မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက် ၁
“ဒီနေ့လူအတော်များများက ဘာသာတရားကို စိတ်မဝင်စားကြတော့ဘူး။ ဘာသာတရားကိုင်းရှိုင်းတာက လူကောင်းတစ်ယောက်ဖြစ်လာစေတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီနောက်ဆုံးကာလအတွင်း လူတချို့က ဘာသာတရားမှာ ဘာကိုရှာဖွေကြမယ်ဆိုတဲ့အကြောင်း ကျမ်းစာက ကြိုပြောတယ်။ [၂ တိမောသေ ၄:၃၊ ၄ ကိုဖတ်ပါ။] စစ်မှန်တဲ့ဝတ်ပြုရေးက ဘုရားသခင်ကို ဘယ်လိုဂုဏ်တင်ပြီး ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုတယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”
နိုးလော့! စက်.
“ဘုရားသခင်ရှိတယ်လို့ယုံကြည်တာက သိပ္ပံပညာနဲ့ညီ,မညီဆိုတာ လူအတော်များများ သိချင်ကြတယ်။ မိတ်ဆွေဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေဗြဲ ၃:၄ ကိုဖတ်ပါ။] ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာ သိပ္ပံပညာရှင်တချို့ ယုံကြည်ရတဲ့ အထောက်အထားကို ဒီအထူးထုတ်နိုးလော့!က ဆန်းစစ်ထားတယ်။”
ကင်းမျှော်စင် စက်. ၁၅
လူတို့စိုးရိမ်နေသည့် လတ်တလောသတင်းတစ်ခုကို ဖော်ပြပြီးနောက် ဤသို့မေးပါ– “ဒီကျမ်းစကားက ကျွန်တော်တို့အသက်ရှင်နေရတဲ့အချိန်ကို တိတိကျကျဖော်ပြတယ်လို့ မိတ်ဆွေထင်သလား။ [၂ တိမောသေ ၃:၁ ကိုဖတ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆောင်းပါးက နောက်ဆုံးကာလမှာ ကျွန်တော်တို့အသက်ရှင်နေတယ်ဆိုတဲ့ အထောက်အထားကို ဆန်းစစ်ထားပြီး ကျွန်တော်တို့ဘာလုပ်သင့်တယ်ဆိုတာ ဖော်ပြထားတယ်။”
နိုးလော့! စက်.
“ကျွန်တော်တို့ ဖန်ဆင်းခံခဲ့ရတယ်လို့ လူအတော်များများ ယူဆကြတယ်။ တချို့ကတော့ ဆင့်ကဲဖြစ်လာတာလို့ ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအကြံပြုချက်က မှန်ကန်တဲ့ကောက်ချက်ချစေနိုင်တယ်ဆိုတာ သတိပြုကြည့်ပါ။ [ယောဘ ၁၂:၇၊ ၈ ကိုဖတ်ပါ။] သဘာဝတရားမှာပေါ်လွင်နေတဲ့ ဉာဏ်ပညာနဲ့ဒီဇိုင်းကနေ ဘာသင်ယူနိုင်သလဲဆိုတာ ဒီအထူးထုတ်နိုးလော့! က ဆွေးနွေးထားတယ်။”