မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက်. ၁၅
“လူသန်းပေါင်းများစွာဟာ ဆုတောင်းတဲ့အခါ လူသိများတဲ့ ဒီစကားလုံးတွေကို ထည့်တောင်းကြတယ်။ [မဿဲ ၆:၁၀ ဖတ်။] မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့အလိုတော် လုံးဝပြည့်စုံလာရင် ဘဝဟာ ဘယ်လိုမျိုးဖြစ်လာမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့ အခုဖတ်သွားတဲ့အပိုင်းအပါအဝင် သခင့်ပတ္ထနာ အပိုင်းတစ်ခုစီရဲ့အဓိပ္ပာယ်ကို ဒီမဂ္ဂဇင်းက ဆန်းစစ်ထားတယ်။”
နိုးလော့! အောက်. ၈
“အခုခေတ် လူများစွာဟာ အလုပ်အလွန်များတဲ့အတွက် များများအနားယူဖို့လိုပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ ကျော်ကရေးသားခဲ့တဲ့ ဒီစကားတွေကို မိတ်ဆွေ လက်ခံကောင်းလက်ခံပါလိမ့်မယ်။ [ဒေသနာ ၄:၆ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် နိုးလော့! က အိပ်ချိန်အကြွေးတင်တဲ့ပြဿနာကို ဘယ်လိုသိရှိပြီး ဖြေရှင်းနိုင်တယ်ဆိုတာနဲ့ပတ်သက်တဲ့ အထောက်အကူပြုအချက်အလက်တွေ တင်ပြပေးတယ်။”
ကင်းမျှော်စင် အောက်. ၁
“ရာဇဝတ်မှု၊ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေမရှိတာကို ကျွန်တော်တို့အားလုံး မြင်ချင်ကြတယ်။ ဒီစကားတွေပြည့်စုံလာတာကို ကျွန်တော်တို့မြင်ရမယ်လို့ မိတ်ဆွေထင်သလား။ [ဆာလံ ၃၇:၁၁ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကတိတော်ဟာ လူသားတွေအတွက် ဘုရားသခင်ရဲ့မူလရည်ရွယ်ချက်နဲ့ ဘယ်လိုဆက်စပ်မှုရှိတယ်၊ အဲဒါကို ကျွန်တော်တို့ ဘယ်လိုဝေမျှခံစားနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။”