မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်. ၁၅
“ပညာရေးဟာ ဘဝအောင်မြင်ရေးအတွက် အဓိကကျတယ်လို့ လူတွေ ယူမှတ်ကြတယ်။ လူတစ်ယောက်ကို ပိုကောင်းလာစေပြီး ဘဝပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ပညာရေးမျိုးရှိမယ်လို့ သင်ထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ရောမ ၁၂:၂ ကိုဖတ်ပါ။] အကောင်းဆုံးပညာရေးကနေ ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်မယ်ဆိုတာကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားပါတယ်။”
နိုးလော့! နို. ၈
“အရေပြားကင်ဆာ အဖြစ်များလာတာနဲ့ပတ်သက်ပြီး လူတွေ စိုးရိမ်နေကြတာကို သတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အရင်ကထက် အခု ဘာကြောင့် အန္တရာယ်ရှိနေပြီး ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်နိုင်သလဲဆိုတာ ဒီလထုတ် နိုးလော့! စာစောင်က သုံးသပ်ထားတယ်။” ယောဘ ၃၃:၂၅ တွင်တွေ့ရသည့် အားရှိဖွယ်ကတိတော်ကို ပြောပြပြီး နိဂုံးချုပ်ပါ။
ကင်းမျှော်စင် နို. ၁
“ဒီလောကမှာ တရားမျှတမှုမရှိလို့ လူတွေဟာ ဒုက္ခရောက်နေကြတယ်။ တစ်ဦးတစ်ယောက်က ဒီလောကကို အမှန်တကယ်ပြောင်းလဲပေးနိုင်မယ်လို့ သင်ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မပြောင်းလဲနိုင်အောင် တားဆီးထားတဲ့ဆူးငြောင့်ခလုတ်တွေအကြောင်း ဒီမဂ္ဂဇင်းမှာ သုံးသပ်ထားတယ်။ ဘယ်သူက အဲ့ဒီဆူးငြောင့်ခလုတ်တွေကို ပယ်ရှားပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံတဲ့ကမ္ဘာကို ဘယ်လိုဆောင်ကြဉ်းပေးမလဲဆိုတာကိုလည်း ဖော်ပြထားတယ်။” ဆာလံ ၇၂:၁၂-၁၄ ကိုဖတ်ပါ။