မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေ. ၁
“ဒီအကြံပေးချက်ကို လိုက်နာကျင့်သုံးမယ်ဆိုရင် မိသားစုတွေကို ဘယ်လိုအကျိုးသက်ရောက်မှုရှိမယ်လို့ မိတ်ဆွေထင်သလဲ။ [ဧဖက် ၄:၃၁ ကိုဖတ်၍ တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆောင်းပါးထဲမှာ အိမ်ထောင်ရေးကတောက်ကဆများကိုဖြေရှင်းနည်း၊ ပျော်ရွှင်မှုကို ထိန်းသိမ်းနည်းတွေနဲ့ပတ်သက်ပြီး ကျမ်းစာထဲက လက်တွေ့ကျတဲ့အကြံဉာဏ်တချို့ပါတယ်။” စာမျက်နှာ ၁၈ မှဆောင်းပါးကိုပြပါ။
နိုးလော့! ဖေ.
“ကျွန်တော်တို့လုပ်တဲ့အမှားမှန်သမျှကို ဘုရားသိပြီး မှတ်ထားတယ်လို့ လူတချို့ယုံကြည်ကြတယ်။ တချို့ကျတော့လည်း ဘယ်လောက်ကြီးလေးတဲ့အပြစ်ပဲဖြစ်ပါစေ ဘုရားက အားလုံးကို ခွင့်လွှတ်ပေးတယ်လို့ ယုံကြည်ကြတယ်။ မိတ်ဆွေရော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် တမန်တော် ၃:၁၉ ကိုဖတ်ပါ။] ဒီဆောင်းပါးမှာ ဘုရားရဲ့ကရုဏာခံစားရဖို့အတွက် ကျမ်းစာမှာဖော်ပြတဲ့ အဆင့်သုံးဆင့်ကို ဆွေးနွေးတင်ပြထားတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် မတ် ၁
“ဒီအချက်နဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့သဘောထားကို ကျွန်တော်သိချင်တယ်။ [ယောဟန် ၃:၁၆ ကိုဖတ်ပါ။] လူတစ်ဦးရဲ့သေခြင်းဟာ တခြားသူတွေအတွက် ဘယ်လိုထာဝရအသက်ဖြစ်စေလဲဆိုတာ မိတ်ဆွေစဉ်းစားဖူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုရဲ့သေခြင်းကနေ ကျွန်တော်တို့ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ဒီမဂ္ဂဇင်းက ရှင်းလင်းပြီး ကျေနပ်လောက်တဲ့ရှင်းပြချက်တွေကို ဖော်ပြပေးထားတယ်။”
နိုးလော့! မတ်
“ဘာသာတရားအားလုံးကောင်းတယ်လို့ မိတ်ဆွေထင်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူတချို့ရဲ့ဝတ်ပြုရေးနဲ့ပတ်သက်ပြီး ကျမ်းစာကဘာပြောလဲဆိုတာ သတိပြုကြည့်ပါ။ [မာကု ၇:၇ ကိုဖတ်ပါ။] ‘လူတို့စီရင်သောပညတ်တို့ကို’ မဟုတ်ဘဲ အမှန်တရားကို သွန်သင်တဲ့ဘာသာကို လူတစ်ဦးဘယ်လိုသိနိုင်မလဲ။ ဘာသာရေးနဲ့ဆိုင်တဲ့အမှန်တရားဆိုတာရော ရှိရဲ့လား။ ဒီမဂ္ဂဇင်းက ခုနကမေးခွန်းတွေကို ဖြေဆိုပေးထားပါတယ်။”