မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁၅
“နွမ်းပါးမှုမရှိတဲ့ကမ္ဘာတစ်ခုကို ကျွန်တော်တို့ မြင်ရဦးမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ရဲ့ကတိတော်ကို ဂရုပြုကြည့်ပါ။ [ဟေရှာယ ၆၅:၂၁ ဖတ်။] ဘယ်လိုနည်းနဲ့ ဒီကတိတော် အမှန်တကယ် ဖြစ်ပျက်လာမယ်ဆိုတာ ဒီလထုတ် ကင်းမျှော်စင် က ဆွေးနွေးထားတယ်။” ဘယ်အချိန်မှာ ဒီကတိထားတဲ့ပြောင်းလဲမှု ဖြစ်ပျက်လာမလဲ ဟူသည့်မေးခွန်းကို သုံးသပ်ရန် ပြန်သွားဖို့ စီစဉ်ပါ။
နိုးလော့! ဇွန် ၈
“လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ အေ့ဒ်စ်ရောဂါနဲ့ပတ်သက်တဲ့ အသိအမြင်နဲ့ ကုသမှုတွေ အများကြီးတိုးတက်လာတယ်။ ဒါပေမဲ့ လူအများစုဟာ တလွဲသိရှိထားကြတုန်းပဲ။ [“အေ့ဒ်စ်ရောဂါနှင့်ပတ်သက်သည့် ယုံတမ်းစကားများ” ဟူသည့် လေးထောင့်ကွက်ကိုပြပြီး မှတ်ချက်ပေးစေပါ။] မိမိတို့ရဲ့သားသမီးတွေကို မိဘများ ဘယ်လိုကာကွယ်နိုင်ကြောင်း ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။” တရားဟောရာ ၆:၆၊ ၇ ကိုဖတ်ပါ။
ကင်းမျှော်စင် ဇွန် ၁
“လူတိုင်းလိုလိုက ငြိမ်းချမ်းရေးအကြောင်းပြောကြပေမဲ့ လူသားတွေဟာ ကမ္ဘာချီစည်းလုံးမှုရရှိအောင် မလုပ်နိုင်ခဲ့ကြဘူး။ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အိပ်မက်မျှသာဖြစ်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ကမ္ဘာကြီးကို စည်းလုံးအောင် ဆောင်ကြဉ်းပေးနိုင်စွမ်းရှိတဲ့ အုပ်စိုးမှုတစ်ခုကို အာရုံစိုက်စေပါတယ်။” ဆာလံ ၇၂:၇၊ ၈ ကိုဖတ်ပြီး ယင်းသည် မည်သို့ဖြစ်ပျက်လာမည်ကို ဆွေးနွေးရန် ပြန်လာဖို့ စီစဉ်ပါ။