မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက်. ၁၅
“ဘာသာတရားအားလုံးလိုလိုမှာ အမှန်တရားကိုချစ်မြတ်နိုးတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ ဘာသာတရားအများစုဟာ လူသားတွေကို စိတ်ဝမ်းကွဲစေပါတယ်။ နှလုံးရိုးဖြောင့်သူတွေကို စည်းစည်းလုံးလုံးရှိစေဖို့ ဘယ်အရာလိုမလဲ။ [တုံ့ပြန်မှုရပြီးနောက် ဇေဖနိ ၃:၉ ကိုဖတ်ပြပါ။] စစ်မှန်တဲ့ဘုရားသခင်ကိုသိကျွမ်းခြင်းက နေရာဒေသတိုင်းမှာရှိတဲ့လူတွေကို ဘယ်လိုစည်းလုံးမှုရှိစေတယ်ဆိုတာ ဒီမဂ္ဂဇင်းက ဖော်ပြပါတယ်။”
နိုးလော့! စက်. ၂၂ [လိပ်]
“ကျွန်တော်တို့အများစုဟာ စားစရာတွေ အမြဲပေါများမယ်ဆိုပြီး ပေါ့ပေါ့တန်တန်သာတွေးတောကြပါတယ်။ ဒါပေမဲ့ ခုအချိန်မှာ သိပ္ပံပညာကြောင့် ကျွန်တော်တို့ရဲ့စားနပ်ရိက္ခာရှားပါးလာမှာကို စိုးရိမ်နေရပါတယ်။ ဒီမဂ္ဂဇင်းက အဲဒီစိုးရိမ်မှုတွေထဲကတချို့အပြင် စစ်မှန်တဲ့ ပြဿနာဖြေရှင်းနည်းအတွက် ကျမ်းစာမျှော်လင့်ချက်ကိုပါ ရှင်းပြပေးပါတယ်။”
ကင်းမျှော်စင် အောက်. ၁
“ဘုရားသခင်ကိုယုံကြည်ခြင်းဟာ လူကြိုက်မများတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာ မိတ်ဆွေသဘောတူမှာပါ။ ဒါပေမဲ့ အဲဒီလိုဘာကြောင့်ဖြစ်ရတာလဲ။ [တုံ့ပြန်မှုရပြီးနောက် ဟေဗြဲ ၁၁:၁ ကိုဖတ်ပြပါ။] စစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာဘာလဲ၊ ကျွန်တော်တို့ဆီမှာ ယုံကြည်ခြင်းရှိရင် ဒါမှမဟုတ် မရှိရင် ဘာထူးခြားမှုရှိသလဲဆိုတာကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားပါတယ်။”
နိုးလော့! အောက်. ၈ [လိပ်]
“မိတ်ဆွေသိတဲ့အတိုင်း ဟယ်လိုဝီးန်ပွဲဟာ အလွန်လူကြိုက်များတဲ့ပွဲတစ်ခုဖြစ်တယ်၊ အဲဒီပွဲကို ကလေးတွေသဘောကျကြတယ်။ အဲဒီပွဲရဲ့ဇာစ်မြစ်ကိုလေ့လာဖို့ အခွင့်အရေးရဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အထူးသဖြင့် မိတ်ဆွေဟာ စိုးရိမ်ပူပန်တတ်တဲ့မိဘတစ်ဦးဖြစ်မယ်ဆိုရင် ဒီအကြောင်းအရာဟာ အလွန်စိတ်ဝင်စားစရာကောင်းတာကို တွေ့ရမှာဖြစ်တယ်။”