မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီ. ၁၅
“နှစ်ရဲ့ဒီအချိန်အခါမှာ လူအများဟာ ယေရှုရဲ့မွေးဖွားခြင်းအကြောင်း စဉ်းစားကြပါတယ်။ ယေရှုမွေးဖွားခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းကနေ ကျွန်တော်တို့သင်ယူနိုင်တဲ့ အဖိုးတန်သင်ခန်းစာတွေရှိတယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် စာမျက်နှာ ၅ ကိုညွှန်ပြကာ ၂ တိမောသေ ၃:၁၆ ကိုဖတ်ပြပါ။] ဒီလထုတ် ကင်းမျှော်စင် က အဲဒီသင်ခန်းစာတွေထဲကတချို့ကို သုံးသပ်ထားတယ်။”
နိုးလော့! ဒီ. ၂၂ [လိပ်]
“အခုခေတ် အကြမ်းဖက်တဲ့ဖျော်ဖြေမှုက မိမိတို့ရဲ့သားသမီးတွေအပေါ် အကျိုးသက်ရောက်နေပုံနဲ့ပတ်သက်ပြီး မိဘတွေမှာ စိုးရိမ်မကင်းဖြစ်ဖို့အကြောင်းရှိတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိဘများစွာဟာ လမ်းညွှန်တစ်ခုအဖြစ် ဒီကျမ်းချက်ကို အသုံးပြုကြပါတယ်။ [ဆာလံ ၁၁:၅၊ ကဘ ဖတ်။] ဒီလထုတ် နိုးလော့! က အီလက်ထရွန်းနစ် ကစားနည်းတွေနဲ့ဆက်စပ်နေတဲ့ အန္တရာယ်တွေကိုဆန်းစစ်ဖို့ မိသားစုတွေကိုကူညီပေးတယ်။”
ကင်းမျှော်စင် ဇန်. ၁
“လူတွေဟာ ချစ်ရသူတစ်ဦးသေဆုံးသွားလို့ ဆုံးရှုံးရတဲ့အခါ ဒါမှမဟုတ် ဖျားနာတဲ့အခါ ‘ဒါကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားတာလဲ’ လို့စဉ်းစားလေ့ရှိကြတယ်။ မိတ်ဆွေလည်း အဲဒီလိုမေးခွန်းကို မေးခဲ့ဖူးပါလိမ့်မယ်။ သမ္မာကျမ်းစာက ဘုရားသခင်ဟာ ဒုက္ခရောက်သူတွေအပေါ် သနားစာနာတယ်လို့ ဖော်ပြပါတယ်။ [ဟေရှာယ ၆၃:၉က၊ ကဘ ဖတ်။] ဒီမဂ္ဂဇင်းက ဆင်းရဲဒုက္ခကို ဘုရားသခင်အဆုံးတိုင်စေမယ်ဆိုတာ ကျွန်တော်တို့ ဘာကြောင့်စိတ်ချနိုင်ကြောင်း ရှင်းပြပေးပါတယ်။”
နိုးလော့! ဇန်. ၈ [လိပ်]
“အစိုးရဟာ လွတ်လပ်စွာပြောဆိုခွင့်ကို စွက်ဖက်သင့်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်မှာဖတ်ရတဲ့အတိုင်း ပြောဆိုခွင့်ထဲမှာ အခြားသူတွေကို ဘာသာရေးအကြောင်းပြောပြတာမျိုး ပါဝင်ပတ်သက်ရင်ကော။ [တမန်တော် ၂၈:၃၀၊ ၃၁ ဖတ်။] မကြာသေးခင်က ဒီမေးခွန်းဟာ ယူ.အက်စ်. တရားရုံးချုပ်ကို ရောက်သွားပါတယ်။ ဒီလထုတ် နိုးလော့! ထဲမှာ အဲဒီအကြောင်းကိုဖတ်ကြည့်ဖို့ မိတ်ဆွေကိုဖိတ်ခေါ်ပါတယ်။”