလော့! ဇွန်
“သတိပေးချက်တွေကို ဂရုပြုဖို့လိုတယ်ဆိုတာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ သဘာဝဘေးဒဏ်တွေက ဖော်ပြနေတယ်လို့ မိတ်ဆွေမထင်ဘူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆောင်းပါးက ကက်ထရီနာဟာရီကိန်းကနေ လွတ်မြောက်လာတဲ့သူတွေ ရရှိခဲ့တဲ့သင်ခန်းစာတွေကို သုံးသပ်ထားတယ်။ ဒီနေ့ ကျွန်တော်တို့အားလုံး ဂရုပြုဖို့လိုတဲ့သတိပေးချက်ကိုလည်း ဖော်ပြထားတယ်။” စာမျက်နှာ ၁၄ ပါ ဆောင်းပါးကိုပြပါ။