မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေ. ၁၅
“ကမ္ဘာကိုအုပ်ချုပ်ဖို့ တစ်ဦးဦးကို ရွေးရမယ်ဆိုရင် မိတ်ဆွေ ဘယ်သူ့ကိုရွေးမလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] မြေကြီးကိုအုပ်ချုပ်ဖို့ ဘုရားသခင်ရွေးချယ်ထားတဲ့ မေရှိယနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို ဒီလထုတ် ကင်းမျှော်စင် မှာ သုံးသပ်ထားတယ်။ ကိုယ်တော်ရဲ့အုပ်ချုပ်မှုက လူသားတွေအတွက် ဘယ်အရာဖြစ်စေမယ်ဆိုတာကိုလည်း ရှင်းပြထားတယ်။” ဟေရှာယ ၉:၆၊ ၇ ကိုဖတ်ပါ။
ကင်းမျှော်စင် မတ် ၁
“ဒီကျမ်းချက်မှာ ယေရှုမိန့်မှာခဲ့တဲ့အတိုင်း ကျွန်တော်တို့ တစ်ဦးကိုတစ်ဦးချစ်သင့်တယ်ဆိုတာ လူအများသဘောတူကြတယ်။ [ယောဟန် ၁၃:၃၄၊ ၃၅ ဖတ်။] ဒါပေမဲ့ မိမိတို့ရဲ့အသက်တာမှာ ယေရှုရဲ့သွန်သင်ချက်တွေ ကျင့်သုံးနေတဲ့သူတွေကို ကျွန်တော်တို့ ဘယ်နေရာမှာ ရှာတွေ့နိုင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] မျက်မှောက်ခေတ် စစ်မှန်တဲ့ခရစ်ယာန်တွေကို ကျွန်တော်တို့ ဘယ်လိုခွဲခြားသိရှိနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက သုံးသပ်ထားတယ်။”
နိုးလော့! မတ်
“မေတ္တာဟာ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုနဲ့ ကောင်းကျိုးချမ်းသာအတွက် မရှိမဖြစ်လိုအပ်တယ်။ ဒါပေမဲ့ လူများစွာအတွက် မေတ္တာစစ်ဟာ ရှာတွေ့ဖို့ခက်တယ်။ အဲဒီလို ဘာကြောင့်ဖြစ်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] တခြားသူတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာပြ တတ်အောင် သင်ယူခြင်းဟာ မေတ္တာစစ် ရှာတွေ့ဖို့ အဓိကသော့ချက်ဖြစ်တယ်။ အဲဒီအထဲမှာ ဘာတွေပါဝင်သလဲဆိုတာ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။” ၁ ကောရိန္သု ၁၃:၄-၇ ကိုဖတ်ပါ။
နိုးလော့! မတ်
“ယေရှုဟာ ဘုရားသခင်ဖြစ်တယ်လို့ လူအများယုံကြည်ကြတယ်။ ယေရှုရဲ့တပည့်ဖြစ်တဲ့ ပေတရုက ကိုယ်တော်ကို ဘုရားသခင်ရဲ့သားတော်အဖြစ် ဖော်ပြခဲ့တာ စိတ်ဝင်စားစရာပဲ။ [မဿဲ ၁၆:၁၆ ဖတ်။] ယေရှုဟာ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့သားတော် နှစ်ခုစလုံးဖြစ်နိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] စာမျက်နှာ ၁၀-၁၁ မှာပါတဲ့ ဒီဆောင်းပါးက အဲဒီမေးခွန်းကို ဆန်းစစ်ပြီး ကျမ်းစာရှုထောင့်ကို ဖော်ပြပေးတယ်။