ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၃ စာ. ၄-၅
  • သင့်ရဲ့ အနာဂတ်ကို တကယ်တမ်း သတ်မှတ်ပေးတာက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ရဲ့ အနာဂတ်ကို တကယ်တမ်း သတ်မှတ်ပေးတာက ဘာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူအများ ယုံကြည်ရာ
  • ဘာအကျိုး ရသလဲ
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို လူတိုင်း လိုချင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • လူဝင်စားခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဝင်စားခြင်းကိုအသင်ယုံကြည်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • လူကောင်းဖြစ်မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အနာဂတ် ရနိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၃ စာ. ၄-၅
ရုပ်ပုံများ– ၁။ ဗေဒင်ဆရာမတစ်ယောက်က လူတစ်ယောက်ကို တားရော့ကတ်ဖတ်ပြီး ဟောနေစဉ်။ ၂။ ဖုန်းရွှေ စက်ဝိုင်းတစ်ခုနဲ့ အိမ်တစ်အိမ်ရဲ့ ပုံကြမ်းတစ်ခု။ ၃။ လူတစ်ယောက်က ကွယ်လွန်သွားတဲ့ ဘိုးဘေးရှေ့မှာ အစားအသောက်၊ ပန်း၊ အမွှေးတိုင် ပူဇော်နေစဉ်။

သင့်ရဲ့ အနာဂတ်ကို တကယ်တမ်း သတ်မှတ်ပေးတာက ဘာလဲ

ကံကြမ္မာက ဘဝကို ထိန်းချုပ်ထားတယ်လို့ လူများစွာ ယုံကြည်ကြတယ်။ အဲဒီလို ယုံကြည်လို့ သူတို့ရဲ့ ဘဝကို တိုးတက်ကြီးပွားစေနိုင်မယ့် ထုံးတမ်းဓလေ့တွေကို လိုက်စားကြတယ်။

လူအများ ယုံကြည်ရာ

နက္ခတ်ဗေဒင်ပညာ– ကိုယ့်ရဲ့ အနာဂတ်က ကိုယ်မွေးတဲ့ အချိန်မှာ ဖြစ်တည်နေတဲ့ ကြယ်နက္ခတ်တွေအပေါ် မူတည်တယ်လို့ တချို့ ယုံကြည်ကြတယ်။ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ဖို့၊ လုပ်ငန်းတွေ အောင်မြင်ဖို့ ဗေဒင်ဆရာဆီ သွားကြတယ်၊ ဇာတာ ကြည့်ကြတယ်။

ဖုန်းရွှေ– တချို့ကျတော့ အောင်မြင်မှုရဖို့ ကိုယ့်ရဲ့ဝန်းကျင်နဲ့ မမြင်ရတဲ့ သဘာဝစွမ်းအားတွေကို သဟဇာတ ဖြစ်စေရမယ်လို့ ယုံကြည်ကြတယ်။ ဟောင်ကောင်မှာနေတဲ့ လိုဝင်a ဒီလိုပြောတယ်– “ကျွန်တော့်ဆိုင်ရဲ့ နေရာတစ်နေရာမှာ အထူးကျောက်တစ်မျိုးကို ထားရင် ဈေးရောင်းကောင်းမယ်လို့ ဖုန်းရွှေ ပညာရှင်တစ်ယောက်က ပြောတယ်။”

ဘိုးဘေးကိုးကွယ်မှု– တချို့ကျတော့ သေသွားတဲ့ ဘိုးဘေးတွေနဲ့ ဘုရားအမျိုးမျိုးကို ကိုးကွယ်ရင် ကာကွယ်မှုနဲ့ ကောင်းချီးမင်္ဂလာရမယ်လို့ ယုံကြည်ကြတယ်။ ဗီယက်နမ်မှာနေတဲ့ ဗန် ဒီလိုပြောတယ်– “ဘိုးဘေးတွေကို ကန်တော့ရင် အခုလည်း အဆင်ပြေမယ်၊ ကျွန်မနဲ့ ကလေးတွေရဲ့ အနာဂတ်အတွက်လည်း လုံခြုံစိတ်ချရမယ်လို့ ယုံကြည်တယ်။”

ပြန်ဝင်စားခြင်း– တချို့ကျတော့ လူဟာ သေမယ်၊ ပြန်မွေးဖွားမယ် ဆိုတဲ့ မပြီးဆုံးတဲ့ သံသရာကို ယုံကြည်ကြတယ်။ အခုဘဝမှာ ခံစားနေရတဲ့ အကောင်း၊ အဆိုးတွေဟာ အရင်ဘဝက လုပ်ခဲ့တဲ့ အကျိုးဆက်တွေလို့ ယုံကြည်ကြတယ်။

တချို့ကျတော့ အဲဒါတွေဟာ အယူသီးမှုတွေလို့ ယူဆကြတယ်။ အဲဒါတွေကို မယုံကြည်ဘူးလို့ ပြောပေမဲ့ လက္ခဏာကြည့်တာ၊ ဇာတာဖတ်တာ၊ အင်းကွက် သုံးတာ၊ ဗေဒင်မေးတာ၊ တားရော့ကတ်ကြည့်တာတွေ လုပ်ကြတယ်။ အဲဒါတွေကနေတစ်ဆင့် သူတို့ရဲ့ အနာဂတ်ကို သိရမယ်လို့ ထင်နေကြတယ်။

ဘာအကျိုး ရသလဲ

အဲဒါတွေကို ယုံကြည်ပြီး လိုက်စားသူတွေဟာ ကောင်းတဲ့ ဘဝနဲ့ လုံခြုံတဲ့ အနာဂတ်ကို ရခဲ့ကြသလား။

ဗီယက်နမ်မှာနေတဲ့ ဟောမ်ဟာ အကူအညီရဖို့ ဗေဒင်ပညာ၊ ဖုန်းရွှေပညာကို လိုက်စားတယ်၊ ဘိုးဘေးတွေကို ကိုးကွယ်တယ်။ သူအောင်မြင်ခဲ့သလား။ ဒီလိုပြောပြတယ်– “ကျွန်တော် စီးပွားပျက်သွားတယ်။ အကြွေးနစ်သွားတယ်။ မိသားစုမှာ ပြဿနာတွေ တက်တယ်။ အကြီးအကျယ် စိတ်ပျက်ခဲ့ရတယ်။”

ထိုင်ဝမ်က ချောင်မင်လည်း နက္ခတ်ဗေဒင်၊ ပြန်ဝင်စားခြင်း၊ ကံကြမ္မာ၊ ဖုန်းရွှေ၊ ဘိုးဘေးကိုးကွယ်မှုကို ယုံကြည်တယ်။ အဲဒါတွေကို သေချာလေ့လာပြီးနောက် သူဒီလိုပြောတယ်– “အဲဒီ အယူတွေ၊ ဓလေ့ထုံးစံတွေဟာ ရှေ့နောက်မညီဘူး၊ ရှုပ်ထွေးနေမှန်း သိလာတယ်။ ဗေဒင် ဟောတာတွေလည်း မမှန်ဘူး။ ပြန်ဝင်စားတယ်လို့ ပြောရင်လည်း အရင်ဘဝအကြောင်း မမှတ်မိရင် နောင်ဘဝမှာ ပိုကောင်းအောင် ဘယ်လို ပြုပြင်နိုင်မလဲ။”

“အဲဒီ အယူတွေ၊ ဓလေ့ထုံးစံတွေဟာ ရှေ့နောက်မညီဘူး၊ ရှုပ်ထွေးနေမှန်း သိလာတယ်။”—ချောင်မင်၊ ထိုင်ဝမ်

ဟောမ်၊ ချောင်မင်နဲ့ တခြားသူတွေဟာ ကိုယ့်အနာဂတ်ကို ကံကြမ္မာ၊ ကြယ်နက္ခတ်၊ သေသွားတဲ့ ဘိုးဘေးတွေ၊ ပြန်လည်မွေးဖွားခြင်း စတာတွေက မသတ်မှတ်ပေးမှန်း သိလာကြတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ အနာဂတ်ကို ပိုကောင်းအောင် မလုပ်နိုင်တော့ဘူးဆိုတဲ့ သဘောလား။

ကိုယ့်ရွေးချယ်မှု အရေးပါ

ဖြစ်လာမယ့် အရာတွေကိုတော့ ကိုယ်တိုင် မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ရွေးချယ်မှုက အနာဂတ်အတွက် အရေးကြီးမှန်း အတွေ့အကြုံကနေ သိရတယ်။ ဥပမာ၊ ကိုဗစ်-၁၉ လို ရောဂါပိုးတွေ ပျံ့နှံ့လာတဲ့အခါ ဘာကြောင့် လက်ဆေးသလဲ၊ နှာခေါင်းစည်း တပ်ကြသလဲ။ အဲဒီလို လုပ်တာက အသက်ကို ကာကွယ်ပေးလို့ပါ။ ကိုယ့်ရွေးချယ်မှုက အရေးကြီးမှန်း ထင်ရှားပါတယ်။

ရလဒ်ကောင်းတွေ ရချင်ရင် ရွေးချယ်မှု မှန်ကန်ဖို့ လိုတယ်။ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်က ပညာရှိတစ်ယောက် ဒီလို ဥပမာပေး ပြောပြခဲ့တယ်– “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”b

ပိုကောင်းတဲ့ အနာဂတ်ရချင်ရင် အဆင့်မြင့်ပညာ လိုက်စားရမယ်၊ စည်းစိမ်ဥစ္စာ ရှာရမယ်လို့ လူများစွာက ယူဆကြတယ်။ အဲဒါကို ရွေးချယ်ခဲ့သူတွေ ဘာရလဒ် ရခဲ့ကြသလဲ။

a ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးတွေမှာ ပါတဲ့ နာမည်တချို့ကို ပြောင်းထားပါတယ်။

b အဲဒီအဆိုကို သမ္မာကျမ်းစာထဲက ဂလာတိ ၆:၇ မှာတွေ့ရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ