ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၀/၁ စာ. ၁၅
  • သင်သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “ယေဟောဝါ၏နေ့” တွင် မည်သူကပ်ကျော်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ကိုယ်ကျိုးစွန့်ခြင်းနှင့် သစ္စာစောင့်သိခြင်း ပုံသက်သေတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၀/၁ စာ. ၁၅

သင်သိပါသလား

ခရစ်နှစ် ၇၀ မှာ ဂျေရုဆလင်မြို့ မပျက်စီးခင် ယုဒနယ်က ခရစ်ယာန်တွေ ထွက်ပြေးခဲ့ကြသလား။

ရှေးဂျေရုဆလင်မြို့ကို ရောမစစ်တပ် ဖျက်ဆီးနေ

“ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံလျက်ရှိကြောင်း သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုနီးပြီဟု သိမှတ်ကြလော့။ ထိုအခါ ယုဒနယ်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသော သူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။” (လုကာ ၂၁:၂၀၊ ၂၁) မကြာခင် ပျက်စီးတော့မယ့် ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး တပည့်တွေကို ဖော်ပြပါအတိုင်း ယေရှု လမ်းညွှန်ချက်ပေးခဲ့တယ်။ ယေရှုရဲ့ သတိပေးချက်ကို တပည့်တွေ လိုက်နာခဲ့တယ်ဆိုတဲ့ အထောက်အထားရှိသလား။

ယေရှုသေဆုံးပြီးနောက် ဆယ်စုနှစ် အတော်ကြာတဲ့အခါ စက်စ်တီးယပ်စ် ဂဲလပ်စ် ဦးဆောင်တဲ့ ရောမစစ်တပ်ဟာ ပုန်ကန်မှုကို နှိမ်နင်းဖို့ ပါလက်စတိုင်းနယ်ထဲကို ဝင်ရောက်လာတယ်။ အဲဒီလိုဝင်ရောက်လာတဲ့အကြောင်း အဲဒီခေတ်မှာ အသက်ရှင်ခဲ့တဲ့ ဂျုးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က အတည်ပြုခဲ့တယ်။ ရောမစစ်တပ်ကြီးဟာ ဂျေရုဆလင်မြို့ကို ဝိုင်းရံပြီး သိမ်းပိုက်လိုက်တော့မယ့်ပုံ ရတယ်။ ဒါပေမဲ့ ရုတ်တရက် ဗိုလ်ချုပ် ဂဲလပ်စ်ဟာ သူ့ရဲ့စစ်တပ်ကို တပ်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်။ ယုဒနယ်မှာရှိတဲ့ ခရစ်ယာန်တွေဟာ ဒေကာပေါလိ တောင်တန်းဒေသက ပဲလ္လမြို့ကို ထွက်ပြေးဖို့ အခွင့်အရေးရသွားတယ်လို့ ခရစ်ယာန် သမိုင်းပညာရှင် ယူစီးဘီးယပ်စ်က ပြောပြတယ်။

နှစ်အနည်းငယ်ကြာပြီး ခရစ်နှစ် ၇၀ ရောက်တော့ ဗိုလ်ချုပ် တိုက်တပ်စ် ဦးဆောင်တဲ့ ရောမစစ်တပ်ဟာ ဂျေရုဆလင်မြို့ကို ပြန်လာပြီး ဝိုင်းရံလိုက်တယ်။ ဒီတစ်ခါတော့ ရောမစစ်တပ်ဟာ ဂျေရုဆလင်မြို့ကို ဖျက်ဆီးလိုက်ပါတယ်။ သိန်းနဲ့ချီတဲ့ ဂျုးတွေဟာ ဂျေရုဆလင်မြို့မှာ ပိတ်မိနေပြီး အသတ်ခံလိုက်ရတယ်။

ပရောဖက်အုပ်စုဝင်တွေက ဘယ်သူတွေလဲ။

ရှမွေလ၊ ဧလိယ၊ ဧလိရှဲတို့နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေမှာ ပရောဖက်အုပ်စုဝင်တွေအကြောင်း ဖော်ပြထားတယ်။ ဥပမာ၊ ဧလိရှဲက ယေဟုကို အစ္စရေးဘုရင်အဖြစ် ခန့်အပ်တဲ့အခါ သူ့ခေါင်းပေါ်ကို ဆီလောင်းဖို့ ပရောဖက်အုပ်စုဝင်တစ်ယောက်ကို စေလွှတ်လိုက်တယ်။—၄ ဓမ္မရာဇဝင် ၉:၁-၄။

ပရောဖက်အုပ်စု၀င်တွေဟာ စုပေါင်းနေထိုင်ပြီး သွန်သင်ပေးတဲ့သူတွေ ဖြစ်တယ်လို့ ကျမ်းပညာရှင်တွေက ယူဆကြတယ်။ သူတို့ဟာ “အုပ်စုခေါင်းဆောင်အောက်မှာ ယာဝေး [ယေဟောဝါ] ရဲ့ အမှုဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အပ်နှံထား” ကြတဲ့သူတွေ ဖြစ်နိုင်တယ်လို့ ဂျာနယ်တစ်စောင် (Journal of Biblical Literature) မှာဖော်ပြထားတယ်။ (၄ ဓမ္မရာဇဝင် ၂:၁၂) တကယ်တော့ ယေဟုကို ဘုရင်အဖြစ် ခန့်အပ်တဲ့မှတ်တမ်းမှာ ဧလိရှဲ စေလွှတ်လိုက်တဲ့သူကို ပရောဖက်ရဲ့ နောက်လိုက်လို့ ဖော်ပြထားတယ်။—၄ ဓမ္မရာဇဝင် ၉:၄။

ပရောဖက်အုပ်စုဝင်တွေဟာ ရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်ကြပုံရတယ်။ ဧလိရှဲခေတ်က ပရောဖက်အုပ်စုတစ်စုဟာ ပုဆိန်တစ်လက် ငှားလာပြီး သူတို့နေစရာအိမ်ကို ကိုယ်တိုင်ဆောက်ကြတယ်လို့ ဆိုတယ်။ (၄ ဓမ္မရာဇဝင် ၆:၁-၅) ကွယ်လွန်သွားတဲ့ ပရောဖက်အုပ်စု၀င်တစ်ယောက်ရဲ့ ဇနီးသည်အကြောင်းကို ကျမ်းစာထဲမှာ ဖော်ပြထားတဲ့အတွက် အုပ်စုဝင်တချို့ဟာ အိမ်ထောင်သည်တွေ ဖြစ်နိုင်တယ်။ (၄ ဓမ္မရာဇဝင် ၄:၁) သစ္စာရှိ အစ္စရေးတွေဟာ ပရောဖက်အုပ်စုဝင်တွေကို အစားအသောက်တွေ ထောက်မပေးတယ်လို့ မှတ်တမ်းတစ်ခုမှာ ဖော်ပြထားတဲ့အတွက် သူတို့ကို တန်ဖိုးထား လေးမြတ်တယ်ဆိုတာ ထင်ရှားတယ်။—၄ ဓမ္မရာဇဝင် ၄:၃၈၊ ၄၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ