မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီ. ၁၅
“လူများစွာဟာ ပွဲတော်ရာသီရဲ့ စီးပွားရေးဆန်လာပုံနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်။ အဲဒီပွဲတော်ရဲ့ မူရင်းရည်ရွယ်ချက်ပျောက်ဆုံးသွားပြီလို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အချိန်ကုန်လွန်လာတာနဲ့အမျှ ပွဲနေ့ထုံးစံတွေ ပြောင်းလဲလာပုံကို ဒီမဂ္ဂဇင်းက သုံးသပ်ထားတယ်။ ဘုရားသခင်နဲ့ ခရစ်တော်ကို မှန်ကန်စွာဂုဏ်တင်နိုင်ပုံကိုလည်း ဆွေးနွေးထားတယ်။” ယောဟန် ၁၇:၃ ကို ဖတ်ပါ။
ကင်းမျှော်စင် ဇန်. ၁
“လူတွေဟာ ကောင်းကျိုးများစွာသယ်ပိုးနိုင်စွမ်းရှိကြပေမဲ့ ပြောမပြနိုင်လောက်အောင် ဆိုးသွမ်းတဲ့အရာများစွာကို ပြုလုပ်နေကြတယ်။ ဘာကြောင့်လဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာရဲ့အဖြေကို ဒီမဂ္ဂဇင်းက ဖော်ပြတယ်။ အကောင်းက အဆိုးကို ဘယ်လို အပြီးသတ်အောင်ပွဲဆင်မယ်ဆိုတာကိုလည်း ရှင်းပြထားတယ်။” ရောမ ၁၆:၂၀ ကိုဖတ်ပါ။
နိုးလော့! ဇန်.
“နှစ် ၂၀၊ ၃၀ အတွင်းမှာ ဒီလောကကြီး ဘယ်လိုဖြစ်လာမလဲဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၁၁၉:၁၀၅ ကိုဖတ်ပါ။] အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ သိမြင်နိုင်အောင် သမ္မာကျမ်းစာက ကျွန်တော်တို့သွားရမယ့်လမ်းကို မီးမောင်းထိုးပေးတယ်။ အခု ကျွန်တော်တို့ဟာ ခေတ်ရေစီးကြောင်းရဲ့ ဘယ်နေရာမှာရောက်နေသလဲ၊ တောက်ပတဲ့အနာဂတ်ကို ကျွန်တော်တို့ ဘာကြောင့်မျှော်လင့်နိုင်သလဲဆိုတာတွေကို ဖော်ပြပေးတဲ့ ပရောဖက်ပြုချက်တွေကို ဒီမဂ္ဂဇင်းက ဆန်းစစ်ထားတယ်။”
နိုးလော့! ဇန်.
“အခုခေတ်မှာ အကြောင်းအရာအားလုံးနီးပါးအတွက် အကြံဉာဏ်တွေရရှိနိုင်ပါတယ်။ အဲဒီအကြံဉာဏ်တွေကို ဘယ်လောက်ထိ ယုံကြည်စိတ်ချနိုင်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။] သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရတဲ့ လက်တွေ့ကျဉာဏ်ပညာရင်းမြစ်အဖြစ် ကျွန်တော်တို့ ဘာကြောင့်အားထားနိုင်တယ်ဆိုတာ ဒီလထုတ် နိုးလော့! က ဖော်ပြတယ်။” စာမျက်နှာ ၁၃ တွင်အစပြုသည့် ဆောင်းပါးကို အလေးပေးဖော်ပြပါ။