သီချင်း ၃၃
သူတို့ကိုမကြောက်နှင့်
၁။ အစဉ်ရှေ့တိုး ငါ့လူမျိုးတို့၊
နိုင်ငံတော်သတင်း ကြွေးကြော်။
မကြောက်နှင့် ရန်သူရှေ့မှာ။
တရားမှန်ချစ်သူတွေ သိစေ၊
စိုးစံသားတော် ခရစ်တော်ယေရှု၊
ကောင်းကင်မှမောင်းချ ရန်သူ၊
စာတန်ကို ချုပ်ထားလုနီးပြီ၊
သူ့သားကောင်များ လွတ်တော့မည်။
(ထပ်ကျော့ပိုဒ်)
ချစ်ရသောသူတို့၊ မကြောက်နှင့်၊
ကြွားဝါခြိမ်းခြောက်ကြသော်ငြား။
သစ္စာရှိတို့ ငါစောင့်ရှောက်မှာ၊
ငါ့ကြေးမုံမျက်ရှုပမာ။
၂။ လွန်မြောက်မြားလှ သင့်ရန်သူများ၊
ခြိမ်းခြောက်ပုတ်ခတ်ကြသော်ငြား၊
မြှောက်ပင့်၍ ပြုံးပြသော်ငြား၊
လှည့်ဖြားဖို့အကြံနှင့်သာ။
သစ္စာရှိစစ်သား မကြောက်နှင့်၊
ညှဉ်းပန်းနှိပ်စက်ခံရငြား၊
ငါစောင့်ထိန်းမည် သစ္စာစောင့်များ၊
လုံးဝအောင်ပွဲ ရသည့်တိုင်။
(ထပ်ကျော့ပိုဒ်)
ချစ်ရသောသူတို့၊ မကြောက်နှင့်၊
ကြွားဝါခြိမ်းခြောက်ကြသော်ငြား။
သစ္စာရှိတို့ ငါစောင့်ရှောက်မှာ၊
ငါ့ကြေးမုံမျက်ရှုပမာ။
၃။ မစိုးရိမ်နှင့် သင့်ကိုမစွန့်၊
ခွန်အားနှင့်ဒိုင်း ငါစဉ်ဖြစ်။
စစ်မြေတွင် ကျဆုံးသော်လည်း၊
သေမင်း ငါ့ထံ အညံ့ခံ။
ခန္ဓာသာသတ် အသက်ဖျက်ဆီး၊
မတတ်နိုင်သူ မကြောက်နှင့်။
အဆုံးတိုင်အောင် သစ္စာရှိပါ၊
သင့်ပန်းတိုင်သို့ ပို့ပေးမည်။
(ထပ်ကျော့ပိုဒ်)
ချစ်ရသောသူတို့၊ မကြောက်နှင့်၊
ကြွားဝါခြိမ်းခြောက်ကြသော်ငြား။
သစ္စာရှိတို့ ငါစောင့်ရှောက်မှာ၊
ငါ့ကြေးမုံမျက်ရှုပမာ။
(တရား. ၃၂:၁၀; နေ. ၄:၁၄; ဆာ. ၅၉:၁; ၈၃:၂၊ ၃ တို့ကိုလည်းကြည့်ပါ။)