မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့်စည်းလုံးမှု —စစ်မှန်သောညီရင်းအစ်ကိုစည်းလုံးမှုကို ရှုစားခြင်း
တိုက်နယ်ကြီးကြပ်မှူးတစ်ဦးသည် အသင်းတော်စည်းဝေးများမတက်သေးသည့် အမျိုးသမီးတစ်ဦးနှင့်ကျင်းပသော ကျမ်းစာသင်အံမှုတစ်ခုတွင်ပါဝင်ခဲ့သည်။ သူသည် အမျိုးသမီးအား မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့်စည်းလုံးမှု ဟူသောဗီဒီယိုခွေကိုကြည့်ရန် ဖိတ်ခေါ်လိုက်သည်။ ထိုအပတ်တွင် အမျိုးသမီးသည် စည်းဝေးတစ်ခုကိုတက်ရောက်ကာ ထိုနေရာသို့ရောက်ခဲ့ရသည်ကို သူအလွန်ပျော်ကြောင်းပြောပြသည်။ ဤဗီဒီယိုခွေသည် အဘယ်ကြောင့် ဤမျှမြန်ဆန်သောအကျိုးကျေးဇူးများရရှိစေခဲ့သနည်း။ အကြမ်းဖက်ပြီး မုန်းတီးမှုပြည့်နှက်နေသော လောကအလယ်တွင် လှုပ်ရှားနေသည့် ကျွန်ုပ်တို့၏အဖိုးတန်ညီရင်းအစ်ကိုစည်းလုံးမှုကို သရုပ်ဖော်တင်ဆက်ထားခြင်းက အမျိုးသမီးအား အထင်ကြီးစွဲမှတ်စေခဲ့သည်။—ယော. ၁၃:၃၅။
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများအလယ်တွင်တွေ့ကြုံရသည့် ငြိမ်သက်မှုနှင့်မေတ္တာကို တွေ့ မြင်ခံစားရရန် ဤဗီဒီယိုခွေကိုကြည့်ပါ။ ထို့နောက် ဤမေးခွန်းများကို ဆင်ခြင်သုံးသပ်ပါ–
(၁) “မြင့်မြတ်သောသွန်သင်ခြင်း” ဟူသည် ၁၉၉၃-၉၄ ခုနှစ်စည်းဝေးကြီးများအတွက် အဘယ်ကြောင့် သင့်လျော်သောအဓိကအချက်ဖြစ်ခဲ့သနည်း။—မိ. ၄:၂။
(၂) ကျမ်းစာသမ္မာတရားဟူသည် မိသားစုအချို့အတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ သင့်အတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။
(၃) ယေဟောဝါ၏သွန်သင်မှုခံရရန် အဘယ်ကြောင့်အရေးကြီးသနည်း။—ဆာ. ၁၄၃:၁၀။
(၄) အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများအတွက်ပြင်ဆင်ရန် မည်သို့သောစိန်ခေါ်ချက်များကို ရင်ဆိုင်ရမည်နည်း။
(၅) ဆာလံ ၁၃၃:၁ နှင့် မဿဲ ၅:၃ တို့သည် သင်တက်ရောက်ခဲ့သော ခရစ်ယာန်စည်းဝေးကြီးများတွင် မှန်ကန်သည်ကို သက်သေထူခဲ့ကြောင်း မည်သို့တွေ့ရှိခဲ့ရပြီနည်း။
(၆) မြင့်မြတ်သောသွန်သင်ခြင်း၏ တန်ခိုးပါသောအကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ အဘယ်လူထုအထောက်အထားရှိသနည်း။—ဗျာ. ၇:၉။
(၇) စစ်မှန်သောခရစ်ယာန်များနှစ်ခြင်းခံခဲ့သမျှတွင် အများဆုံးနှစ်ခြင်းခံခဲ့သူအရေအတွက်ကား အဘယ်နည်း။
(၈) မိက္ခာ၊ ပေတရုနှင့် ယေရှုတို့၏အဘယ်စကားများသည် ယေဟောဝါ၏လူမျိုးအလယ်တွင် ပြည့်စုံနေသနည်း။
(၉) ပျော်ရွှင်စည်းလုံးသောလူ့မိသားစုသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာမဟုတ်ကြောင်း သင့်အား အဘယ်အရာကသက်သေပြသနည်း။
(၁၀) သင်သည် ဤဗီဒီယိုခွေကို မည်သူတို့အားပြမည်နည်း၊ အဘယ်ကြောင့်နည်း။
ဤဗီဒီယိုကိုကြည့်ပြီးနောက် ညီအစ်မတစ်ဦးက ဤသို့ဆီလျော်စွာအကျဉ်းချုပ်ပြောခဲ့သည်– “ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေဟာ . . . ယခုလောလောဆယ်အချိန်အတွင်းမှာတောင် ယေဟောဝါကို သစ္စာရှိရှိအမှုထမ်းနေကြတယ်ဆိုတာကို ကျွန်မရဲ့စိတ်မှာ ပိုပြီးစွဲမှတ်နေဖို့ ဒီဗီဒီယိုက အကူအညီပေးသွားမှာပါပဲ။ . . . ကျွန်မတို့ရဲ့ ညီရင်းအစ်ကိုစည်းလုံးမှုဟာ တကယ်ပဲ တန်ဖိုးရှိလိုက်တာ!”—ဧ. ၄:၃။