ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၁ စာ. ၁-၄
  • အပိုင်း ၂။ စိတ်အားတက်လာစေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပိုင်း ၂။ စိတ်အားတက်လာစေခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြင်ဆင်မှုလိုအပ်
  • မည်သို့ပြင်ဆင်နိုင်
  • ကျိုးကြောင်းဆင်ခြင်စာအုပ်ကို သင်အသုံးပြုနေပါသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ကြိုတင်ပြင်ဆင်မှုသည် ရွှင်လန်းမှုကို ဖြစ်စေ၏
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ထိရောက်သော နိဒါန်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို မည်သို့ပြုစုပျိုးထောင်နိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နဓ ၈/၉၁ စာ. ၁-၄

လယ်ကွင်းဓမ္မအမှုတွင်စိုးလ်အပြည့်ရှိလေ

အပိုင်း ၂။ စိတ်အားတက်လာစေခြင်း

၁ လုပ်ငန်းတစ်ခု၌ပျော်မွေ့သည့်အခါ ယင်းကြောင့်စိတ်အားတက်ကြွရန် လွယ်ကူပါသည်။ လုပ်ငန်းတစ်ခုအတွက် ပြင်ဆင်မှုရှိထားလျှင် ယင်းကိုပျော်ရွှင်စွာလုပ်ကိုင်နိုင်သည်ကား မှန်ပေသည်။ ကျွန်ုပ်တို့ဓမ္မအမှုကိုဆောင်ရွက်ရာတွင်လည်း ထိုတို့ပင်ဖြစ်သည်။​—၂ တိမောသေ ၄:၅။

ပြင်ဆင်မှုလိုအပ်

၂ လယ်ကွင်းဓမ္မအမှုတွင် စိတ်အားတက်ကြွခြင်းသည် ယင်းအတွက် မည်မျှအသင့်ရှိသည် လုပ်ငန်းတော်၌ မည်မျှပါဝင်သည့်အပေါ် အခြေခံသည်။ ဥပမာ၊ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် တွေ့ဆုံသူတစ်ဦးသည် မူစလင်တစ်ဦးဖြစ်ကြောင်းပြောဆိုလျှင် ဘာပြောနိုင်မည်နည်း။ ကောင်းစွာပြင်ဆင်ထားသောကြေညာသူဖြစ်ပါက “ဟုတ်လား။ မူစလင်များများနှင့်တော့မဆွေးနွေးဖူးဘူး။ ဒါပေမယ့် ဒီလက်စွဲသုံးစာအုပ်ထဲမှာ ခင်ဗျားဘာသာရဲ့သွန်သင်ချက်တချို့ကိုဖတ်ဖူးတယ်။ [Reasoning စာအုပ်၊ စာမျက်နှာ ၂၃ သို့] ယေရှုဟာ ပရောဖက်တစ်ပါးဖြစ်တယ်လို့ ခင်ဗျားတို့ယုံကြည်ပြီး မိုဟာမက်ကျတော့ အရေးကြီးတဲ့နောက်ဆုံးပရောဖက်ဖြစ်တယ်လို့ ယူမှတ်တယ်ဆို။ [ဖြေပါစေ။] မောရှေလည်း ပရောဖက်မှန်တစ်ဦးဖြစ်တယ်လို့ ယူမှတ်သလား။ [ဖြေပါစေ။] ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမအကြောင်း မောရှေကိုဘုရားသခင်ဘာသင်ပေးခဲ့တယ်ဆိုတာ သန့်ရှင်းသောစာစောင်များကနေ ပြခွင့်ရှိမလား။” ထို့နောက် ထွက်မြောက်ရာ ၆:၃ ကိုဖတ်ပြနိုင်သည်။ ဤနည်းဖြင့် စိတ်ဝင်စားမှုနှိုးဆော်ပေးနိုင်မည်။

၃ စာမျက်နှာအတိအကျ လူတိုင်းမှတ်မိနိုင်မည်မဟုတ်ပါ။ သို့သော် ပြင်ဆင်မှုနှင့်လေ့ကျင့်မှုအနည်းငယ်ဖြင့် Reasoning စာအုပ်၏အစပိုင်းပါ “အပြန်အလှန်စကားပြောခြင်းကိုရပ်တန့်ခြင်း” ကိုအသုံးပြုနိုင်မည်။ ထိုအပိုင်းတွင် ဘာသာရပ်တစ်ခု၏ဘာသာဝင်ဖြစ်ကြောင်းပြောဆိုသူတို့အား မည်သို့တုံ့ပြန်နိုင်သည့်အချက်အလက်များစွာကိုတင်ပြထားသည်။

၄ Reasoning စာအုပ်တွင် နိဒါန်းများစွာကိုလည်းတင်ပြထားသည်။ သင့်နိဒါန်းများကို ၄င်းတို့အတိုင်းပြောရန် စမ်းကြည့်ပါ။ အခြေအနေအလိုက် ပြုပြင်ပြောဆိုရန်လိုကောင်းလိုမည်။ Reasoning စာအုပ်ပါအကြောင်းများစွာ၏အဆုံးတွင် “တစ်ဦးတစ်ယောက် ဤသို့ပြောဆိုခဲ့သော်” ဟူ၍ပါသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မည်၊ ကန့်ကွက်မည်ဆိုလျှင် မည်သို့ဖြေဆိုနိုင်ကြောင်းတင်ပြထားသည်။ သို့ရာတွင် ဤအချက်အလက်အားလုံးကို ဟောပြောချက်ပြင်ဆင်ရာတွင် အသုံးပြုမှသာတန်ဖိုးရှိမည်ဖြစ်သည်။

မည်သို့ပြင်ဆင်နိုင်

၅ လုပ်ငန်းတော်စည်းဝေးတွင် အသုံးပြုမည့် မည်သည့်စာပေကိုမဆိုသတိပြုပါ။ ဆွေးနွေးသရုပ်ပြသည့်အခါ ယင်းတို့ကိုဖွင့်ကြည့်နိုင်ရန် ယူဆောင်ထားပါ။ ဤနည်းဖြင့် သူတစ်ပါး၏ပြင်ဆင်မှုမှ အသင်အပြည့်အဝအကျိုးခံစားရလိမ့်မည်။

၆ လုပ်ငန်းတော်အတွက်ပြင်ဆင်ရန် အချိန်အနည်းငယ်ပေးခြင်းက အကျိုးရှိသည်။ သင်လိုအပ်သောစာပေကို ဝယ်ယူထားပါ။ အပြန်အလှန်စကားအတွက်အကြောင်းအရာကို မိနစ်အနည်းငယ်အချိန်ယူဖတ်ရှုပါ။ အသုံးပြုထားသောကျမ်းချက်များကို ပြန်သုံးသပ်ပါ။ ဝေငှရမည့်စာပေမှ ပြောဆိုတင်ပြနိုင်သည့်အချက်များကို စစ်ဆေးကြည့်ပါ။ ယင်းကိုမိသားစုလိုက်ပြုလုပ်မည်ဆိုလျှင် အကူအညီဖြစ်ပေမည်။

၇ လေ့ကျင့်ခန်းများပြုလုပ်ပါ။ အသင်းတော်စာအုပ်ကြီးသင်တန်း၊ အချင်းချင်းပေါင်းသင်းချိန်များ၊ ခရီးသွားလာစဉ်၊ တစ်အိမ်မှတစ်အိမ်ကြား အစရှိသည့်အချိန်အခါများတွင် လေ့ကျင့်နိုင်ပါသည်။ ဟောပြောချက်များဆွေးနွေး၍ ကန့်ကွက်ချက်များကို မည်သို့ကိုင်တွယ်မည်ကို သရုပ်ပြခြင်းသည် အမှန်ပျော်ရွှင်စရာကောင်းပါသည်။ မိမိတို့စွမ်းရည်များကို ထက်မြက်လာစေရန် အခွင့်ကောင်းများလည်းဖြစ်သည်။

၈ ဝီရိယစိုက်ထုတ်ပြင်ဆင်ခြင်းအားဖြင့် ဓမ္မအမှုအတွက် စိတ်အားတက်ကြွမှုကိုတိုးပွားစေ၍ ကျွမ်းကျင်သောအမှုဆောင်များဖြစ်လာကြသည့်အခါ ပျော်ရွှင်မှုပေးသောကျေနပ်မှုရှိစေမည်အမှန်။​—ယောဟန် ၂:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ