မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက်. ၁၅
“ဆုတောင်းချက်တွေကို ဘုရားသခင် တကယ်ပဲနားထောင်တယ်လို့ ထင်ပါသလား။ ဘုရားသခင် တကယ်ပဲနားထောင်တယ်ဆိုရင် လူအတော်များများရဲ့ဆုတောင်းချက်တွေဟာ ဘာကြောင့် ဖြေကြားမခံရပုံပေါက်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေ ဖြေကြားခံရဖို့ ဘာလိုအပ်တယ်ဆိုတာ ဒီကျမ်းချက်က ရှင်းပြထားတယ်။ [ဆာလံ ၁၄၅:၁၈ ဖတ်ပါ။] ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ဘယ်လိုချဉ်းကပ်နိုင်တယ်ဆိုတာကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။”
နိုးလော့! စက်.
“သဘာဝဘေးဒဏ်တွေဟာ ဘုရားသခင်ရဲ့လုပ်ရပ်တွေလို့ ထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် တရားဟောရာ ၃၂:၄ ကိုဖတ်ပါ။] သဘာဝဘေးဒဏ်တွေဖြစ်လာတာကို ဘုရားသခင်ဘာကြောင့်ခွင့်ပြုထားရတဲ့အကြောင်း ဒီမဂ္ဂဇင်းကရှင်းပြထားတယ်။ ခင်ဗျားမိသားစုကို ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာကိုပါ တင်ပြထားတယ်။”
ကင်းမျှော်စင် အောက်. ၁
“ကျွန်တော်တို့နဲ့စကားပြောကြတဲ့ လူအတော်များများဟာ ဘဝပြဿနာတွေ ဖြေရှင်းဖို့ လက်တွေ့ကျတဲ့အကူအညီကို ရှာဖွေနေကြတယ်။ ကျွန်တော်တို့ရဲ့ပြဿနာတွေ ဖြေရှင်းဖို့ ဘုရားသခင်ကူညီပေးနိုင်မယ်လို့ထင်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာပြောတာကို သတိပြုကြည့်ပါ။ [ဆာလံ ၉၁:၂ ကိုဖတ်ပါ။] ဘုရားသခင်ဟာ ခင်ဗျားအတွက် ခိုလှုံရာဖြစ်တယ်ဆိုတာ အမှန်တကယ်ခံစားနိုင်ပုံကို ဒီမဂ္ဂဇင်းက ရှင်ပြထားတယ်။”
နိုးလော့! အောက်.
“အရင်ကထက် ယနေ့အချိန်ဟာ ကလေးတွေအတွက် ပိုအန္တရာယ်များလာတယ်လို့ ထင်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ဒီမှာဖော်ပြတဲ့အချိန်အတွင်းမှာ ကျွန်တော်တို့အသက်ရှင်နေတယ်လို့ လူအတော်များများ ခံစားကြရတယ်။ [၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။] မိမိတို့ရဲ့ကလေးတွေကို လိင်ဆိုင်ရာမတော်မတရားပြုသူတို့ရန်ကနေ မိဘတွေ ကာကွယ်ပေးနိုင်တဲ့ လက်တွေ့ကျအကြံဉာဏ်တချို့ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”