မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီ. ၁၅
“တစ်နှစ်တာရဲ့ ဒီလိုအချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေဟာ ယေရှုဖွားမြင်ပုံကို နည်းမျိုးစုံနဲ့ သတိရအောက်မေ့ကြတယ်။ ကျမ်းစာပရောဖက်ပြုချက်က ယေရှုဖွားမြင်ခြင်းကို တည်မြဲတဲ့ငြိမ်သက်မှုနဲ့ ဆက်စပ်ထားတယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေရှာယ ၉:၆၊ ၇ ကိုဖတ်ပါ။] အဲဒီငြိမ်သက်မှု ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
နိုးလော့! ဇန်. ၈
“အခုခေတ် လူများစွာဟာ အထီးကျန်မှုကို တွေ့ ကြုံခံစားနေရတယ်။ အဲဒီထဲမှာ တခြားသူတွေရဲ့ အဆက်အသွယ်ဖြတ်ခြင်းခံရတယ်ဆိုတဲ့ခံစားချက် ပါဝင်တယ်။ အဲဒါက နာကျင်မှုကို ဖြစ်စေနိုင်တယ်ဆိုတာ မိတ်ဆွေလက်ခံတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၂၅:၁၆ ကိုဖတ်ပါ။] ဒီလထုတ် နိုးလော့! က အထီးကျန်စိတ်ကို တိုက်လှန်ဖို့အတွက် လက်တွေ့ကျတဲ့ အကြံပြုချက်တွေပေးထားတယ်။”
ကင်းမျှော်စင် ဇန်. ၁
“ဘာသာတရားအများစုက မိမိတို့ရဲ့အိမ်နီးချင်းကို ချစ်သင့်တယ်လို့ လူတွေကိုသွန်သင်ပေးကြတယ်။ [မဿဲ ၂၂:၃၉ ကိုဖတ်ပါ။] ဒါဆိုရင် ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ စစ်ပွဲနဲ့ ပဋိပက္ခမြောက်မြားစွာထဲမှာ ဘာကြောင့် ဘာသာတရား ပါဝင်ပတ်သက်နေတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် ကင်းမျှော်စင်က ဘာသာတရားဟာ လူသားတွေကို စည်းလုံးစေနိုင်သလား ဆိုတဲ့မေးခွန်းကို ဆန်းစစ်ထားတယ်။”