မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေ. ၁၅
“ကမ္ဘာကြီးကို လူတွေ ဖျက်ဆီးနေကြတယ်လို့ တချို့ကယူဆကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိတ်ဆွေကော စိုးရိမ်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] နှစ်သိမ့်မှုဖြစ်စေတဲ့ ကတိတစ်ခုကို ဒီမှာဖော်ပြထားတယ်။ [ဗျာဒိတ် ၁၁:၁၈ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ဘယ်အချက်တွေက ကမ္ဘာဂြိုဟ်ကို ထူးခြားစေသလဲဆိုတဲ့အကြောင်း ဖော်ပြထားတယ်။ ကမ္ဘာကြီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားတယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။”
နိုးလော့! ဖေ.
“ဒေသတချို့မှာ ဘာသာရေးနဲ့ပတ်သက်တဲ့ သဘောထားတွေ ပြောင်းလဲနေတယ်။ ချာ့ချ်တွေရဲ့ ဩဇာအရှိန်အဝါ ကျဆင်းလာနေတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူတချို့ ဘာသာရေးကို အယုံအကြည်ကင်းမဲ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး တမန်တော်ပေါလု ဒီလိုပြောခဲ့တယ်။ [တမန်တော် ၂၀:၂၉၊ ၃၀ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ခရစ်ယာန်ဘာသာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာဘာပြောထားတယ်ဆိုတာကို ဖော်ပြထားတယ်။”
ကင်းမျှော်စင် မတ် ၁
“ဘာသာတရားအားလုံးက ဘုရားသခင်ဆီ လမ်းညွှန်ပေးတယ်လို့ တချို့ယူဆကြတယ်။ ဘာသာတရားနဲ့ပတ်သက်ပြီး လူတစ်ယောက်ရဲ့ ရွေးချယ်မှုက အရေးကြီးတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာမှာတော့ ဒီလိုအကြံပြုထားတယ်။ [၁ ယောဟန် ၄:၁ ကိုဖတ်ပါ။] ဘာသာရေးသွန်သင်ချက်တွေက ဘုရားသခင်ဆီကလာတာ ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးနိုင်မလဲဆိုတဲ့အချက်ကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။ ဘာသာတရားတွေ ဘယ်လိုစတင်ကွဲပြားခဲ့သလဲဆိုတာကိုလည်း ရှင်းပြထားတယ်။”
နိုးလော့! ဖေ.
“ကမ္ဘာကြီးမှာ ပြဿနာတွေ ဒီလောက်များပြားနေရတဲ့ အကြောင်းရင်းတစ်ခုရှိတယ်လို့ မိတ်ဆွေထင်သလား။ [၁ ယောဟန် ၅:၁၉ ကိုဖတ်ပြီးနောက် တုံ့ပြန်မှုကိုစောင့်ပါ။] စာတန်က ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်၊ သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို ဘယ်လိုရှောင်နိုင်တယ်ဆိုတဲ့အကြောင်း ကျမ်းစာဖော်ပြချက်တွေ ဒီမဂ္ဂဇင်းမှာပါတယ်။” စာမျက်နှာ ၁၂ မှဆောင်းပါးကိုပြပါ။