မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေ. ၁၅
“တစ်ခါတလေ အံ့ဖွယ်အမှုတစ်ခုဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော်တို့ကြားရတယ်။ [နမူနာတစ်ခုကို ဖော်ပြပါ။] အဲဒီသတင်းတွေကို ယုံတဲ့သူရှိသလို မယုံတဲ့သူတွေလည်းရှိတယ်။ ကျမ်းစာထဲမှာဖော်ပြထားတဲ့ အံ့ဖွယ်အမှုတွေ တကယ်ဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုတာနဲ့ အခုချိန်မှာ အဲဒီလိုအရာတွေဖြစ်နေ၊ မနေဆိုတာကို ဒီမဂ္ဂဇင်းက ဆန်းစစ်ပေးတယ်။” ယေရမိ ၃၂:၂၁ ဖတ်။
နိုးလော့! မတ်. ၈
“အများသောသူတို့အတွက် ဆယ်ကျော်သက်ကာလဟာ ပျော်စရာအချိန်ဖြစ်သလို စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်လည်းဖြစ်တယ်ဆိုတာ မိတ်ဆွေ လက်ခံတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက မြီးကောင်ပေါက်တွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တွေကို ဆွေးနွေးထားတယ်။ သူတို့ရဲ့ဆယ်ကျော်သက်ကာလကို အကောင်းဆုံးဖြစ်အောင် ကူညီပေးနိုင်တဲ့ ပညာရှိအကြံပြုချက်တချို့ကိုလည်း ဆန်းစစ်ထားတယ်။” ဒေသနာ ၁၂:၁ ဖတ်။
ကင်းမျှော်စင် မတ်. ၁
“လူတိုင်းသာ ဒီအကြံပြုချက်ကို လက်တွေ့ကျင့်သုံးကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာမယ်လို့ မိတ်ဆွေထင်သလား။ [ရောမ ၁၂:၁၇၊ ၁၈ ဖတ်။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဝမ်းနည်းစရာက ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုတွေ တစ်ခါတလေ ပေါ်ပေါက်တတ်တယ်။ ကျမ်းစာသွန်သင်ချက်ကို လက်တွေ့ကျင့်သုံးခြင်းက ပဋိပက္ခတွေ ပြေလည်ဖို့နဲ့ ပြန်လည်သင့်မြတ်မှုရရှိဖို့ ကျွန်တော်တို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ဖော်ပြတယ်။”