မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
တင်းမျှော်စင် စက်. ၁၅
“ခုခေတ်ကာလမှာ တချို့က မေတ္တာမရှိတဲ့အိမ်ထောင်ရေးမှာ သူတို့ချောင်ပိတ်မိနေပြီလို့ ခံစားကြရတယ်။ အဲလိုလူတွေဟာ ဘယ်နေရာမှာ အကူအညီတောင်းခံနိုင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ရဲ့ကျင့်ဝတ်မူတွေက ကျွန်တော်တို့ကိုကူညီပေးနိုင်တယ်လို့ သမ္မာကျမ်းစာက အာမခံထားတယ်။ [ဟေရှာယ ၄၈:၁၇၊ ၁၈ ဖတ်။] ဒီလထုတ် ကင်းမျှော်စင် က အိမ်ထောင်တစ်ခုကို ခိုင်မြဲစေနိုင်တဲ့ ကျမ်းစာကျင့်ဝတ်မူတွေကို သုံးသပ်ထားတယ်။”
နိုးလော့! ၂၂ အောက်. ၈
“မိတ်ဆွေသိတဲ့အတိုင်း ဒီခေတ်အခါမှာ မိသားစုတစ်ခုကို ကြည့်ရှုစောင့်ရှောက်ရတာဟာ ခက်ခဲတဲ့တာဝန်တစ်ခုဖြစ်တယ်၊ မိခင်တစ်ဦးဖြစ်ရတာဟာလည်း ဝီရိယစိုက်ထုတ်ရတဲ့အလုပ်တစ်ခုဖြစ်တယ်။ ဒီလထုတ် နိုးလော့! မှာ ‘မိခင်ဘဝ—စူပါအမျိုးသမီးဖြစ်ဖို့လိုသလော’ ဆိုတဲ့အကြောင်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာဆွေးနွေးခန်းတစ်ခု ပါပါတယ်။ ဒီစာစောင်ကို မိတ်ဆွေအတွက်ထားခဲ့ချင်ပါတယ်။”
တင်းမျှော်စင် အောက်. ၁
“‘ဘုရားသခင်ဟာ မေတ္တာရှိပြီး တန်ခိုးအကြီးဆုံးအရှင်ဖြစ်တယ်ဆိုရင် ဒုက္ခရောက်နေသူတွေရဲ့အကျိုးအတွက် ဘာကြောင့် ကြားဝင်ဆောင်ရွက်မပေးတာလဲ’ လို့ မိတ်ဆွေမေးဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မကြာခင် ကိုယ်တော်ဟာ ပြဿနာအားလုံးကို အဆုံးတိုင်စေပါလိမ့်မယ်။ [ဟေရှာယ ၆၅:၁၇ ဖတ်။] အခုလောလောဆယ်မှာ ကျွန်တော်တို့ဒုက္ခရောက်တဲ့အခါ ဘုရားသခင်ဟာ ဂရုမစိုက်ဘဲ ကြည့်နေရုံသာပြုမနေဘူးဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြတယ်။”