မဂ္ဂဇင်းများနှင့်ပက်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁
“ဆင်းရဲခက်ခဲမှု၊ ရောဂါ၊ သေခြင်းအကြောင်း နေ့တိုင်း ကျွန်တော်တို့ကြားနေရတယ်။ အဲဒီအရာတွေအားလုံးကနေ ကျွန်တော်တို့ ကယ်တင်ခံရမယ်ဆိုတဲ့အကြောင်း မိတ်ဆွေစဉ်းစားဖူးလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီကျမ်းချက်က လူသန်းပေါင်းများစွာကို မျှော်လင့်ချက်ပေးတယ်။ [ယောဟန် ၃:၁၆ ဖတ်။] ဒီမဂ္ဂဇင်းထဲမှာပါတဲ့အကြောင်းကတော့ ‘ယေရှု၏သေခြင်းက သင့်အား ကယ်တင်နိုင်ပုံ’ ဖြစ်ပါတယ်။”
နိုးလော့! မတ်
“အယူသီးမှုဟာ ဘေးကင်းတယ် ဒါမှမဟုတ် အန္တရာယ်ရှိတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ကျမ်းစာထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီစကားပါတယ်။ [ဟေရှာယ ၆၅:၁၁ ဖတ်။] ဒီဆောင်းပါးထဲမှာ အယူသီးမှုဟာ ကျမ်းစာသွန်သင်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာ ဆွေးနွေးထားပါတယ်။” စာမျက်နှာ ၁၀ ရှိဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် ဧပြီ ၁
“ဒီပရောဖက်ပြုချက်ပြည့်စုံလာတာကို မိတ်ဆွေမတွေ့ချင်ဘူးလား။ [ဟေရှာယ ၂:၄ ကိုဖတ်၍ တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ဟာ လူ့အရေးကိစ္စတွေမှာ ကြားဝင်ဆောင်ရွက်ပြီး ‘ဆုံးမ’ မယ်ဆိုတာ သတိပြုပါ။ စစ်ပွဲအားလုံးကိုအဆုံးတိုင်စေမယ့် အာမဂေဒုန်လို့ခေါ်တဲ့ စစ်ပွဲတစ်ပွဲကို ဘုရားဆင်နွှဲမယ်ဆိုတာ ကျမ်းစာကဖော်ပြတယ်။ ဒီမဂ္ဂဇင်းက အာမဂေဒုန်ဆိုတာဘာလဲ၊ ဘာကြောင့်စောင့်မျှော်သင့်သလဲဆိုတာကို ရှင်းပြပေးတယ်။”
နိုးလော့! ဧပြီ
“ဒီမှာဖော်ပြထားတဲ့အချိန်မှာ ကျွန်တော်တို့အသက်ရှင်နေရတယ်လို့ မိတ်ဆွေထင်လား။ [၂ တိမောသေ ၃:၁-၄ ကိုဖတ်၍ တုံ့ပြန်မှုကိုစောင့်ပါ။] နောက်ဆုံးကာလနဲ့ပတ်သက်ပြီး အလွန်စိတ်ဝင်စားသင့်တဲ့အကြောင်းရင်းကောင်းကတော့ ဒီအဖြစ်အပျက်တွေက ကမ္ဘာမြေမှာ ကောင်းတဲ့အရာတွေ ဖြစ်လာတော့မယ်ဆိုတာ ဖော်ပြနေလို့ပဲ။ ဒီမဂ္ဂဇင်းက ရှင်းပြပေးပါတယ်။”