မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက်. ၁၅
“ခုခေတ်ကာလမှာ တချို့က မေတ္တာမရှိတဲ့အိမ်ထောင်ရေးမှာ သူတို့ချောင်ပိတ်မိနေပြီလို့ ခံစားကြရတယ်။ အဲလိုလူတွေဟာ ဘယ်နေရာမှာ အကူအညီတောင်းခံနိုင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ရဲ့ကျင့်ဝတ်မူတွေက ကျွန်တော်တို့ကိုကူညီပေးနိုင်တယ်လို့ သမ္မာကျမ်းစာက အာမခံထားတယ်။ [ဟေရှာယ ၄၈:၁၇၊ ၁၈ ဖတ်။] ဒီလထုတ် ကင်းမျှော်စင် က အိမ်ထောင်တစ်ခုကို ခိုင်မြဲစေနိုင်တဲ့ ကျမ်းစာကျင့်ဝတ်မူတွေကို သုံးသပ်ထားတယ်။”
နိုးလော့! စက်. ၂၂ [လိပ်]
“တိရစ္ဆာန်တွေမှာရှိတဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်ကြောင့် ကျွန်တော်တို့အံ့သြကြတယ်။ ဒါပေမဲ့ တချို့အရာတွေမှာ လူသားတွေဟာ တစ်မူထူးခြားတယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၆၅:၂ ကိုဖတ်ပါ။] တိရစ္ဆာန်တွေနဲ့မတူဘဲ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ ဆက်သွယ်ချင်တဲ့ဆန္ဒရှိကြတယ်။ ဒီမဂ္ဂဇင်းက လူတွေနဲ့ရော ဘုရားသခင်နဲ့ပါ ကောင်းတဲ့ဆက်သွယ်ရေး ဘယ်လိုရရှိနိုင်တယ်ဆိုတာကို ဆွေးနွေးထားတယ်။”
ကင်းမျှော်စင် အောက်. ၁
“‘ဘုရားသခင်ဟာ မေတ္တာရှိပြီး တန်ခိုးအကြီးဆုံးအရှင်ဖြစ်တယ်ဆိုရင် ဒုက္ခရောက်နေသူတွေရဲ့အကျိုးအတွက် ဘာကြောင့် ကြားဝင်ဆောင်ရွက်မပေးတာလဲ’ လို့ မိတ်ဆွေမေးဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မကြာခင် ကိုယ်တော်ဟာ ပြဿနာအားလုံးကို အဆုံးတိုင်စေပါလိမ့်မယ်။ [ဟေရှာယ ၆၅:၁၇ ဖတ်။] အခုလောလောဆယ်မှာ ကျွန်တော်တို့ဒုက္ခရောက်တဲ့အခါ ဘုရားသခင်ဟာ ဂရုမစိုက်ဘဲ ကြည့်နေရုံသာပြုမနေဘူးဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြတယ်။”
နိုးလော့! အောက်. ၈ [လိပ်]
“လယ်သမားများစွာဟာ ဝမ်းစာအတွက် လယ်လုပ်ငန်းကိုဆက်လုပ်ဖို့ အခက်တွေ့နေကြတယ်ဆိုတာ မိတ်ဆွေကြားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် နိုးလော့! က အဲဒီပြဿနာကိုသာမက အချိန်အခါကောင်း ရောက်တော့မယ်ဆိုတဲ့ ကျမ်းစာကတိတော်ကိုလည်း ဆွေးနွေးထားတယ်။ [ဆာလံ ၇၂:၁၆ ဖတ်။] ကျွန်တော်ပြန်လာတဲ့အခါ အဲဒါကို ဘုရားသခင် ဘယ်လိုဖြစ်မြောက်စေမယ်ဆိုတာ ရှင်းပြပေးချင်တယ်။”