မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေ. ၁၅
“ဘာသာရေးအမည်ခံပြီး ပြုလုပ်ခဲ့ကြတဲ့ဆိုးသွမ်းမှုတွေကြောင့် လူအများ စိတ်အနှောင့်အယှက်ဖြစ်ကြရတယ်။ တချို့က ဘာသာတရားဟာ လူ့ပြဿနာတွေရဲ့ရင်းမြစ်ဖြစ်တယ်လို့ယူဆကြတယ်။ အဲဒီအကြောင်းကို မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၁၈:၂၄ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက အဲဒီအကြောင်းနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာဖော်ပြချက်ကို ဆန်းစစ်ထားတယ်။”
နိုးလော့! မတ် ၈
“လူများစွာဟာ သဘာဝဝန်းကျင်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြတယ်။ ကမ္ဘာ့အပူပိုင်းမိုးသစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ ဖြစ်နိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက မိုးသစ်တောတွေကိုကယ်တင်ဖို့ လောလောဆယ်ပြုလုပ်နေတဲ့ ကြိုးပမ်းမှုတွေကို ဖော်ပြထားတယ်။ ဘုရားသခင်ထံက ဒီနှစ်လိုဖွယ်ကောင်းတဲ့ကတိတော် ဘယ်လိုပြည့်စုံလာမလဲဆိုတာကိုလည်း ဆွေးနွေးထားတယ်။” ဟေရှာယ ၁၁:၉ ကိုဖတ်ပါ။
ကင်းမျှော်စင် မတ် ၁
“‘ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်း’ လို့ တစ်ခါက ယေရှုခရစ် အမေးခံခဲ့ရတယ်။ ကိုယ်တော်ရဲ့အဖြေကိုဂရုပြုကြည့်ပါ။ [မာကု ၁၂:၂၉၊ ၃၀ ဖတ်။] ယေရှုဘာကိုဆိုလိုတယ်ဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ‘ဘုရားသခင်အားချစ်သည့်မေတ္တာကို ကျွန်ုပ်တို့တင်ပြနိုင်ပုံ’ ဆောင်းပါးက အဲဒီထင်ပေါ်ကျော်ကြားတဲ့ စကားတွေရဲ့အဓိပ္ပာယ်ကို ဆန်းစစ်ထားတယ်။”