မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်. ၁၅
“တချို့သူတွေက ငွေများများရှိလေ သူတို့ရဲ့ဘဝ ပိုပြီးကျေနပ်မှုရလေဖြစ်မယ်လို့ ယူဆကြတယ်။ အဲဒါမှန်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အလွန်ချမ်းသာကြွယ်ဝသူတစ်ဦး ရေးခဲ့တဲ့အရာကို ဂရုပြုပါ။ [ဒေသနာ ၅:၁၀ ဖတ်။] ဒီမဂ္ဂဇင်းက ဓနဥစ္စာကြွယ်ဝတာထက် ပိုပြီးတန်ဖိုးရှိတဲ့အရာတွေအကြောင်း ဆွေးနွေးထားတယ်။”
နိုးလော့! နို. ၈
“တိရစ္ဆာန်တွေအကြောင်းလေ့လာရတာကို လူအများပျော်ကြတယ်၊ တချို့ကတော့ တိရစ္ဆာန်တွေကို ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များအဖြစ် ထားရတာ နှစ်သက်ကြတယ်။ [မှတ်ချက်အတွက် စောင့်ပါ။] ဒီမဂ္ဂဇင်းက ချစ်စနိုးအိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ပိုင်ဆိုင်ရတဲ့အခက်အခဲတချို့အကြောင်း ဆွေးနွေးထားတယ်။ အချင်းချင်းနဲ့သာမက လူသားတွေနဲ့ပါ တိရစ္ဆာန်အားလုံး သင့်မြတ်မှုရှိမယ့် အချိန်တစ်ချိန်နဲ့ပတ်သက်တဲ့ ဘုရားကတိတော်ကိုပါ ဆွေးနွေးထားတယ်။” ဟေရှာယ ၁၁:၆-၉ ကိုဖတ်ပါ။
ကင်းမျှော်စင် နို. ၁
“လူများစွာဟာ ဒီကနေ့ကြုံနေရတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ လူသားခေါင်းဆောင်တွေရဲ့အစွမ်းအစကို မယုံကြည်ကြဘူး။ ဒီကျမ်းချက်တွေမှာ ကြိုဟောထားတဲ့အရာတွေကို ဖြစ်မြောက်စေနိုင်တဲ့သူ တစ်ဦးဦးရှိမယ်လို့ မိတ်ဆွေထင်သလား။ [ဆာ. ၇၂:၇၊ ၁၂၊ ၁၆ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] တင်ကြိုဟောထားတဲ့ ဒီခေါင်းဆောင်ဟာ ဘယ်သူဖြစ်တယ်၊ သူက ဘယ်အရာတွေကို ဖြစ်မြောက်စေမယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”