မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီ. ၁၅
“ဒီလိုအချိန်ရာသီမှာ လူအတော်များများဟာ ယေရှုဖွားမြင်စဉ်က ကောင်းကင်တမန်တွေ ကြွေးကြော်ချက်ကို ပြန်အမှတ်ရကြတယ်။ [လုကာ ၂:၁၄ ကိုဖတ်။] ကမ္ဘာပေါ်မှာ ငြိမ်သက်ခြင်း အမှန်တကယ်ရှိလာမယ်လို့ ထင်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ကမ္ဘာပေါ်မှာ ငြိမ်သက်ခြင်းရှိလာအောင် ယေရှုဘယ်လိုဆောင်ကြဉ်းပေးမယ်ဆိုတာ ဒီမဂ္ဂဇင်းက ဖော်ပြထားတယ်။”
နိုးလော့! ဒီ.
“အသက်ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံးလူသားအဖြစ် ဘယ်သူ့ကို မိတ်ဆွေရွေးချယ်မလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူအများစုကတော့ ယေရှုခရစ်ကို အကြီးမြတ်ဆုံးလူသားအဖြစ် ယူဆကြတယ်။ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ကမ္ဘာမြေအတွက် ယေရှုဘာလုပ်ဆောင်ပေးမယ်ဆိုတာ သတိပြုပါ။ [စာမျက်နှာ ၈-၉ မှ ရုပ်ပုံကို ဖော်ပြပြီးနောက် အသားပေးဖော်ပြထားသောကျမ်းချက်များမှ တစ်ချက်ကို ဖတ်ပြပါ။] ဒါတွေကို ယေရှု ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ လုပ်ဆောင်ပေးမယ်ဆိုတာကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
ကင်းမျှော်စင် ဇန်. ၁
လူတစ်ဦးရဲ့အောင်မြင်မှုကို သူစည်းစိမ်ဘယ်လောက် ပိုင်ဆိုင်တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာနိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၁ တိမောသေ ၆:၉၊ ၁၀ ကို ဖတ်ပါ။] ကျမ်းစာက ငွေကို ပြစ်တင်ရှုတ်ချမထားပေမဲ့ စစ်မှန်တဲ့အောင်မြင်မှုက စည်းစိမ်အပေါ် မမူတည်ဘူးလို့ဖော်ပြတယ်။ အဲဒီအကြောင်း ဒီမဂ္ဂဇင်းက ရှင်းပြထားတယ်။”
နိုးလော့! ဒီ.
“အရက်ယမကာသောက်သုံးခြင်းနဲ့ပတ်သက်တဲ့ ဘာသာရေးအမြင်တွေ အမျိုးမျိုးကွဲပြားနေတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုရှုမြင်မယ်လို့ထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုရဲ့ဦးဆုံးအံ့ဖွယ်အမှုမှာ ရေကိုစပျစ်ရည်အဖြစ် ပြောင်းလဲပေးခဲ့ပေမဲ့ ကျမ်းစာက ဒီလိုသတိပေးထားတယ်။ [သုတ္တံ ၂၀:၁ ကိုဖတ်ပါ။] ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့ မျှတတဲ့ရှုမြင်ပုံကို ဒီမဂ္ဂဇင်းက ဖော်ပြထားတယ်။” စာမျက်နှာ ၁၈ မှ ဆောင်းပါးကို ဖော်ပြပါ။