မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်. ၁၅
“ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ကမ္ဘာတစ်ခုဖြစ်လာဖို့ ဘယ်အရာလိုမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူသားများဟာ အစစအရာရာတိုးတက်ကောင်းမွန်လာအောင် အစိုးရပုံစံတစ်ခုပြီးတစ်ခုစမ်းခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ရှုမြင်ပုံကို သတိပြုပါ။ [ယေရမိ ၁၀:၂၃ ဖတ်။] ဒီဆောင်းပါးက ‘ပျော်ရွှင်တဲ့ကမ္ဘာရဲ့သော့ချက်’ နဲ့ မကြာခင်မှာ အဲဒီကမ္ဘာဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာကို ဖော်ပြပါတယ်။”
နိုးလော့! အောက်. ၂၂ [လိပ်]
“အခုခေတ်လူတွေဟာ အရင့်အရင်ကထက် ဖိစီးမှုတွေပိုခံနေရပုံပေါက်တယ်ဆိုတာ မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုစောင့်ပါ။] အဲဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ကြိုဟောထားတယ်။ [၂ တိမောသေ ၃:၁ ဖတ်။] ဘဝဟာ လက်မြှောက်အရှုံးပေးရတဲ့အထိ အရမ်းခက်ခဲတယ်ဆိုတာကို လူသားများစွာတွေ့ရှိကြတယ်။ ဒီမဂ္ဂဇင်းက တကယ့်ကိုအားရှိစေပါတယ်။ စိတ်ပျက်မှုကို ဘယ်လိုတွန်းလှန်ရမယ်၊ အသက်ရှင်ရကျိုးနပ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖော်ပြပါတယ်။”
ကင်းမျှော်စင် နို. ၁
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်သတင်းတစ်ခုကို ဖော်ပြပြီးနောက် ဤသို့မေးပါ– “ဒီလိုဆိုးညစ်တဲ့အရာတွေကို လူတွေ ဘာကြောင့်လုပ်ကြတာလဲ။ ကျွန်တော်တို့အားလုံး အမှားအမှန်ကိုသိသင့်ပါတယ်၊ ဒါပေမဲ့ လူတွေဟာ မကောင်းမှုကိုဘဲ ဆက်လုပ်နေကြတယ်။ ဘာကြောင့်လဲ။ [တုံ့ပြန်မှုရပြီးနောက် ဗျာဒိတ် ၁၂:၉ ကိုဖတ်ပြပါ။] ဒီမဂ္ဂဇင်းက ကျွန်တော်တို့ရဲ့သြတ္တပ္ပစိတ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် မိမိတို့ကိုယ်ကိုကာကွယ်နိုင်ပုံကို ရှင်းပြပါတယ်။”
နိုးလော့! နို. ၂၂ [လိပ်]
“ကျွန်တော်တို့ဟာ အကြမ်းဖက်မှုရှိနေတဲ့အခါသမယမှာ အသက်ရှင်နေရတယ်ဆိုတာကို မိတ်ဆွေသဘောတူမှာပါ။ [တုံ့ပြန်မှုရပြီးနောက် ၂ တိမောသေ ၃:၃ ကိုဖတ်ပြပါ။] မိသားစုအသိုင်းအဝိုင်းမှာတောင် ‘ရက်စက်ကြမ်းကြုတ်’ မှုတွေကို မကြာခဏတွေ့ရပါတယ်။ ‘ရိုက်နှက်ခံရတဲ့အမျိုးသမီးများအတွက်အကူအညီ’ ဆိုတဲ့ ဒီဆောင်းပါးက မျှော်လင့်ချက်သတင်းတရားတစ်ခုကို ဖော်ပြပါတယ်။ ဒီအကြောင်းကို မိတ်ဆွေပြန်ဝေမျှပေးနိုင်မယ့်သူတစ်ဦးဦးကို သိမှာပါ။”