မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁၅
“ဒီလိုမျိုးပြဿနာတွေ ကွယ်ပျောက်သွားတာကို မြင်ရဦးမယ်လို့ မိတ်ဆွေထင်သလား။ [ပထမဆောင်းပါး၏ အဖွင့်ကိုးကားချက်ကိုဖတ်ကာ တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်က အဲဒီပြဿနာတွေ မကြာခင် ကွယ်ပျောက်တော့မယ်လို့ ကျွန်တော်တို့ကိုအာမခံထားတယ်။ [ဆာလံ ၇၂:၁၂-၁၄ ဖတ်။] ဒီလထုတ် ကင်းမျှော်စင် က အဲဒီအတိုင်း ဘယ်လိုဖြစ်မြောက်လာမလဲဆိုတာ ရှင်းပြပေးတယ်။”
နိုးလော့! ဇွန် ၂၂ [လိပ်]
“တစ်နေ့ကျရင် ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း စစ်မှန်တဲ့လွတ်လပ်မှုရရှိနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဒီကတိတော်ကို သတိပြုပါ။ [ရောမ ၈:၂၁ ဖတ်။] ဒီကတိတော် ပြည့်စုံလာဖို့အတွက် ကျွန်စနစ်အားလုံး အဆုံးတိုင်ရမယ်မဟုတ်လား။ ဒီလထုတ် နိုးလော့! က အဲဒါ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဖော်ပြတယ်။”
ကင်းမျှော်စင် ဇူလိုင် ၁
“လူသန်းပေါင်းများစွာဟာ ရုပ်ပုံတွေကိုအသုံးပြုပြီး ဝတ်ပြုကိုးကွယ်ကြတယ်။ အခြားလူသန်းပေါင်းများစွာကျတော့ အဲဒီလိုဝတ်ပြုကိုးကွယ်တာဟာ မှားတယ်လို့ယူဆကြတယ်။ ဘုရားသခင် ဘယ်လိုယူဆသလဲဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယောဟန် ၄:၂၄ ကိုဖတ်ပါ။] ရုပ်ပုံအသုံးပြုမှု စတင်ပေါ်ပေါက်လာပုံနဲ့ ရုပ်ပုံကိုးကွယ်မှုနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာရဲ့အဆိုကို ဒီဆောင်းပါးတွေက ဖော်ပြတယ်။”
နိုးလော့! ဇူလိုင် ၈ [လိပ်]
“နောက်ဆုံးကာလမှာ ခဲယဉ်းကျပ်တည်းမယ်လို့ သမ္မာကျမ်းစာက ကြိုဟောထားတယ်။ [၂ တိမောသေ ၃:၁၊ ၃ ဖတ်။] တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ ရာဇဝတ်မှုဖြစ်နှုန်းတွေက ဒါကိုသက်သေထူနေပါတယ်။ ရဲတွေသာမရှိရင် ဘယ်လောက်တောင် အခြေအနေပိုဆိုးမလဲမသိဘူး! ဒီလထုတ် နိုးလော့! က ကမ္ဘာတစ်ဝန်းမှာ ရဲတွေရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တွေကို ဆွေးနွေးထားတယ်။”