မာတိကာ
ဧပြီ ၂၀၁၃
© 2013 Watch Tower Bible and Tract Society of Pennsylvania. All rights reserved.
မျက်နှာဖုံးအကြောင်းအရာ– အိမ်တွင်းအကြမ်းဖက်မှု မရှိတော့မယ့်အချိန် ၈–၁၁
၄ မိသားစုတွေအတွက် အကူအညီ နာကျင်စေတဲ့အပြောအဆိုကို ရှောင်နိုင်ပုံ
၆ တွေ့ဆုံမေးမြန်းခန်း “သက်ရှိတွေကို ဘုရားသခင် ပုံစံဒီဇိုင်းရေးဆွဲထားတယ်လို့ ကျွန်တော်ယုံတယ်”
၁၂ သူတို့မြေ၊ သူတို့ဓလေ့ အင်ဒိုနီးရှားသို့ အလည်တစ်ခေါက်
၁၄ သမ္မာကျမ်းစာရှုထောင့် ကျန်းမာရေး
၁၆ ကျွန်ုပ်တို့ဝက်ဘ်ဆိုက်ထဲ အလျင်အမြန်ဝင်နိုင်တဲ့နည်း
အွန်လိုင်းမှာဖတ်နိုင်ရာ www.pr2711.com/mya
ဆယ်ကျော်သက်များ
လူငယ်များအမေး . . .
အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ
အခု အသက် ၂၀ ရှိပြီဖြစ်တဲ့ စေလင်း ငယ်စဉ်ကကြုံခဲ့တဲ့အဖြစ်ကို ခုလိုပြောပြတယ်– “ကျွန်မကိုခေါ်တဲ့ နာမည်ပြောင်တွေ၊ ပြောတဲ့စကားတွေကို ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး။ အသုံးမကျတဲ့သူ၊ အပယ်ခံ၊ အရည်မရအဖတ်မရသူတစ်ယောက်လို့ ခံစားခဲ့ရတယ်။ အဲဒီလိုပြောဆိုခံရတာက အသားနာတာထက် ပိုခံရခက်တယ်။” အင်တာနက်မှာတင်ထားတဲ့ ဒီဆောင်းပါးမှာ ဒီမေးခွန်းတွေကို ဖြေဆိုပေးထားပါတယ်– ကလေးတွေက ဘာကြောင့် အနိုင်ကျင့်ကြတာလဲ။ ဘယ်သူတွေက အများဆုံး အနိုင်ကျင့်ခံရတတ်သလဲ။ အနိုင်ကျင့်ခံနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။
(ဒီနေရာမှာတွေ့နိုင်တယ်– သမ္မာကျမ်းစာသွန်သင်ချက်များ/ဆယ်ကျော်သက်များ)
ကလေးများ
ကျမ်းစာရုပ်ပြဇာတ်လမ်းကို ဖတ်ပါ။ ဒီကဏ္ဍကိုသုံးပြီး သမ္မာကျမ်းစာပါဇာတ်ကောင်တွေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာမူတွေအကြောင်း သင့်ကလေးတွေပိုသိလာအောင် ကူညီပေးပါ။
(ဒီနေရာမှာတွေ့နိုင်တယ်– သမ္မာကျမ်းစာ သွန်သင်ချက်များ/ကလေးများ)