မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်. ၁၅
“အခုခေတ်မှာ ဆိုးဝါးတဲ့အရာတွေ ဘာကြောင့်ဒီလောက်တောင် ဖြစ်ပျက်နေတယ်ဆိုတာ ကလေးတွေ ဒါမှမဟုတ် အခြားသူတွေကို မိတ်ဆွေဘယ်လိုရှင်းပြမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ‘မကောင်းမှုခပ်သိမ်းနောက်ဝယ် မည်သူရှိသနည်း’ ဆိုတဲ့မေးခွန်းကို ဖြေဆိုပေးပါတယ်။ [၁ ယောဟန် ၅:၁၉ ဖတ်။] အဲဒီဆိုးသွမ်းသူဟာ ဘယ်လူလဲ၊ သူ့ကို ကျွန်တော်တို့ ဘယ်လိုဆီးတားနိုင်သလဲဆိုတာနားလည်ဖို့ ဒီလထုတ် ကင်းမျှော်စင် က မိတ်ဆွေကို ကူညီပေးပါလိမ့်မယ်။”
နိုးလော့! အောက်. ၂၂ [လိပ်]
“ဘာသာရေးခေါင်းဆောင်တွေ ဒါမှမဟုတ် အခြားသူတစ်ဦးဦးရဲ့ ဆုတောင်းချက်တွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေနိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက တစ်ကမ္ဘာလုံးငြိမ်းချမ်းမယ့်အချိန်တစ်ချိန်ကို ကတိပြုထားပါတယ်။ [ဟေရှာယ ၉:၆၊ ၇ ဖတ်။] အထူးအုပ်စိုးရှင်တစ်ပါးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမယ်ဆိုတာ မိတ်ဆွေသတိပြုမိသလား။ အဲဒီအုပ်စိုးရှင်ဟာ ဘယ်သူလဲ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို သူဘယ်လိုဆောင်ကြဉ်းပေးမလဲဆိုတာ ဒီလထုတ် နိုးလော့! က ဖော်ပြပါတယ်။”
ကင်းမျှော်စင် နို. ၁
“ကျွန်တော်တို့အများစုဟာ အခြားသူတွေနဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေးရှိဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အဲဒါဟာ အပြောလွယ်သလောက် လုပ်ဖို့ခက်ခဲလေ့ရှိတယ်ဆိုတာ မိတ်ဆွေသဘောတူပါလိမ့်မယ်။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက အဲဒီလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းပြပေးတယ်။ [ယာကုပ် ၃:၂ ဖတ်။] ဝန်ချတောင်းပန်ခြင်းဟာ ငြိမ်းချမ်းမှုပြန်လည်ရရှိပြီး ဆက်တည်မြဲနေဖို့ သော့ချက်ဖြစ်နိုင်ပုံကို ဒီဆောင်းပါးကဖော်ပြပါတယ်။”
နိုးလော့! နို. ၈ [လိပ်]
“‘ကျွန်တော် နေမကောင်းဘူးလို့’ ဘယ်သူမှမပြောတော့မယ့် အချိန်တစ်ချိန်ရောက်လာမယ်လို့ ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြပါတယ်။ [ဟေရှာယ ၃၃:၂၄ ဖတ်။] အားရစရာမကောင်းဘူးလား။ အလွန်ကောင်းတဲ့အရာမဟုတ်ဘူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒါပေမဲ့ အခုခေတ်လူသားတွေဟာ အေအိုင်ဒီအက်စ် ကပ်ရောဂါအပါအဝင် ရောဂါဝေဒနာများစွာ ခံစားနေကြရပါတယ်။ အေအိုင်ဒီအက်စ် အဆုံးတိုင်ပါဦးမည်လော ဆိုတဲ့မေးခွန်းကို ဒီလထုတ် နိုးလော့! က ဖြေဆိုပေးပါတယ်။”