မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ် ၁၅
“ဧပြီ ၄၊ တနင်္ဂနွေနေ့မှာ သခင့်ညစာစားပွဲတက်ရောက်ဖို့ မိတ်ဆွေကို ဖိတ်ခေါ်ချင်တယ်။ [မဂ္ဂဇင်း၏ ကျောဖုံး သို့မဟုတ် ပုံနှိပ်ထားသည့် အောက်မေ့ရာပွဲဖိတ်စာကို အသုံးပြု၍ ရှင်းပြပါ။ ထို့နောက် လုကာ ၂၂:၁၉ ကိုဖတ်ပြပါ။] ဒီလထုတ်ကင်းမျှော်စင်မှာပါတဲ့ အစပိုင်းဆောင်းပါးတွေက ဒီပွဲတော်ရဲ့အဓိပ္ပာယ်နဲ့ ကျင်းပပုံကို ဆွေးနွေးထားတယ်။”
နိုးလော့! ဧပြီ ၈
“မကြာသေးမီနှစ်များက ရာသီဥတုနဲ့ဆက်နွှယ်နေတဲ့ ဘေးဒဏ်တွေကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာအကြီးအကျယ် ပျက်စီးခဲ့ရတယ်။ အဲဒါကြောင့် ခံစားရတဲ့ဆင်းရဲဒုက္ခကို သက်သာအောင် ဘာလုပ်နိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ပြောင်းလဲနေတဲ့ရာသီဥတုပုံစံတွေရဲ့ ပြဿနာကိုသာမက သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဖြေရှင်းနည်းကိုပါ ဆန်းစစ်ထားတယ်။”—ဟေရှာယ ၃၅:၁ ကိုဖတ်ပြပါ။
ကင်းမျှော်စင် မတ် ၁၅
“သားရဲရဲ့အမှတ်အသားနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့ပဟေဠိဆန်တဲ့ဖော်ပြချက်လောက် မှန်းဆစရာများစွာပေါ်ထွက်လာအောင်နှိုးဆွပေးတဲ့စာပိုဒ်တွေ များများစားစားမရှိခဲ့ဘူး။အဲဒါကို မိတ်ဆွေကြားဖူးသလား။[တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၁၃:၁၆-၁၈ ကိုဖတ်ပါ။] ကျမ်းစာကိုယ်နှိုက်က ဒီပဟေဠိရဲ့အဓိပ္ပာယ်ကို ဖွင့်ပြပေးတဲ့ သော့ချက်တွေကို ဖော်ပြတယ်။ သူတို့ဟာ ဘယ်အရာတွေဖြစ်သလဲဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”