မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက်တင်ဘာ ၁၅
“လူသန်းပေါင်းများစွာက ‘စိန့်တွေ’ မှာထူးခြားတဲ့တန်ခိုးရှိပြီး သူတို့ကတစ်ဆင့် ဆုတောင်းရင် အကျိုးရှိမယ်လို့ ယုံကြည်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုပြောခဲ့တဲ့စကားကို သတိပြုပါ။ [ယောဟန် ၁၄:၆ ဖတ်။] ဒီစကားကြောင့် အချို့သူတွေဟာ ‘စိန့်တွေ’ ကတစ်ဆင့် ဆုတောင်းတဲ့အကြောင်းကို သိချင်ကြတယ်။ ဒီလထုတ် ကင်းမျှော်စင် က အဲ့ဒီအရေးကြီးတဲ့အကြောင်းကို ဆွေးနွေးထားတယ်။”
နိုးလော့! စက်တင်ဘာ ၂၂ [လိပ်]
“ဒီနေ့လူများစွာဟာ ဇီဝလက်နက်တွေအသုံးပြုတာအပါအဝင် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်။ လူ့အစိုးရတွေဟာ အကြမ်းဖက်မှုကို ဒီကမ္ဘာပေါ်ကနေ ဖယ်ရှားပေးနိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုစောင့်ပါ။] ဘုရားသခင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့အရာကို သမ္မာကျမ်းစာက ဖော်ပြပါတယ်။ [ယေဇကျေလ ၃၄:၂၈ ဖတ်။] ဒီ နိုးလော့! မဂ္ဂဇင်းက ပါဝင်ပတ်သက်တဲ့ကိစ္စအချို့ကို ဆန်းစစ်ဖော်ပြပါတယ်။”
ကင်းမျှော်စင် အောက်. ၁
“လူအများက ကျွန်တော်တို့ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ ဒုက္ခသုက္ခအားလုံး—စစ်ပွဲများ၊ ရာဇဝတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်များ—အဆုံးတိုင်ပါဦးမလားလို့ တွေးတောကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက စိတ်ချမ်းမြေ့စရာ ဒီအာမခံချက်ကို ပေးထားတယ်။ [ဆာလံ ၃၇:၁၀၊ ၁၁ ဖတ်။] ဆိုးသွမ်းမှုနဲ့ ဆိုးသွမ်းမှုကြောင့်ဖြစ်ရတဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့်အဆုံးမတိုင်စေသေးသလဲဆိုတာ ဒီမဂ္ဂဇင်းကရှင်းပြတယ်။”
နိုးလော့! အောက်. ၈ [လိပ်]
“ဒီကနေ့ မိဘတစ်ဦးတည်းရှိတဲ့ မိသားစုအရေအတွက် သိသိသာသာတိုးများလာပုံရတယ်။ ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်ဟာ သူတို့အပေါ် မေတ္တာကရုဏာထားတယ်လို့ သမ္မာကျမ်းစာကဖော်ပြတယ်။ [ဆာလံ ၁၄၆:၉ ဖတ်။] သားသမီးများကို အောင်မြင်စွာမွေးမြူဖို့ ကြင်ဖော်မဲ့မိဘတွေကို ကျမ်းစာမူများက ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဒီလထုတ် နိုးလော့! ကဖော်ပြပါတယ်။”