မဂ္ဂဇင်းများဝေငှရာတွင် ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁
“ယေရှုဟာ ကျမ်းစာပြောတဲ့အတိုင်း မဟုတ်ဘဲ အိမ်ထောင်ပြု၊ သားသမီးတွေမွေးပြီးမှ သေဆုံးသွားတာဖြစ်တယ်လို့ စာပေတချို့မှာ ဖော်ပြထားတယ်။ အဲဒီလိုပြောတာ ကြားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအချက်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိဖို့အရေးကြီးတယ်။ [ယောဟန် ၁၇:၃ ကိုဖတ်ပါ။] ဒီဆောင်းပါးက ယေရှုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာဖော်ပြထားတဲ့အချက်ကို ယုံကြည်စေဖို့ ကျိုးကြောင်းဆင်ခြင်ထားတယ်။” စာမျက်နှာ ၂၆ ပါဆောင်းပါးကိုပြပါ။
နိုးလော့ ဧပြီ
“ဒီနေ့လူသားတွေရဲ့အသက်တာကို အကျိုးပြုဖို့ ရည်ရွယ်ပြီးထုတ်ဝေထားတဲ့ လမ်းညွှန်စာအုပ် အများအပြားရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အထင်ရှားဆုံးစာအုပ်တစ်အုပ်တည်းကသာ လူသားတွေရဲ့ ဘ၀ကဏ္ဍအသီးသီးကို လမ်းညွှန်မှုပေးနိုင်တာတွေ့ရတယ်။ ဥပမာ၊ အဲဒီစာအုပ်ထဲက ဒီအကြံပြုချက်ကို နားထောင်ကြည့်ပါ။ [မဿဲ ၇:၁၂ ကိုဖတ်ပါ။] ဒီနှစ်လို့ဖွယ်အကြံပြုချက်နဲ့ လူသားအကျိုးပြု အခြားအကြံပြုချက်တွေက လူတန်းစားအမျိုးမျိုး၊ အလွှာပေါင်းစုံကလူတွေကို ဘယ်လိုအကျိုးပြုတယ်ဆိုတာ ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၁၇ ကနေစပြီး ဖတ်ရှုနိုင်ပါတယ်။ လက်ဆောင်ပေးခဲ့ပါရစေ။”
ကင်းမျှော်စင် မေ ၁
“ဆင်းရဲဒုက္ခတွေကို ဘုရားသခင်ဘာကြောင့် ခွင့်ပြုသလဲဆိုတာ စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူအများစုမေးတဲ့ မေးခွန်းကို ကျမ်းရေးသူတစ်ဦး ဘယ်လိုဖော်ပြခဲ့တယ်ဆိုတာ ဖတ်ကြည့်ရအောင်။ [ဆာလံ ၁၀:၁ ကိုဖတ်ပါ။] ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင်ဘာကြောင့် ခွင့်ပြုသလဲဆိုတာနဲ့ ဒါတွေကို ဘယ်လိုပပျောက်အောင် လုပ်ပေးမယ်ဆိုတာကို ဒီမဂ္ဂဇင်းမှာ ဆန်းစစ်ထားတယ်။”
နိုးလော့ မေ
“လူအတော်များများက ဆေးလိပ်ဖြတ်ချင်ပေမဲ့ ဖြတ်ဖို့အခက်တွေ့နေကြတယ်။ ဆေးလိပ်ဖြတ်ချင်တဲ့လူတစ်ဦးဦးကိုများ သိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိတ်ဆွေတွေနဲ့ မိသားစုတွေရဲ့ အကူအညီက အထောက်အကူဖြစ်တယ်ဆိုတာ လူတချို့ တွေ့ရှိခဲ့ကြတယ်။ [ဒေသနာ ၄:၁၂က ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ဆေးလိပ်ဖြတ်နိုင်တဲ့ လက်တွေ့ကျအကြံပြုချက်တချို့ကို ဖော်ပြထားတယ်။”