မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁၅
“ဖြောင့်မတ်တဲ့အုပ်ချုပ်မှုက ဒီကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေစရာနေရာတစ်ခုဖြစ်လာစေမယ်ဆိုတာ မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုစောင့်ပါ။] ကျေးဇူးပြု၍ သမ္မာကျမ်းစာကတိပြုထားတဲ့အရာကို သတိပြုပါ။ [ဆာလံ ၃၇:၁၁ ဖတ်။] ဒီဆောင်းပါးတွေထဲမှာဖော်ပြထားတဲ့ စုံလင်တဲ့ခေါင်းဆောင်တစ်ဦးရဲ့လက်အောက်မှာ အမှန်တကယ်တည်ရှိမယ့် အဲဒီလိုမျိုးငြိမ်သက်မှုကို ကျွန်တော်တို့ခံစားနိုင်ပါတယ်။ အဲဒီခေါင်းဆောင်ဟာ ဘယ်သူဖြစ်သလဲ၊ သူ့ရဲ့ဦးဆောင်မှုကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိနိုင်သလဲဆိုတာကို ဒီဆောင်းပါးတွေက ဖော်ပြပါတယ်။”
နိုးလော့! မတ် ၂၂ [လိပ်]
“မြေငလျင်တွေဟာ မရေတွက်နိုင်တဲ့ သေဆုံးပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ ပြန်နာလန်ထူဖို့နည်းလမ်းမရှိဘဲ အိုးမဲ့အိမ်မဲ့ဖြစ်ရလေ့ရှိတယ်။ ဒီလထုတ် နိုးလော့!က ငလျင်ဒဏ်ခံရသူများဟာ မြေငလျင်ရဲ့အကျိုးဆက်တွေကို ဘယ်လိုရင်ဆိုင်နိုင်ခဲ့တယ်ဆိုတာကို ဖော်ပြပေးတယ်။ မြေငလျင်တွေဟာ အလွန်အရေးကြီးတဲ့ ကျမ်းစာပရောဖက်ပြုချက်အဝင်ဖြစ်ပုံကိုလည်း ရှင်းပြပေးတယ်။”
ကင်းမျှော်စင် ဧပြီ ၁
“မိတ်ဆွေကို နှလုံးနွေးထွေးစေတဲ့အကြောင်းအရာတစ်ခုဝေမျှပါရစေ။ [မဿဲ ၂၂:၃၇ ဖတ်။] ဒါက ဘာကိုဆိုလိုနေတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုစောင့်ပါ။] ‘သင့်စိတ်နှလုံးဖြင့်ဘုရားသခင်ကိုရှာလော့’ ဆိုတဲ့ဒီဆောင်းပါးကို သတိပြုပါ။ စစ်မှန်တဲ့ယုံကြည်ခြင်းဟာ နှလုံးနဲ့သာပတ်သက်သလား ဒါမှမဟုတ် စိတ်နဲ့လည်းပတ်သက်မလား။ အဖြေကတော့ရှင်းနေပါတယ်။”
နိုးလော့! ဧပြီ ၈ [လိပ်]
“မိတ်ဆွေသိတဲ့အတိုင်း ဒီခေတ်အခါမှာ မိသားစုတစ်ခုကို ကြည့်ရှုစောင့်ရှောက်ရတာဟာ ခက်ခဲတဲ့တာဝန်တစ်ခုဖြစ်တယ်၊ မိခင်တစ်ဦးဖြစ်ရတာဟာလည်း ဝီရိယစိုက်ထုတ်ရတဲ့အလုပ်တစ်ခုဖြစ်တယ်။ ဒီလထုတ် နိုးလော့! မှာ ‘မိခင်ဘဝ—အာဂအမျိုးသမီးတစ်ဦးဖြစ်ဖို့လိုသလော’ ဆိုတဲ့အကြောင်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာဆွေးနွေးခန်းတစ်ခုပါပါတယ်။ ဒီစာစောင်ကို မိတ်ဆွေအတွက်ထားခဲ့ချင်ပါတယ်။”