မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်. ၁၅
“အနာဂတ်ဆိုတာ မသေချာမရေရာလွန်းလို့ ဒီနေ့အတွက်ပဲ အသက်ရှင်တာက အကောင်းဆုံးလို့ လူတွေယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒါနဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့စကားက စိတ်ဝင်စားဖို့ကောင်းတယ်။ [မဿဲ ၆:၃၄ ကိုဖတ်ပါ။] အနာဂတ်အတွက် ဘယ်လိုစီမံနိုင်တယ်၊ တစ်ချိန်တည်းမှာ အလွန်အမင်းစိုးရိမ်တာကို ဘယ်လိုရှောင်နိုင်တယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
နိုးလော့! အောက်.
“ချစ်ရတဲ့သူတစ်ယောက်သေဆုံးသွားတဲ့ ဆုံးရှုံးမှုကို ကျွန်တော်တို့အားလုံး ခံစားဖူးကြတယ်။ သူတို့က ကျွန်တော်တို့ကို ကောင်းကင်ကနေ ကြည့်နေမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လာဇရုသေသွားတုန်းက ယေရှု ဒီလိုပြောခဲ့တယ်။ [ယောဟန် ၁၁:၁၁ ကိုဖတ်ပါ။] လူသေတွေ တစ်နေရာရာမှာ အသက်ရှင်နေသလား ဒါမှမဟုတ် ရှင်ပြန်ထမြောက်လာမယ့်အချိန်အထိ သေခြင်းမှာအိပ်ပျော်နေသလားဆိုတာ ဒီဆောင်းပါးက ရှင်းပြတယ်။” စာမျက်နှာ ၁၈ ပါဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် နို. ၁
“လူတွေ နှိမ့်ချမှုပိုရှိမယ်ဆိုရင် ကမ္ဘာကြီး ပိုကောင်းလာမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအရည်အသွေးနဲ့ပတ်သက်လို့ ယေရှု ဒီလိုပြောတယ်။ [မဿဲ ၂၃:၁၂ ကိုဖတ်ပါ။] အပြိုင်အဆိုင်များတဲ့ ဒီလောကမှာတောင် နှိမ့်ချစိတ်မွေးမြူခြင်းက တန်ဖိုးရှိတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။”
နိုးလော့! နို.
“သိပ္ပံပညာတိုးတက်ပြီး သံသယစိတ်ပျံ့နှံ့နေတဲ့ ဒီနေ့ခေတ်မှာ ကျမ်းစာက ခေတ်နောက်ကျနေပြီလို့ လူတွေယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာမှာပါတဲ့ သိပ္ပံနဲ့ဆိုင်တဲ့အကြောင်းအရာအားလုံးက တိကျမှန်ကန်တယ်ဆိုတာ မိတ်ဆွေသိသလား။ [ယောဘ ၂၆:၇ ကိုဖတ်ပါ။] ကျမ်းစာကို ဘာကြောင့်ယုံကြည်စိတ်ချနိုင်တယ်ဆိုတဲ့ အကြောင်းရင်းတွေကို ဒီအထူးထုတ်နိုးလော့!မှာရှင်းပြထားတယ်။”