မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁
မဿဲ ၂၄:၃ ကိုဖတ်ပါ။ ထို့နောက် ဤသို့ပြောပါ– “ဒီမေးခွန်းက ကမ္ဘာမြေကြီးရဲ့အဆုံးနဲ့ပတ်သက်တယ်လို့ တချို့က ယူဆကြတယ်။ ကမ္ဘာမြေကြီး ဖျက်ဆီးခံရမယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုရဲ့အဖြေက ကမ္ဘာမြေကြီးရဲ့အဆုံးကိုမဟုတ်ဘဲ တခြားအရာတစ်ခုခုရဲ့အဆုံးကို စောင့်မျှော်စေပါတယ်။ ဒီအကြောင်းကို စာမျက်နှာ ၁၆ ကဆောင်းပါးမှာ ထပ်မံဆန်းစစ်ထားပါတယ်။”
နိုးလော့! မေ
“ဘုရားရဲ့စိတ်တော်နဲ့တွေ့ရင် ဘုရားက ကျွန်တော်တို့ကို ရုပ်ပစ္စည်းတွေ အများကြီးပေးမယ်လို့ ဘာသာရေးခေါင်းဆောင်တချို့က သွန်သင်ကြတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့လူကောင်းတွေကို မိတ်ဆွေ သိကောင်းသိပါလိမ့်မယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ချမ်းသာကြွယ်ဝစေချင်တယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေဗြဲ ၁၃:၅ ကိုဖတ်ပါ။] ကျွန်တော်တို့ကို ဘုရားဘယ်လိုကောင်းချီးပေးတယ်ဆိုတာ ဒီဆောင်းပါးမှာ ရှင်းပြထားပါတယ်။” စာမျက်နှာ ၁၂ မှဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် ဇွန် ၁
“ကနေ့ သားသမီးပြုစုပျိုးထောင်ခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်အလိုဆန္ဒကို ဖြည့်ဆည်းခြင်းနဲ့ဆိုင်တဲ့ ကိုယ့်ဘာသာကိုယ်လေ့လာရတဲ့ လမ်းညွှန်စာအုပ်တွေကို လူကြိုက်များကြတယ်။ အဲဒီစာအုပ်တွေဟာ အထောက်အကူရတယ်လို့ မိတ်ဆွေမြင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယုံကြည်အားထားရတဲ့ အကြံဉာဏ်ရဲ့ ဒီရင်းမြစ်ကို လူအများက လျစ်လျူရှုကြတယ်။ [၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက သမ္မာကျမ်းစာကို ကျွန်တော်တို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်တယ်ဆိုတာကို ရှင်းပြပြီး ကျမ်းစာမှာပါတဲ့ လက်တွေ့ကျအကြံဉာဏ်နဲ့ဆိုင်တဲ့ ဥပမာတွေလည်း ဖော်ပြပေးထားပါတယ်။”
နိုးလော့! ဇွန်
“မိတ်ဆွေသိတဲ့အတိုင်း ကိုယ်ဝန်ဖျက်ချခြင်းဟာ မှန်သလား၊ မှားသလားဆိုတာကို အကြီးအကျယ် အငြင်းပွားနေကြတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတဲ့သူတစ်ယောက်ကို ကျမ်းစာက ကူညီပေးနိုင်တယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျမ်းစာပြောဆိုရာကို ဖော်ပြပေးထားပါတယ်။”